မော်ရင်ဟိုရောက်မလာခင် နည်းစနစ်ဘုတ်ပြားပေါ်က ပိုချက်တီနိုရဲ့နောက်ဆုံးနှုတ်ဆက်စာ

photo-daily mail

photo-social media

ထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုဟာ နည်းပြသစ်မော်ရင်ဟိုရောက်မလာခင် အသင်းရဲ့နည်းစနစ်ဘုတ်ပြားပေါ်မှာ စပါးကစားသမားတွေအတွက် နောက်ဆုံးနှုတ်ဆက်စာရေးပြီး ချန်ထားခဲ့ပါတယ်။ အဲဒီအာဂျင်တီးနားသားရဲ့ ၅ နှစ်ခွဲကြာ စပါးနည်းပြဘဝဟာ ပြီးခဲ့တဲ့အင်္ဂါညမှာ အဆုံးသတ်ခဲ့ပြီး စပါးအသင်းဥက္ကဌလီဗိုင်းဟာ ချက်ချင်းပဲ နောက်တစ်နေ့မနက်မှာ မော်ရင်ဟိုနဲ့အစားထိုးလိုက်တာပါ။ ပိုချက်တီနိုဟာ သူ့အသင်းသားတွေကို နှုတ်ဆက်ခွင့်တောင် ရမသွားရှာခဲ့ပါဘူး။

photo-social media

တစ်ယောက်ချင်းစီ မျက်နှာချင်းဆိုင် နှုတ်ဆက်ဖို့ အချိန်မရတော့တာကြောင့် ပိုချက်တီနိုဟာ အသင်းရဲ့နည်စနစ်ဘုတ်ပြားပေါ်မှာ ဆော့ပင်နဲ့ရေးပြီး အခုလိုပဲ နှုတ်ဆက်ခဲ့ရပါတယ်။ ”မင်းတို့အားလုံးကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ ငါတို့နှုတ်ဆက်စကားပြောလို့ မရနိုင်တော့ဘူး။ ငါတို့ရဲ့နှလုံးသားထဲမှာ မင်းတို့အမြဲရှိနေမှာပါ”လို့ နည်းစနစ်ဘုတ်ပြားပေါ်မှာ ပိုချက်တီနိုက ရေးခဲ့ပြီး အဲဒီစာအောက်မှာလည်း သူ့လက်မှတ်ကိုရေးထိုးခဲ့ပါတယ်။

photo-gettyimages

စပါးကစားသမားတွေအတွက် ပိုချက်တီနိုရဲ့နောက်ဆုံးနှုတ်ဆက်စာရေးပုံကို သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ဂျီးဆပ်ပီရက်ဇ်က ဓာတ်ပုံမှတ်တမ်းတင်ခဲ့ပြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ပြန်လည်မျှဝေခဲ့တာပါ။ နှုတ်ဆက်စာရေးနေချိန်မှာ ပိုချက်တီနိုဟာ စပါးအသင်းလေ့ကျင့်ရေးဝတ်စုံနဲ့ပါ။ နိုင်ငံတကာကြားဖြတ်ကြောင့် ပထမအသင်းကစားသမားတွေဟာ ဗုဒ္ဓဟူးနေ့တိုင်အောင် အသင်းကိုရောက်လာခြင်း မရှိသေးပါဘူး။ အဲဒီအချိန်က အများစုဟာ နိုင်ငံအသင်းရောက်နေကြချိန်ဖြစ်ပြီး ဘင်ဒေးဗီးစ်နဲ့အယ်ဒါဝီရယ်တို့လိုကစားသမားတွေဟာ ပိုချက်တီနိုထုတ်ပယ်ခံရမှုကို သူတို့ရဲ့ပွဲတွေအပြီး သတင်းစာမျက်နှာတွေပေါ်ကသာ စသိကြရတာပါ။

[Zawgyi]

ေမာ္ရင္ဟိုေရာက္မလာခင္ နည္းစနစ္ဘုတ္ျပားေပၚက ပိုခ်က္တီႏိုရဲ႕ေနာက္ဆုံးႏႈတ္ဆက္စာ

ထုတ္ပယ္ခံလိုက္ရတဲ့ ပိုခ်က္တီႏိုဟာ နည္းျပသစ္ေမာ္ရင္ဟုိေရာက္မလာခင္ အသင္းရဲ႕နည္းစနစ္ဘုတ္ျပားေပၚမွာ စပါးကစားသမားေတြအတြက္ ေနာက္ဆုံးႏႈတ္ဆက္စာေရးၿပီး ခ်န္ထားခဲ့ပါတယ္။ အဲဒီအာဂ်င္တီးနားသားရဲ႕ ၅ ႏွစ္ခြဲၾကာ စပါးနည္းျပဘ၀ဟာ ၿပီးခဲ့တဲ့အဂၤါညမွာ အဆုံးသတ္ခဲ့ၿပီး စပါးအသင္းဥကၠဌလီဗိုင္းဟာ ခ်က္ခ်င္းပဲ ေနာက္တစ္ေန႔မနက္မွာ ေမာ္ရင္ဟုိနဲ႔အစားထုိးလိုက္တာပါ။ ပိုခ်က္တီႏိုဟာ သူ႔အသင္းသားေတြကို ႏႈတ္ဆက္ခြင့္ေတာင္ ရမသြားရွာခဲ့ပါဘူး။

တစ္ေယာက္ခ်င္းစီ မ်က္ႏွာခ်င္းဆိုင္ ႏႈတ္ဆက္ဖို႔ အခ်ိန္မရေတာ့တာေၾကာင့္ ပိုခ်က္တီႏိုဟာ အသင္းရဲ႕နည္စနစ္ဘုတ္ျပားေပၚမွာ ေဆာ့ပင္နဲ႔ေရးၿပီး အခုလိုပဲ ႏႈတ္ဆက္ခဲ့ရပါတယ္။ ”မင္းတုိ႔အားလုံးကို ေက်းဇူးအႀကီးႀကီးတင္ပါတယ္။ ငါတုိ႔ႏႈတ္ဆက္စကားေျပာလုိ႔ မရႏိုင္ေတာ့ဘူး။ ငါတုိ႔ရဲ႕ႏွလုံးသားထဲမွာ မင္းတုိ႔အၿမဲရွိေနမွာပါ”လို႔ နည္းစနစ္ဘုတ္ျပားေပၚမွာ ပိုခ်က္တီႏိုက ေရးခဲ့ၿပီး အဲဒီစာေအာက္မွာလည္း သူ႔လက္မွတ္ကိုေရးထိုးခဲ့ပါတယ္။

စပါးကစားသမားေတြအတြက္ ပိုခ်က္တီႏိုရဲ႕ေနာက္ဆုံးႏႈတ္ဆက္စာေရးပုံကို သူ႔ရဲ႕လက္ေထာက္ျဖစ္တဲ့ ဂ်ီးဆပ္ပီရက္ဇ္က ဓာတ္ပုံမွတ္တမ္းတင္ခဲ့ၿပီး ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ျပန္လည္မွ်ေ၀ခဲ့တာပါ။ ႏႈတ္ဆက္စာေရးေနခ်ိန္မွာ ပိုခ်က္တီႏိုဟာ စပါးအသင္းေလ့က်င့္ေရး၀တ္စုံနဲ႔ပါ။ ႏိုင္ငံတကာၾကားျဖတ္ေၾကာင့္ ပထမအသင္းကစားသမားေတြဟာ ဗုဒၶဟူးေန႔တိုင္ေအာင္ အသင္းကိုေရာက္လာျခင္း မရွိေသးပါဘူး။ အဲဒီအခ်ိန္က အမ်ားစုဟာ ႏိုင္ငံအသင္းေရာက္ေနၾကခ်ိန္ျဖစ္ၿပီး ဘင္ေဒးဗီးစ္နဲ႔အယ္ဒါ၀ီရယ္တို႔လိုကစားသမားေတြဟာ ပိုခ်က္တီႏိုထုတ္ပယ္ခံရမႈကို သူတို႔ရဲ႕ပြဲေတြအၿပီး သတင္းစာမ်က္ႏွာေတြေပၚကသာ စသိၾကရတာပါ။