မီလန်မြို့မှာနေထိုင်ဖို့ ရှာကာ အိမ်ရှာနေပြီလို့သတင်းထွက်

PC ; Internet

အာဆင်နယ်ကွင်းလယ်ကစားသမားရှာကာဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာ လက်ရှိအသင်းကနေထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ ဗြိတိန်သတင်းစာ Dailymail က ဖေါ်ပြသွားပါတယ်။ပဲလေ့စ်နဲ့ ၂ဂိုးစီသရေကျတဲ့ပွဲမှာ လူစားလဲခံရတဲ့နောက် ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ရိုင်းပြစွာတုံ့ပြန်ခဲ့တဲ့ ရှာကာဟာ အသင်းခေါင်းဆောင်ရာထူးကနေဖယ်ရှားခံလိုက်ရသလို ပွဲစဉ်အချို့ကိုလည်းကစားခွင့်မရခဲ့ပါဘူး။လက်ရှိအချိန်မှာ ဆွစ်ဇာလန်ကွင်းလယ်လူဟာ မီလန်မြို့မှာနေထိုင်ဖို့ အိမ်တစ်လုံးရှာဖွေနေသလို အာဆင်နယ်အမှုဆောင်ဟောင်းဂါဇီဒစ်ကလည်း အေစီမီလန်ကိုခေါ်ယူဖို့ စတင်လှုပ်ရှားနေတယ်လို့ RSI သတင်းဌာနကရေးသားလိုက်ပါတယ်။

PC ; Internet

အေစီမီလန်မှာ အမှုဆောင်တစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ဂါဇီဒစ်ဟာ ရှာကာကို ၂၀၁၆တုန်းက ဂလက်ဘတ်ကနေ အာဆင်နယ်ဆီခေါ်ယူရာမှာ အဓိကနေရာကပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။အာဆင်နယ်အတွက် နောက်ဆုံး ၄ပွဲမှာ ပါဝင်ခွင့်မရခဲ့တဲ့ ရှာကာ ပြန်ကစားခွင့်ရမယ့်အချိန်ကို နည်းပြအမ်မရီဘက်က အာမခံချက်မပေးနိုင်ခဲ့တာကြောင့် ကစားသမားဘက်ကလည်း အသင်းကိုကျောခိုင်းဖို့ အမြန်ဆုံးစီစဉ်လာနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။

PC ; Internet

အမ်မရီက “သူ ကျွန်တော်တို့နဲ့ပြန်လက်တွဲရမယ့်အချိန်ကို မပြောတတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့စိတ်ကူးထဲမှာ ကျွန်တော်တို့ကိုကူညီပြီး အသင်းရဲ့ဂျာစီကိုကာကွယ်ပေးလိုစိတ် ရှိ၊ မရှိကိုမသိလို့ပါ။ အချိန်ကသာ အဖြေပေးသွားမယ်လို့ထင်ပါတယ်။ တကယ်လို့အသင်းရဲ့အစုအဖွဲ့ထဲကို ပြန်ထည့်လိုက်ပြီဆိုရင်တော့ သူ့ဘက်က ကျွန်တော်တို့ကိုရာနှုန်းပြည့်ကူညီချင်စိတ်ရှိလာတဲ့အချိန်ပဲဖြစ်ပါလိမ့်မယ်” လို့ အမ်မရီက ပြောထားပါတယ်။

PC ; Internet

ရှာကာကတော့ ပဲလေ့စ်နဲ့ပွဲမှာ စတုတ္ထဒိုင်ရဲ့လူစားလဲဆိုင်းဘုတ်မှာ သူ့နံပါတ်ပေါ်လာချိန် အာဆင်နယ်ပရိသတ်တွေရဲ့ ဝမ်းသာတဲ့ပုံစံအပြုအမူက သူ့ကိုနာကျင်အံ့သြစေတယ်လို့ ဖွင့်ဟထားပါတယ်။

(zawgyi)

အာဆင္နယ္ကြင္းလယ္ကစားသမားရွာကာဟာ လာမယ့္ဇန္န၀ါရီေစ်းကြက္မွာ လက္ရွိအသင္းကေနထြက္ခြာႏိုင္ဖြယ္ရွိတယ္္လို႔ ၿဗိတိန္သတင္းစာ Dailymail က ေဖၚျပသြားပါတယ္။ပဲေလ့စ္နဲ႔ ၂ဂိုးစီသေရက်တဲ့ပြဲမွာ လူစားလဲခံရတဲ့ေနာက္ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈကို ရိုင္းျပစြာတံု႔ျပန္ခဲ့တဲ့ ရွာကာဟာ အသင္းေခါင္းေဆာင္ရာထူးကေနဖယ္ရွားခံလိုက္ရသလို ပြဲစဥ္အခ်ိဳ႔ကိုလည္းကစားခြင့္မရခဲ့ပါဘူး။လက္ရွိအခ်ိန္မွာ ဆြစ္ဇာလန္ကြင္းလယ္လူဟာ မီလန္ၿမိဳ႔မွာေနထိုင္ဖို႔ အိမ္တစ္လံုးရွာေဖြေနသလို အာဆင္နယ္အမႈေဆာင္ေဟာင္းဂါဇီဒစ္ကလည္း ေအစီမီလန္ကိုေခၚယူဖို႔ စတင္လႈပ္ရွားေနတယ္လို႔ RSI သတင္းဌာနကေရးသားလိုက္ပါတယ္။ေအစီမီလန္မွာ အမႈေဆာင္တစ္ေယာက္အျဖစ္ ေဆာင္ရြက္ေနတဲ့ဂါဇီဒစ္ဟာ ရွာကာကို ၂၀၁၆တုန္းက ဂလက္ဘတ္ကေန အာဆင္နယ္ဆီေခၚယူရာမွာ အဓိကေနရာကပါ၀င္ခဲ့သူလည္းျဖစ္ပါတယ္။အာဆင္နယ္အတြက္ ေနာက္ဆံုး ၄ပြဲမွာ ပါ၀င္ခြင့္မရခဲ့တဲ့ ရွာကာ ျပန္ကစားခြင့္ရမယ့္အခ်ိန္ကို နည္းျပအမ္မရီဘက္က အာမခံခ်က္မေပးႏိုင္ခဲ့တာေၾကာင့္ ကစားသမားဘက္ကလည္း အသင္းကိုေက်ာခိုင္းဖို႔ အျမန္ဆံုးစီစဥ္လာႏိုင္တယ္လို႔ သတင္းေတြကဆိုပါတယ္။အမ္မရီက “သူ ကၽြန္ေတာ္တို႔နဲ႔ျပန္လက္တြဲရမယ့္အခ်ိန္ကို မေျပာတတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ရဲ႔စိတ္ကူးထဲမွာ ကၽြန္ေတာ္တို႔ကိုကူညီျပီး အသင္းရဲ႔ဂ်ာစီကိုကာကြယ္ေပးလိုစိတ္ ရွိ၊ မရွိကိုမသိလို႔ပါ။ အခ်ိန္ကသာ အေျဖေပးသြားမယ္လို႔ထင္ပါတယ္။ တကယ္လို႔အသင္းရဲ႔အစုအဖြဲ႔ထဲကို ျပန္ထည့္လိုက္ျပီဆိုရင္ေတာ့ သူ႔ဘက္က ကၽြန္ေတာ္တို႔ကိုရာႏွဳန္းျပည့္ကူညီခ်င္စိတ္ရွိလာတဲ့အခ်ိန္ပဲျဖစ္ပါလိမ့္မယ္” လို႔ အမ္မရီက ေျပာထားပါတယ္။ရွာကာကေတာ့ ပဲေလ့စ္နဲ႔ပြဲမွာ စတုတၳဒိုင္ရဲ႕လူစားလဲဆိုင္းဘုတ္မွာ သူ႔နံပါတ္ေပၚလာခ်ိန္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ၀မ္းသာတဲ့ပံုစံအျပဳအမူက သူ႔ကိုနာက်င္အံ့ၾသေစတယ္လို႔ ဖြင့္ဟထားပါတယ္။