မိတ်ဆွေမီဟိုင်းလိုဗစ်ကိုင်တွယ်နေတဲ့ ဘိုလော့နာကို အီဘရာဟီမိုဗစ် ရောက်မယ်လို့ ရေပန်းစား

PC ; Internet

ဆွီဒင်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ကို စီးရီးအေကလပ်ဘိုလော့နာ ခေါ်ယူနိုင်လိမ့်မယ်လို့ အံ့အားသင့်စရာကောင်းလောက်အောင် ရေပန်းစားနေပါတယ်။အီဘရာဟီမိုဗစ်ဟာ လာမယ့်ဒီဇင်ဘာလမှာ မေဂျာလိဂ်ကလပ်အယ်လ်အေဂလက်ဆီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။အသက် ၃၈နှစ်အရွယ် ဆွီဒင်သားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရမှာဖြစ်ပြီး အသင်းဟောင်းမန်ယူအပါအဝင် အေစီမီလန်နဲ့နာပိုလီတို့က ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေပေမယ့် ဘိုလော့နာကိုရောက်ဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ သတင်းထွက်လာခဲ့တာပါ။

PC ; Internet

ကာယကံရှင်ကလည်း အသင်းဟောင်းတွေဖြစ်တဲ့ အေစီမီလန်၊မန်ယူတို့ထက် ဘိုလော့နာကိုသာ ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။သူဟာ လော့စ်အိန်ဂျယ်လိစ်အခြေစိုက်ကလပ်မှာ ၂ရာသီကြာကျင်လည်ခဲ့ပြီး ထိပ်တန်းအဆင့်ခြေစွမ်းမျိုး ဆက်လက်ပြသနေသူဖြစ်ပါတယ်။အယ်လ်အေဂလက်ဆီအတွက် ၅၈ပွဲမှာ ၅၃ဂိုးသွင်းပေးနိုင်ခဲ့တဲ့နောက် ဥရောပကိုတစ်ကျော့ပြန်ခြေချဖို့ စဉ်းစားနေသူလည်းဖြစ်ပါတယ်။

PC ; Internet

ဘိုလော့နာဟာ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့်-၁၅နေရာရောက်နေပေမယ့် နည်းပြမီဟိုင်းလိုဗစ်နဲ့အီဘရာဟီမိုဗစ်တို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာကြောင့်လည်း ဒီအပြောင်းအရွှေ့ဖြစ်နိုင်ချေများတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။“ အီတလီ ဒါမှမဟုတ် တစ်ခြားနိုင်ငံတွေမှာ မတူညီတာတွေကိုကျွန်တော်လုပ်ပြနိုင်စွမ်းရှိနေဆဲပါ။ အဲ့ဒီမှာကစားနေသူတွေထက် ပိုကောင်းအောင်လုပ်ပြနိုင်စွမ်းရှိပါသေးတယ်” လို့ ဆွီဒင်သားက ပြီးခဲ့တဲ့လတုန်းက ပြောခဲ့ဖူးပါတယ်။

PC ; Internet

အထူးသဖြင့် သူ့ကိုရဖို့ နာပိုလီအပြင်းအထန်လှုပ်ရှားနေပေမယ့် အီဘရာဟီမိုဗစ်အနေနဲ့တော့ ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ မိတ်ဆွေဖြစ်သူ မီဟိုင်းလိုဗစ်ရှိရာ ဘိုလော့နာကိုသာ အံ့အားသင့်စရာကောင်းလောက်အောင် ရွေးချယ်သွားလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်နေကြတာပါ။

(zawgyi)

ဆြီဒင္တိုက္စစ္မွဴးအီဘရာဟီမိုဗစ္ကို စီးရီးေအကလပ္ဘိုေလာ့နာ ေခၚယူႏိုင္လိမ့္မယ္လို႔ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေရပန္းစားေနပါတယ္။အီဘရာဟီမိုဗစ္ဟာ လာမယ့္ဒီဇင္ဘာလမွာ ေမဂ်ာလိဂ္ကလပ္အယ္လ္ေအဂလက္ဆီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္ပါတယ္။အသက္ ၃၈ႏွစ္အရြယ္ ဆြီဒင္သားဟာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ထြက္ခြာခြင့္ရမွာျဖစ္ၿပီး အသင္းေဟာင္းမန္ယူအပါအ၀င္ ေအစီမီလန္နဲ႔နာပိုလီတို႔က ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္ေနေပမယ့္ ဘိုေလာ့နာကိုေရာက္ဖို႔ အနီးစပ္ဆံုးျဖစ္ေနတယ္လို႔ သတင္းထြက္လာခဲ့တာပါ။ကာယကံရွင္ကလည္း အသင္းေဟာင္းေတြျဖစ္တဲ့ ေအစီမီလန္၊မန္ယူတို႔ထက္ ဘိုေလာ့နာကိုသာ ေျပာင္းေရႊ႔ဖို႔စိတ္၀င္စားေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။သူဟာ ေလာ့စ္အိန္ဂ်ယ္လိစ္အေျခစိုက္ကလပ္မွာ ၂ရာသီၾကာက်င္လည္ခဲ့ၿပီး ထိပ္တန္းအဆင့္ေျခစြမ္းမ်ိဳး ဆက္လက္ျပသေနသူျဖစ္ပါတယ္။အယ္လ္ေအဂလက္ဆီအတြက္ ၅၈ပြဲမွာ ၅၃ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ေနာက္ ဥေရာပကိုတစ္ေက်ာ့ျပန္ေျခခ်ဖို႔ စဥ္းစားေနသူလည္းျဖစ္ပါတယ္။ဘိုေလာ့နာဟာ စီးရီးေအအမွတ္ေပးဇယားမွာ အဆင့္-၁၅ေနရာေရာက္ေနေပမယ့္ နည္းျပမီဟိုင္းလိုဗစ္နဲ႔အီဘရာဟီမိုဗစ္တို႔ၾကားမွာ ရင္းႏွီးတဲ့ဆက္ဆံေရးရွိေနတာေၾကာင့္လည္း ဒီအေျပာင္းအေရႊ႔ျဖစ္ႏိုင္ေခ်မ်ားတယ္လို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။“ အီတလီ ဒါမွမဟုတ္ တစ္ျခားႏိုင္ငံေတြမွာ မတူညီတာေတြကိုကၽြန္ေတာ္လုပ္ျပႏိုင္စြမ္းရွိေနဆဲပါ။ အဲ့ဒီမွာကစားေနသူေတြထက္ ပိုေကာင္းေအာင္လုပ္ျပႏိုင္စြမ္းရွိပါေသးတယ္” လို႔ ဆီြဒင္သားက ၿပီးခဲ့တဲ့လတုန္းက ေျပာခဲ့ဖူးပါတယ္။အထူးသျဖင့္ သူ႔ကိုရဖို႔ နာပိုလီအျပင္းအထန္လႈပ္ရွားေနေပမယ့္ အီဘရာဟီမိုဗစ္အေနနဲ႔ေတာ့ ကင္ဆာေရာဂါေ၀ဒနာခံစားေနရတဲ့ မိတ္ေဆြျဖစ္သူ မီဟိုင္းလိုဗစ္ရွိရာ ဘိုေလာ့နာကိုသာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေရြးခ်ယ္သြားလိမ့္မယ္လို႔ မီဒီယာေတြက သံုးသပ္ေနၾကတာပါ။