မန်ယူကသာ မန်စီးတီးရဲ့အဓိကပြိုင်ဘက်အမြဲဖြစ်နေလိမ့်မယ်လို့ ဆိုလိုက်တဲ့အဂူရို

photo-gettyimages

photo-gettyimages

မကြာသေးခင်နှစ်တွေအတွင်း ချန်ပီယံဆုအတွက် လီဗာပူးနဲ့အဓိကယှဉ်ပြိုင်လာရပေမယ့် မြို့ခံပြိုင်ဘက်မန်ယူကသာ မန်စီးတီးရဲ့အဓိကပြိုင်ဘက်အဖြစ်အမြဲရှိနေလိမ့်မယ်လို့ မန်စီးတီးတိုက်စစ်မှုးအဂူရိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ လက်ရှိချန်ပီယံမန်စီးတီးဟာ လာမယ့်တနင်္ဂနွေနေ့မှာ အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရဖို့ ရှိပါတယ်။ အဲဒါဟာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်လည်း ဖြစ်လာနိုင်ပါတယ်။

photo-gettyimages

”လီဗာပူးဟာ အမြဲတမ်းရင်ဆိုင်ရခက်တဲ့ပြိုင်ဘက်တစ်သင်းပါ။ ဒါပေမဲ့ ကျွန်တော်စရောက်လာတုန်းက ချန်ပီယံဆုအတွက် အဓိကတိုက်ပွဲဝင်ခဲ့ရတဲ့အသင်းက မန်ယူပါ။ မန်စီးတီး-လီဗာပူးဟာ ရုပ်သံတွေအတွက် အယ်ကလက်စီကိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အယ်ကလက်စီကိုကတော့ မန်ယူနဲ့ပွဲပါပဲ။ ချန်ပီယံဆုအတွက် အစက မန်ယူနဲ့ဆိုပေမယ့် နောက်ပိုင်းမှာ ချဲလ်ဆီးနဲ့လည်း ယှဉ်ပြိုင်ခဲ့ရတယ်။ နောက်ဆုံး ၄ ရာသီမှာတော့ လီဗာပူးဟာ အရမ်းကိုတောင့်တင်းတဲ့အသင်းဖြစ်လာပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခု သူတို့နဲ့ယှဉ်ပြိုင်နေရပါပြီ။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ကိုနာကျင်စေနိုင်တဲ့ တစ်သင်းတည်းသောအသင်းပါပဲ”လို့ အဂူရိုက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

photo-gettyimages

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့မန်စီးတီးတို့အကြား ၆ မှတ်တောင် ကွာဟနေတာပါ။ မန်စီးတီးအနေနဲ့ ချန်ပီယံဆုကိုကာကွယ်ချင်တယ်ဆိုရင် အဲဒီကွာဟချက်ကို မဖြစ်မနေလျှော့ချနိုင်ရမှာပါ။ ဒါပေမဲ့ မန်စီးတီးဟာ မြို့ခံပြိုင်ဘက်မန်ယူကိုတော့ ၁၂ မှတ်ဖြတ်ထားပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့အပတ်က ရှုံးပွဲပြန်တွေ့လို့ အဆင့် ၁၀ နေရာကို ဆင်းသွားခဲ့ရတာပါ။

[Zawgyi]

မန္ယူကသာ မန္စီးတီးရဲ႕အဓိကၿပိဳင္ဘက္အၿမဲျဖစ္ေနလိမ့္မယ္လို႔ ဆိုလုိက္တဲ့အဂူရို

မၾကာေသးခင္ႏွစ္ေတြအတြင္း ခ်န္ပီယံဆုအတြက္ လီဗာပူးနဲ႔အဓိကယွဥ္ၿပိဳင္လာရေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကသာ မန္စီးတီးရဲ႕အဓိကၿပိဳင္ဘက္အျဖစ္အၿမဲရွိေနလိမ့္မယ္လုိ႔ မန္စီးတီးတုိက္စစ္မႈးအဂူရိုက အခိုင္အမာေျပာၾကားလုိက္ပါတယ္။ လက္ရွိခ်န္ပီယံမန္စီးတီးဟာ လာမယ့္တနဂၤေႏြေန႔မွာ အမွတ္ေပးဇယားဦးေဆာင္သူလီဗာပူးနဲ႔ အန္ဖီးလ္မွာ သြားေရာက္ရင္ဆိုင္ရဖို႔ ရွိပါတယ္။ အဲဒါဟာ ခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္လည္း ျဖစ္လာႏုိင္ပါတယ္။

”လီဗာပူးဟာ အၿမဲတမ္းရင္ဆိုင္ရခက္တဲ့ၿပိဳင္ဘက္တစ္သငး္ပါ။ ဒါေပမဲ့ ကၽြန္ေတာ္စေရာက္လာတုနး္က ခ်န္ပီယံဆုအတြက္ အဓိကတိုက္ပြဲ၀င္ခဲ့ရတဲ့အသင္းက မန္ယူပါ။ မန္စီးတီး-လီဗာပူးဟာ ရုပ္သံေတြအတြက္ အယ္ကလက္စီကိုျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အတြက္ အယ္ကလက္စီကိုကေတာ့ မန္ယူနဲ႔ပြဲပါပဲ။ ခ်န္ပီယံဆုအတြက္ အစက မန္ယူနဲ႔ဆုိေပမယ့္ ေနာက္ပိုင္းမွာ ခ်ဲလ္ဆီးနဲ႔လည္း ယွဥ္ၿပိဳင္ခဲ့ရတယ္။ ေနာက္ဆုံး ၄ ရာသီမွာေတာ့ လီဗာပူးဟာ အရမ္းကိုေတာင့္တင္းတဲ့အသင္းျဖစ္လာၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အခု သူတို႔နဲ႔ယွဥ္ၿပိဳင္ေနရပါၿပီ။ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ ကၽြန္ေတာ္တို႔ကိုနာက်င္ေစႏိုင္တဲ့ တစ္သင္းတည္းေသာအသင္းပါပဲ”လို႔ အဂူရိုက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။

လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ထိပ္ဆုံးႏွစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔မန္စီးတီးတုိ႔အၾကား ၆ မွတ္ေတာင္ ကြာဟေနတာပါ။ မန္စီးတီးအေနနဲ႔ ခ်န္ပီယံဆုကိုကာကြယ္ခ်င္တယ္ဆိုရင္ အဲဒီကြာဟခ်က္ကို မျဖစ္မေနေလွ်ာ့ခ်ႏိုင္ရမွာပါ။ ဒါေပမဲ့ မန္စီးတီးဟာ ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကိုေတာ့ ၁၂ မွတ္ျဖတ္ထားပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့အပတ္က ရႈံးပြဲျပန္ေတြ႕လို႔ အဆင့္ ၁၀ ေနရာကို ဆင္းသြားခဲ့ရတာပါ။