မန်ဇူကစ်အပြောင်းအရွှေ့အတွက် မန်ယူနဲ့ဆွေးနွေးဖို့ ဂျူဗီဘောလုံးဒါရိုက်တာ လန်ဒန်ရောက်နေ

photo-the sun

photo-gettyimages

ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှုးမန်ဇူကစ်ရဲ့အပြောင်းအရွှေ့အတွက် မန်ယူအသင်းနဲ့ဆွေးနွေးဖို့ သူတို့ရဲ့ဘောလုံးဒါရိုက်တာကို လန်ဒန်မြို့ဆီလွှတ်လိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဂျူဗင်တပ်အသင်းဘောလုံးဒါရိုက်တာဖြစ်တဲ့ ဖေဘီယိုပါရာတီစီဟာ မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ လန်ဒန်မှာ ဆွေးနွေးမှုလုပ်သွားမှာလို့ တူရင်အခြေစိုက်အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ လာစတမ်ပါက ဖော်ပြခဲ့တာပါ။ အဲဒီသတင်းစာရဲ့ဖော်ပြချက်အရတော့ ဂျူဗင်တပ်ရဲ့အဓိကရည်မှန်းချက်ဟာ တိုက်စစ်မှုးမန်ဇူကစ်ကို လက်လွှတ်ရေးလို့ သိရပါတယ်။

photo-gettyimages

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အဲဒီခရိုအေးရှားသားတိုက်စစ်မှုးဟာ နည်းပြဆာရီလက်ထက် ဒီရာသီမှာ တစ်ပွဲမှကို ပါဝင်ကစားရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့လည်း မန်ဇူကစ်ဟာ ပုံစံကောင်းရှိနေရေးအတွက် အသင်းနဲ့မဟုတ်တောင် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေပါတယ်။  မန်ယူနည်းပြဆိုးလ်ရှားဟာ ဝါရင့်တိုက်စစ်မှုးဖြစ်တဲ့ မန်ဇူကစ်ကို ပေါင် ၁၃ သန်းနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

photo-gettyimages

ဒါပေမဲ့လည်း မန်ဇူကစ်ကို လက်လွှတ်ရရေးက အဓိကဦးစားပေးဆိုပေမယ့် ဂျူဗင်တပ်ဟာ မန်ယူကနေ ထွက်ခွာချင်နေတဲ့ ကွင်လယ်လူပေါ့ဂ်ဘာနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ပြင်သစ်သားဟာ မန်ယူက ထွက်ခွာပြီး ဂျူဗင်တပ်ကို တစ်ကျော့ပြန်သွားချင်နေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့တာပါ။ ဒါပေမဲ့ မန်ယူဘက်ကတော့ ပေါ့ဂ်ဘာအတွက် ချဉ်းကပ်မှုမှန်သမျှကို ပယ်ချသွားမယ်လို့ မျှော်လင့်ရပါတယ်။

[Zawgyi]

မန္ဇူကစ္အေျပာင္းအေရႊ႕အတြက္ မန္ယူနဲ႔ေဆြးေႏြးဖုိ႔ ဂ်ဴဗီေဘာလုံးဒါရိုက္တာ လန္ဒန္ေရာက္ေန

ဂ်ဴဗင္တပ္အသင္းဟာ တုိက္စစ္မႈးမန္ဇူကစ္ရဲ႕အေျပာင္းအေရႊ႕အတြက္ မန္ယူအသင္းနဲ႔ေဆြးေႏြးဖို႔ သူတုိ႔ရဲ႕ေဘာလုံးဒါရိုက္တာကို လန္ဒန္ၿမိဳ႕ဆီလႊတ္လုိက္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဂ်ဴဗင္တပ္အသင္းေဘာလုံးဒါရိုက္တာျဖစ္တဲ့ ေဖဘီယိုပါရာတီစီဟာ မန္ယူအသင္းတာ၀န္ရွိသူေတြနဲ႔ လန္ဒန္မွာ ေဆြးေႏြးမႈလုပ္သြားမွာလုိ႔ တူရင္အေျခစိုက္အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ လာစတမ္ပါက ေဖာ္ျပခဲ့တာပါ။ အဲဒီသတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ ဂ်ဴဗင္တပ္ရဲ႕အဓိကရည္မွန္းခ်က္ဟာ တိုက္စစ္မႈးမန္ဇူကစ္ကို လက္လႊတ္ေရးလို႔ သိရပါတယ္။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ အဲဒီခရိုေအးရွားသားတိုက္စစ္မႈးဟာ နည္းျပဆာရီလက္ထက္ ဒီရာသီမွာ တစ္ပြဲမွကို ပါ၀င္ကစားရျခင္း မရွိေသးပါဘူး။ ဒါေပမဲ့လည္း မန္ဇူကစ္ဟာ ပုံစံေကာင္းရွိေနေရးအတြက္ အသင္းနဲ႔မဟုတ္ေတာင္ တစ္ဦးတည္းေလ့က်င့္ခန္းဆင္းေနပါတယ္။  မန္ယူနည္းျပဆုိးလ္ရွားဟာ ၀ါရင့္တိုက္စစ္မႈးျဖစ္တဲ့ မန္ဇူကစ္ကို ေပါင္ ၁၃ သန္းနဲ႔ ေခၚယူဖို႔ ဆႏၵရွိေနတာပါ။

ဒါေပမဲ့လည္း မန္ဇူကစ္ကို လက္လႊတ္ရေရးက အဓိကဦးစားေပးဆိုေပမယ့္ ဂ်ဴဗင္တပ္ဟာ မန္ယူကေန ထြက္ခြာခ်င္ေနတဲ့ ကြင္လယ္လူေပါ့ဂ္ဘာနဲ႔ပတ္သက္လုိ႔ စုံစမ္းေမးျမန္းသြားဖုိ႔လည္း ရွိတယ္လို႔ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ျပင္သစ္သားဟာ မန္ယူက ထြက္ခြာၿပီး ဂ်ဴဗင္တပ္ကို တစ္ေက်ာ့ျပန္သြားခ်င္ေနတယ္လုိ႔လည္း သတင္းေတြ ထြက္ခဲ့တာပါ။ ဒါေပမဲ့ မန္ယူဘက္ကေတာ့ ေပါ့ဂ္ဘာအတြက္ ခ်ဥ္းကပ္မႈမွန္သမွ်ကို ပယ္ခ်သြားမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။