မန်စီးတီး၊စပါးတို့နဲ့ပွဲတွေကို လွဲတော့မယ့် မန်ယူရဲ့ခြေစွမ်းပြကွင်းလယ်လူတွမ်မီနေး

photo-gettyimages

photo-gettyimages

သူ့ရဲ့ခြေချင်းဝတ်ဒဏ်ရာကို စကင်ဖတ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် မန်ယူကွင်းလယ်လူတွမ်မီနေးဟာ မန်စီးတီး၊စပါးတို့နဲ့ပွဲတွေကို လွဲတော့မယ်လို့ သိရပါတယ်။ တွမ်မီနေးဟာ ၄ ပတ်လောက်နားရနိုင်တဲ့အခြေအနေမှာရှိလို့ အဲဒီစကော့တလန်သားဟာ ပွဲကြီးပွဲကောင်းတွေအပြင် ရှက်ဖီးယူနိုက်တက်၊ အက်စ်တာနာ၊ အက်စ်တွန်ဗီလာတို့နဲပွဲတွေကိုလည်း လွဲရမှာပါ။ ဒါပေမဲ့ သူ့ဒဏ်ရာဟာ ထပ်မံစစ်ဆေးခံရမှုလုပ်ရဦးမှာပါ။

photo-gettyimages

၂၂ နှစ်အရွယ်တွမ်မီနေးဟာ ပြီးခဲ့တဲ့တနင်္ဂနွေက ဘရိုက်တန်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တာပါ။ တွမ်မီနေးဟာ အဲဒီပွဲမတိုင်ခင် ပါတီဇန်နဲ့ယူရိုပါလိဂ်ပွဲမှာကတည်းက ဒဏ်ရာအနည်းအကျျဥ်းရှိထားတာပါ။ တွမ်မီနေးဟာ ဒီရာသီမန်ယူရဲ့ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး မန်ယူမှာ သူ့ထက် မိနစ်ပိုများကစားရတာဆိုလို့ ဗဟိုနောက်ခံလူမက်ဂွိုင်းယားသာ ရှိတော့တာပါ။

photo-gettyimages

ဘရိုက်တန်နဲ့ပွဲပြီးကတည်းက နည်းပြဆိုးလ်ရှားဟာ တွမ်မီနေးကာလရှည်နားရနိုင်တဲ့အပေါ် စိုးရိမ်ပူပန်နေတာပါ။ လက်ရှိမန်ယူကွင်းလယ်မှာ အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့ ပေါ့ဂ်ဘာကလည်း ဒဏ်ရာကြောင့် ပြန်လည်ကစားနိုင်ခြင်း မရှိသေးပါဘူး။ မန်ယူဟာ နိုင်ငံတကာကြားဖြတ်အပြီး နိုဝင်ဘာ ၂၄ ရက်နေ့မှာ ရှက်ဖီးယူနိုက်တက်နဲ့အဝေးကွင်းသွားကစားရဖို့ရှိပြီး အဲဒီနောက် နိုဝင်ဘာ ၂၈ ရက်မှာ အက်စ်တာနာနဲ့ယူရိုပါလိဂ်ပွဲကန်ရမှာပါ။ ပြီးရင် ဒီဇင်ဘာ ၁ မှာ အက်စ်တွန်ဗီလာ၊ နောက် ၃ ရက်အကြာမှာ စပါး၊ ဒီဇင်ဘာ ၇ မှာ မြို့ခံပြိုင်ဘက်မန်စီးတီးတို့နဲ့ ဆက်လက်ကစားရမှာပါ။

[Zawgyi]

မန္စီးတီး၊စပါးတို႔နဲ႔ပြဲေတြကို လြဲေတာ့မယ့္ မန္ယူရဲ႕ေျခစြမ္းျပကြင္းလယ္လူတြမ္မီေနး

သူ႔ရဲ႕ေျခခ်င္း၀တ္ဒဏ္ရာကို စကင္ဖတ္စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီးေနာက္ မန္ယူကြငး္လယ္လူတြမ္မီေနးဟာ မန္စီးတီး၊စပါးတုိ႔နဲ႔ပြဲေတြကို လြဲေတာ့မယ္လုိ႔ သိရပါတယ္။ တြမ္မီေနးဟာ ၄ ပတ္ေလာက္နားရႏုိင္တဲ့အေျခအေနမွာရွိလုိ႔ အဲဒီစေကာ့တလန္သားဟာ ပြဲႀကီးပြဲေကာင္းေတြအျပင္ ရွက္ဖီးယူႏုိက္တက္၊ အက္စ္တာနာ၊ အက္စ္တြန္ဗီလာတို႔နဲပြဲေတြကိုလည္း လြဲရမွာပါ။ ဒါေပမဲ့ သူ႔ဒဏ္ရာဟာ ထပ္မံစစ္ေဆးခံရမႈလုပ္ရဦးမွာပါ။

၂၂ ႏွစ္အရြယ္တြမ္မီေနးဟာ ၿပီးခဲ့တဲ့တနဂၤေႏြက ဘရိုက္တန္ကို ၃-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ဒဏ္ရာရသြားခဲ့တာပါ။ တြမ္မီေနးဟာ အဲဒီပြဲမတိုင္ခင္ ပါတီဇန္နဲ႔ယူရိုပါလိဂ္ပြဲမွာကတည္းက ဒဏ္ရာအနည္းအက််ဥး္ရွိထားတာပါ။ တြမ္မီေနးဟာ ဒီရာသီမန္ယူရဲ႕ေျခစြမ္းအတည္ၿငိမ္ဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး မန္ယူမွာ သူ႔ထက္ မိနစ္ပိုမ်ားကစားရတာဆိုလို႔ ဗဟုိေနာက္ခံလူမက္ဂြိဳင္းယားသာ ရွိေတာ့တာပါ။

ဘရိုက္တန္နဲဲ႔ပြဲၿပီးကတည္းက နည္းျပဆိုးလ္ရွားဟာ တြမ္မီေနးကာလရွည္နားရႏိုင္တဲ့အေပၚ စုိးရိမ္ပူပန္ေနတာပါ။ လက္ရွိမန္ယူကြင္းလယ္မွာ အဓိကကစားသမားတစ္ေယာက္ျဖစ္တဲ့ ေပါ့ဂ္ဘာကလည္း ဒဏ္ရာေၾကာင့္ ျပန္လည္ကစားႏိုင္ျခင္း မရွိေသးပါဘူး။ မန္ယူဟာ ႏိုင္ငံတကာၾကားျဖတ္အၿပီး ႏို၀င္ဘာ ၂၄ ရက္ေန႔မွာ ရွက္ဖီးယူႏိုက္တက္နဲ႔အေ၀းကြင္းသြားကစားရဖုိ႔ရွိၿပီး အဲဒီေနာက္ ႏို၀င္ဘာ ၂၈ ရက္မွာ အက္စ္တာနာနဲ႔ယူရိုပါလိဂ္ပြဲကန္ရမွာပါ။ ၿပီးရင္ ဒီဇင္ဘာ ၁ မွာ အက္စ္တြန္ဗီလာ၊ ေနာက္ ၃ ရက္အၾကာမွာ စပါး၊ ဒီဇင္ဘာ ၇ မွာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးတို႔နဲ႔ ဆက္လက္ကစားရမွာပါ။