မန်စီးတီးကိုထိခိုက်အောင်လုပ်နိုင်တာ လီဗာပူးတစ်သင်းသာရှိတယ်လို့ အဂူရိုဖွင့်ဟ

PC ; EPA

လက်ရှိပရီးမီးယားလိဂ်မှာ မန်စီးတီးကိုထိခိုက်အောင်လုပ်နိုင်တဲ့အသင်းဟာ လီဗာပူးတစ်သင်းသာရှိတယ်လို့ တိုက်စစ်မှူးအဂူရိုက ဖွင့်ဟလိုက်ပါတယ်။အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ဒီတစ်ပတ် အန်ဖီးလ်ပွဲအတွက် အာဂျင်တီးနားတိုက်စစ်မှူးက သုံးသပ်လိုက်တာပါ။ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ လက်ရှိချန်ပီယံမန်စီးတီးကို ၆မှတ်အထိဖြတ်ထားတာကြောင့် ဒီတစ်ပတ်ထိပ်တိုက်တွေ့ဆုံမှုဟာ မန်ချက်စတာအခြေစိုက်အသင်းအတွက် သိပ်ကိုအရေးကြီးနေပါတယ်။

PC ; Internet

အဂူရိုကလည်း နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးကို ဖိအားအပေးနိုင်ဆုံးအသင်းဟာ လီဗာပူးသာဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။“ ရုပ်သံကနေဆိုရင်တော့ ဒီပွဲက ကလက်ဆီကိုပွဲစဉ်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အတွက် ကလက်ဆီကိုပွဲစဉ်က ယူနိုက်တက်နဲ့ဖြစ်ပါတယ်။ လီဗာပူးဟာအမြဲတမ်းခက်ခဲတဲ့ပြိုင်ဘက်အဖြစ်ရှိခဲ့ပါတယ်။ ကျွန်တော်မန်စီးတီးကိုစရောက်တုန်းက ချန်ပီယံဆုအတွက် ယူနိုက်တက်နဲ့အပြိုင်ကြိုးစားခဲ့ရတာပါ။ နောက်တော့ချဲလ်ဆီးဖြစ်လာပါတယ်။

PC ; Reuters

နောက်ဆုံး ၄ရာသီအတွင်းမှာတော့ လီဗာပူးကအလွန်အင်အားတောင့်တင်းလာသလို အခုဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကျွန်တော်တို့နဲ့အပြိုင်ဖြစ်နေပါပြီ။ ဒီလိဂ်မှာကျွန်တော်တို့ကို ထိခိုက်အောင်လုပ်နိုင်တဲ့တစ်သင်းတည်းသောအသင်းက လီဗာပူးပါပဲ။ ပြီးခဲ့တဲ့ရာသီမှာမလုပ် ဆောင်နိုင်ခဲ့ပေမယ့် သူတို့အားတက်သရောရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ရှေ့ကနေဦးဆောင်နေပြီး အဆုံးအထိဆက်သွားနိုင်ဖို့ကြိုးစားနေပါတယ်” လို့ အသက် ၃၁နှစ်အရွယ် မန်စီးတီးတိုက်စစ်မှူးကဆိုပါတယ်။

(zawgyi)

လက္ရွိပရီးမီးယားလိဂ္မွာ မန္စီးတီးကိုထိခိုက္ေအာင္လုပ္ႏိုင္တဲ့အသင္းဟာ လီဗာပူးတစ္သင္းသာရွိတယ္လို႔ တိုက္စစ္မွဴးအဂူရိုက ဖြင့္ဟလိုက္ပါတယ္။အမွတ္ေပးဇယားထိပ္က လီဗာပူးနဲ႔ရင္ဆိုင္ရမယ့္ ဒီတစ္ပတ္ အန္ဖီးလ္ပြဲအတြက္ အာဂ်င္တီးနားတိုက္စစ္မွဴးက သံုးသပ္လိုက္တာပါ။ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ လက္ရွိခ်န္ပီယံမန္စီးတီးကို ၆မွတ္အထိျဖတ္ထားတာေၾကာင့္ ဒီတစ္ပတ္ထိပ္တိုက္ေတြ႔ဆံုမႈဟာ မန္ခ်က္စတာအေျခစိုက္အသင္းအတြက္ သိပ္ကိုအေရးႀကီးေနပါတယ္။အဂူရိုကလည္း ေနာက္ပိုင္းႏွစ္ေတြမွာ မန္စီးတီးကို ဖိအားအေပးႏိုင္ဆံုးအသင္းဟာ လီဗာပူးသာျဖစ္တယ္လို႔ ၀န္ခံလိုက္ပါတယ္။“ ရုပ္သံကေနဆိုရင္ေတာ့ ဒီပြဲက ကလက္ဆီကိုပြဲစဥ္ပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အတြက္ ကလက္ဆီကိုပြဲစဥ္က ယူႏိုက္တက္နဲ႔ျဖစ္ပါတယ္။ လီဗာပူးဟာအျမဲတမ္းခက္ခဲတဲ့ျပိဳင္ဘက္အျဖစ္ရွိခဲ့ပါတယ္။ ကၽြန္ေတာ္မန္စီးတီးကိုစေရာက္တုန္းက ခ်န္ပီယံဆုအတြက္ ယူႏိုက္တက္နဲ႔အျပိဳင္ၾကိဳးစားခဲ့ရတာပါ။ ေနာက္ေတာ့ခ်ဲလ္ဆီးျဖစ္လာပါတယ္။ ေနာက္ဆံုး ၄ရာသီအတြင္းမွာေတာ့ လီဗာပူးကအလြန္အင္အားေတာင့္တင္းလာသလို အခုဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ကၽြန္ေတာ္တို႔နဲ႔အျပိဳင္ျဖစ္ေနပါျပီ။ ဒီလိဂ္မွာကၽြန္ေတာ္တို႔ကို ထိခိုက္ေအာင္လုပ္ႏိုင္တဲ့တစ္သင္းတည္းေသာအသင္းက လီဗာပူးပါပဲ။ ျပီးခဲ့တဲ့ရာသီမွာမလုပ္ ေဆာင္ႏိုင္ခဲ့ေပမယ့္ သူတို႔အားတက္သေရာရွိခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ကၽြန္ေတာ္တို႔ေရွ႔ကေနဦးေဆာင္ေနျပီး အဆံုးအထိဆက္သြားႏိုင္ဖို႔ၾကိဳးစားေနပါတယ္” လို႔ အသက္ ၃၁ႏွစ္အရြယ္ မန္စီးတီးတိုက္စစ္မွဴးကဆိုပါတယ္။