မက်ဆီဘယ်လောက်ကောင်းကောင်း ပီလီနဲ့သွားနှိုင်းလို့မရကြောင်း ဘရာဇီးနည်းပြပြောလာပြီ

photo-gettyimages

photo-foxsportasia

ထူးခြားဆန်းကျယ်တဲ့ဘရာဇီးဂန္ထဝင်ပီလီနဲ့ မက်ဆီတို့ကြား နှိုင်းယှဉ်မှုဟာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း အခိုင်အမာဆိုခဲ့ပြီးနောက် မက်ဆီဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားကစားသမားဆိုတဲ့ ယူဆမှုတွေကို ဘရာဇီးနည်းပြတစ်တီက ပယ်ချလိုက်ပါတယ်။ မက်ဆီဘယ်လောက်ကောင်းကောင်း ပီလီနဲ့သွားနှိုင်းလို့ မရဘူးဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ဟာ ပီလီရဲ့ဂိုး ၁၀၀၀ ပြည့် နှစ် ၅၀ မြောက်နေ့ဖြစ်ပြီး အဲဒီနေ့မှာပဲ တောင်ကိုရီးယားနဲ့ခြေစမ်းပွဲအတွက် သတင်းစာရှင်းလင်းပွဲမတိုင်ခင် တစ်တီက ပြောကြားလိုက်တာပါ။

photo-gettyimages

”ပီလီဟာ နှိုင်းယှဉ်လို့မရနိုင်တဲ့သူပါ။ ဘယ်ကစားသမားကိုပဲဖြစ်ဖြစ် ပီလီနဲ့နှိုင်းယှဉ်ချင်တဲ့သူရှိရင် ကျွန်တော် ဘာလုပ်လဲ သိလား။ ကြားရင်လည်း နားမထောင်တော့ဘူး။ အဲဒီသူဟာ ပီလီရဲ့သမိုင်းကြောင်းကို မသိလို့ပါပဲ။ ပီလီဟာ ထူးခြားဆန်းကျယ်ခဲ့ပါတယ်။ မက်ဆီကလည်း သာမန်ထက်ထူးတယ်လို့ ကျွန်တော် တစ်ခါက ပြောခဲ့ဖူးတယ်။ ကျွန်တော်ဆိုလိုတာက ဒီကနေ့အချိန်နဲ့ လက်ရှိလူတွေထဲမှာပါ။ ပီလီကတော့ သာမန်ပုံစံထဲက ကွဲထွက်ပါတယ်။ ဘရာဇီးသားမို့ ကျွန်တော်ဒီလိုပြောတာ မဟုတ်ပါဘူး။ ပီလီနဲ့ပတ်သက်လို့ အပြစ်အနာအဆာ ရှာလို့ မရနိုင်ဘူးလေ။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ဆီလာပြီး နှိုင်းယှဉ်မှုလုပ်လာရင် ကျွန်တော့်အတွက်ကတော့ ယုံကြည်လက်ခံနိုင်စရာမရှိပါဘူး”လို့ တစ်တီက ပြောကြားခဲ့တာပါ။

photo-gettyimages

ဆော်ဒီမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲတုန်းက မက်ဆီနဲ့ပြသနာတက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တစ်တီက အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ သူ့ကို ပါးစပ်ပိတ်နေဖို့ အမူအယာနဲ့ပြောခဲ့တဲ့မက်ဆီအပေါ် တစ်တီတစ်ယောက် လုံးဝကျေနပ်ပုံမရပါဘူး။ မက်ဆီကလည်း ခြေစမ်းပွဲဟုတ်ဟုတ်မဟုတ်ဟုတ် ဘရာဇီးကိုနိုင်တဲ့ပွဲတိုင်း ချိုမြိန်တယ်လို့ ပြောထားတာပါ။

[Zawgyi]

မက္ဆီဘယ္ေလာက္ေကာင္းေကာင္း ပီလီနဲ႔သြားႏႈိင္းလို႔မရေၾကာင္း ဘရာဇီးနည္းျပေျပာလာၿပီ

ထူးျခားဆန္းက်ယ္တဲ့ဘရာဇီးဂႏၳ၀င္ပီလီနဲ႔ မက္ဆီတုိ႔ၾကား ႏႈိင္းယွဥ္မႈဟာ လက္ခံႏိုင္ဖြယ္ရာမရွိေၾကာင္း အခုိင္အမာဆုိခဲ့ၿပီးေနာက္ မက္ဆီဟာ သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားကစားသမားဆိုတဲ့ ယူဆမႈေတြကုိ ဘရာဇီးနည္းျပတစ္တီက ပယ္ခ်လိုက္ပါတယ္။ မက္ဆီဘယ္ေလာက္ေကာင္းေကာင္း ပီလီနဲ႔သြားႏႈိင္းလို႔ မရဘူးဆိုတဲ့ သေဘာလည္း ျဖစ္ပါတယ္။ ႏို၀င္ဘာ ၁၉ ရက္ေန႔ဟာ ပီလီရဲ႕ဂိုး ၁၀၀၀ ျပည့္ ႏွစ္ ၅၀ ေျမာက္ေန႔ျဖစ္ၿပီး အဲဒီေန႔မွာပဲ ေတာင္ကုိရီးယားနဲ႔ေျခစမ္းပြဲအတြက္ သတင္းစာရွင္းလင္းပြဲမတုိင္ခင္ တစ္တီက ေျပာၾကားလုိက္တာပါ။

”ပီလီဟာ ႏႈိင္းယွဥ္လုိ႔မရႏိုင္တဲ့သူပါ။ ဘယ္ကစားသမားကုိပဲျဖစ္ျဖစ္ ပီလီနဲ႔ႏႈိင္းယွဥ္ခ်င္တဲ့သူရွိရင္ ကၽြန္ေတာ္ ဘာလုပ္လဲ သိလား။ ၾကားရင္လည္း နားမေထာင္ေတာ့ဘူး။ အဲဒီသူဟာ ပီလီရဲ႕သမိုင္းေၾကာင္းကို မသိလုိ႔ပါပဲ။ ပီလီဟာ ထူးျခားဆန္းက်ယ္ခဲ့ပါတယ္။ မက္ဆီကလည္း သာမန္ထက္ထူးတယ္လို႔ ကၽြန္ေတာ္ တစ္ခါက ေျပာခဲ့ဖူးတယ္။ ကၽြန္ေတာ္ဆိုလိုတာက ဒီကေန႔အခ်ိန္နဲ႔ လက္ရွိလူေတြထဲမွာပါ။ ပီလီကေတာ့ သာမန္ပုံစံထဲက ကြဲထြက္ပါတယ္။ ဘရာဇီးသားမို႔ ကၽြန္ေတာ္ဒီလိုေျပာတာ မဟုတ္ပါဘူး။ ပီလီနဲ႔ပတ္သက္လို႔ အျပစ္အနာအဆာ ရွာလုိ႔ မရႏိုင္ဘူးေလ။ တကယ္လုိ႔ တစ္ေယာက္ေယာက္က ကၽြန္ေတာ့္ဆီလာၿပီး ႏႈိင္းယွဥ္မႈလုပ္လာရင္ ကၽြန္ေတာ့္အတြက္ကေတာ့ ယုံၾကည္လက္ခံႏိုင္စရာမရွိပါဘူး”လုိ႔ တစ္တီက ေျပာၾကားခဲ့တာပါ။

ေဆာ္ဒီမွာ ကစားခဲ့တဲ့ ေျခစမ္းပြဲတုန္းက မက္ဆီနဲ႔ျပသနာတက္ခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ တစ္တီက အခုလိုေျပာလိုက္တာ ျဖစ္ပါတယ္။ သူ႔ကို ပါးစပ္ပိတ္ေနဖို႔ အမူအယာနဲ႔ေျပာခဲ့တဲ့မက္ဆီအေပၚ တစ္တီတစ္ေယာက္ လုံး၀ေက်နပ္ပုံမရပါဘူး။ မက္ဆီကလည္း ေျခစမး္ပြဲဟုတ္ဟုတ္မဟုတ္ဟုတ္ ဘရာဇီးကိုႏိုင္တဲ့ပြဲတိုင္း ခ်ိဳၿမိန္တယ္လို႔ ေျပာထားတာပါ။