မက်ဆီထက် ဗန်ဒိုက်သာ ရွှေဘောလုံးဆုရရန် ရာနှုန်းပြည့်ထိုက်တန်သည်ဟု ဂျရတ် ထောက်ခံ

Photo Credit

Photo Credit

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ရာတွင် အပြစ်ပြောစရာတစ်စက်မှမရှိသည့် စွမ်းဆောင်ရည်ကြောင့် လီဗာပူးနောက်ခံလူ ဗန်ဒိုက်အနေဖြင့် ယခုနှစ်ရွှေဘောလုံးဆုနှင့် ရာနှုန်းပြည့်ထိုက်တန်မှုရှိကြောင်း ထောက်ခံပြောကြားလိုက်သည်။ ဗန်ဒိုက်သည် ယမန်နှစ်ရာသီက လီဗာပူးနှင့်အတူ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်တွင်လည်း ချန်ပီယံဖြစ်ရန် အလွန်နီးစပ်သည်အထိ ရှိခဲ့သည်။

Photo Credit

ယင်းအတွက်ကြောင့် ဗန်ဒိုက်သည် ယခုနှစ်ရွှေဘောလုံးဆုအတွက် ရေပန်းစားနေပြီး ဘာစီလိုနာကြယ်ပွင့် မက်ဆီနှင့်အပြိုင်ဖြစ်နေသည်။ မက်ဆီသည် ဘာစီလိုနာအသင်း လာလီဂါချန်ပီယံသရဖူကာကွယ်နိုင်ခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သော်လည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင် လီဗာပူးကို အံ့ဖွယ်ရှုံးနိမ့်ခဲ့သလို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင်လည်း ဗလန်စီယာကို မထင်မှတ်ဘဲအရေးနိမ့်ခဲ့သောကြောင့် ၎င်း၏တစ်ဦးချင်းအောင်မြင်မှုများအပေါ် လွှမ်းမိုးသွားခဲ့သည်။

Photo Credit

ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်က မိမိမှာ မက်ဆီ၏နံပါတ် ၁ ပရိသတ်တစ်ဦးဖြစ်သည်ဟု ဝန်ခံခဲ့သော်လည်း ယခုလအတွင်း ပေးအပ်ချီးမြှင့်မည့် ရွှေဘောလုံးဆုပေးပွဲတွင် ဗန်ဒိုက်သာ အကောင်းဆုံးဆုရရှိသင့်သည်ဟု ဆိုခဲ့သည်။ ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ဖီယင်နုနှင့် သရေကျခဲ့ပြီးနောက် ဂျရတ်က ”ဗန်ဒိုက်အနေနဲ့ ဒီနှစ်ရွှေဘောလုံးဆုရဖို့ ရာနှုန်းပြည့်ထိုက်တန်မှုရှိပါတယ်။ သေချာတစ်ခုက ကျွန်တော်ဟာ မက်ဆီရဲ့နံပါတ်တစ်ပရိသတ်ပါ။ သူ့ကိုလည်း အရမ်းသဘောကျပါတယ်။ သူ့ရဲ့သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေက တကယ့်ကိုအံ့အားသင့်စရာကောင်းပါတယ်”

Photo Credit

”ဒါပေမဲ့ တစ်နှစ်တာလုံး ခြေစွမ်းတစ်သမတ်တည်းရှိတဲ့ကစားသမားအကြောင်း ပြောရရင် သူက ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီး ပွဲတိုင်းမှာလည်း အပြစ်ပြောစရာတစ်ကွက်မှမရှိတဲ့သူက ရွှေဘောလုံးဆုရဖို့ ထိုက်တန်ပါတယ်”ဟု ဂျရတ်က ပြောခဲ့သည်။ ဗန်ဒိုက်သည် စက်တင်ဘာလအတွင်း ပေးအပ်ချီးမြှင့်ခဲ့သည့် ဖီဖာအကောင်းဆုံးဆုပေးပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို အရှုံးပေးခဲ့ရသော်လည်း ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

Photo Credit

Zawgyi

မက္ဆီထက္ ဗန္ဒုိက္သာ ေရႊေဘာလုံးဆုရရန္ ရာႏႈန္းျပည့္ထုိက္တန္သည္ဟု ဂ်ရတ္ ေထာက္ခံ

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္က ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ခဲ့ရာတြင္ အျပစ္ေျပာစရာတစ္စက္မွမရွိသည့္ စြမ္းေဆာင္ရည္ေၾကာင့္ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္အေနျဖင့္ ယခုႏွစ္ေရႊေဘာလုံးဆုႏွင့္ ရာႏႈန္းျပည့္ထိုက္တန္မႈရွိေၾကာင္း ေထာက္ခံေျပာၾကားလုိက္သည္။ ဗန္ဒိုက္သည္ ယမန္ႏွစ္ရာသီက လီဗာပူးႏွင့္အတူ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ခဲ့သလို ပရီးမီးယားလိဂ္တြင္လည္း ခ်န္ပီယံျဖစ္ရန္ အလြန္နီးစပ္သည္အထိ ရွိခဲ့သည္။
ယင္းအတြက္ေၾကာင့္ ဗန္ဒုိက္သည္ ယခုႏွစ္ေရႊေဘာလုံးဆုအတြက္ ေရပန္းစားေနၿပီး ဘာစီလုိနာၾကယ္ပြင့္ မက္ဆီႏွင့္အၿပိဳင္ျဖစ္ေနသည္။ မက္ဆီသည္ ဘာစီလုိနာအသင္း လာလီဂါခ်န္ပီယံသရဖူကာကြယ္ႏိုင္ခဲ့ရာတြင္ အဓိကေနရာမွ ပါ၀င္ခဲ့သူျဖစ္ေသာ္လည္း ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္တြင္ လီဗာပူးကို အံ့ဖြယ္႐ံႈးနိမ့္ခဲ့သလုိ စပိန္ဘုရင့္ဖလားဗိုလ္လုပဲြတြင္လည္း ဗလန္စီယာကို မထင္မွတ္ဘဲအေရးနိမ့္ခဲ့ေသာေၾကာင့္ ၎၏တစ္ဦးခ်င္းေအာင္ျမင္မႈမ်ားအေပၚ လႊမ္းမုိးသြားခဲ့သည္။
ရိန္းဂ်ားစ္အသင္းနည္းျပ ဂ်ရတ္က မိမိမွာ မက္ဆီ၏နံပါတ္ ၁ ပရိသတ္တစ္ဦးျဖစ္သည္ဟု ၀န္ခံခဲ့ေသာ္လည္း ယခုလအတြင္း ေပးအပ္ခ်ီးျမႇင့္မည့္ ေရႊေဘာလုံးဆုေပးပဲြတြင္ ဗန္ဒိုက္သာ အေကာင္းဆုံးဆုရရွိသင့့္သည္ဟု ဆိုခဲ့သည္။ ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္အျဖစ္ ဖီယင္ႏုႏွင့္ သေရက်ခဲ့ၿပီးေနာက္ ဂ်ရတ္က ”ဗန္ဒုိက္အေနနဲ႔ ဒီႏွစ္ေရႊေဘာလုံးဆုရဖုိ႔ ရာႏႈန္းျပည့္ထုိက္တန္မႈရွိပါတယ္။ ေသခ်ာတစ္ခုက ကၽြန္ေတာ္ဟာ မက္ဆီရဲ႕နံပါတ္တစ္ပရိသတ္ပါ။ သူ႕ကိုလည္း အရမ္းသေဘာက်ပါတယ္။ သူ႕ရဲ႕သြင္းဂုိးေတြ ဂိုးဖန္တီးမႈေတြက တကယ့္ကိုအံ့အားသင့္စရာေကာင္းပါတယ္”
”ဒါေပမဲ့ တစ္ႏွစ္တာလုံး ေျခစြမ္းတစ္သမတ္တည္းရွိတ့ဲကစားသမားအေၾကာင္း ေျပာရရင္ သူက ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ခဲ့ၿပီး ပြဲတုိင္းမွာလည္း အျပစ္ေျပာစရာတစ္ကြက္မွမရွိတဲ့သူက ေရႊေဘာလုံးဆုရဖုိ႔ ထုိက္တန္ပါတယ္”ဟု ဂ်ရတ္က ေျပာခဲ့သည္။ ဗန္ဒုိက္သည္ စက္တင္ဘာလအတြင္း ေပးအပ္ခ်ီးျမႇင့္ခဲ့သည့္ ဖီဖာအေကာင္းဆုံးဆုေပးပြဲတြင္ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီကို အ႐ံႈးေပးခဲ့ရေသာ္လည္း ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရသည္။