မက်ဆီက သူတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ဟမ်မဲလ်ပြော

Photo- Internet
Photo- Internet

ဒေါ့မန်အသင်းနောက်ခံလူ မတ်ဟမ်မဲလ်က သူတွေ့ဖူးသမျှဘောလုံးသမားတွေထဲမှာ မက်ဆီကသာအကောင်းဆုံးကစားသမားဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မနေ့ညက ဘာစီလိုနာကိုအဝေးကွင်းမှာ ၃-၁ နဲ့ရှုံးပြီးတဲ့နောက် ဟမ်မဲလ်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

အဲဒီပွဲမှာ မက်ဆီဟာ ကိုယ်တိုင်တစ်ဂိုးသွင်းယူပြီး ကျန်တဲ့ ၂ ဂိုးကိုဖန်တီးပေးခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီဟာ ဆွာရက်ဇ်ရဲ့အဖွင့်ဂိုးအတွက်ရော ဂရစ်ဇ်မန်းရဲ့နောက်ဆုံးအနိုင် ဂိုးကိုပါဖန်တီးပေးပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ဘာစီလိုနာရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo- Internet

ဒီပွဲဟာ မက်ဆီအတွက် ဘာစီလိုနာနဲ့ပွဲ ၇၀၀ ပြည့်ဖြစ်ခဲ့သလို ချန်ပီယံလိဂ်မှာ သူဂိုးသွင်းခဲ့တဲ့ပြိုင်ဘက်ပေါင်းက ၃၄ သင်းဖြစ်လာပြီး စီရော်နယ်ဒိုရဲ့ ၃၃ သင်းမှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာသူခြေစွမ်းပြနိုင်ခဲ့ပြီး ဖန်တီးပေးမှုတွေကလည်း ကောင်းမွန်ခဲ့လို့ ပွဲအပြီးမှာဝါရင့်နောက်ခံလူ ဟမ်မဲလ်ကချီးကျူ းသွားခဲ့တာဖြစ်ပါတယ်။

Photo- Internet

သူက”ပုံစံကောင်းသာရနေရင် မက်ဆီထက်ကောင်းတဲ့ ကစားသမားဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး။ သူဟာကျွန်တော်တွေ့ခဲ့သမျှဘောလုံးသမားတွေထဲမှာ အကောင်းဆုံးဘဲ။ ဒီကနေ့ပွဲမှာ ကျွန်တော်တို့ဟာ ဘာစီလိုနာကိုအနိုင်ရလောက်တဲ့ခြေစွမ်း မျိုးမရှိခဲ့ဘဲ အခွင့်အရေးလည်း နည်းနည်းဘဲဖန်တီးနိုင်ခဲ့တယ်။” လို့ပြောသွားပါတယ်။

Photo- Internet

ဒီပွဲအနိုင်ကြောင့် ဘာစီလိုနာဟာ အုပ်စု F မှာ ဗိုလ်စွဲဖို့သေချာသွားခဲ့ပါတယ်။ ဒေါ့မန်ကတော့ အင်တာမီလန်နဲ့ ၇ မှတ်စီတူညီနေပြီး တတိယနေရာရောက်နေပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ အင်တာက ဘာစီလိုနာကို အိမ်ကွင်းမှာကစားရမှာဖြစ်ပြီး ဒေါ့မန်ကတော့ ဆလားဘီးယားပရက်ကို အိမ်ကွင်းမှာဘဲ လက်ခံကစားရမှာပါ။

Photo- Internet

Zawgyi

မက္ဆီက သူေတြ႔ဖူးသမွ်ထဲမွာ အေကာင္းဆုံးလို႔ ဟမ္မဲလ္ေျပာ

ေဒါ့မန္အသင္းေနာက္ခံလူ မတ္ဟမ္မဲလ္က သူေတြ႔ဖူးသမွ်ေဘာလုံးသမားေတြထဲမွာ မက္ဆီကသာအေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ မေန႔ညက ဘာစီလိုနာကိုအေ၀းကြင္းမွာ ၃-၁ နဲ႔ရႈံးၿပီးတဲ႔ေနာက္ ဟမ္မဲလ္က အခုလိုေျပာလိုက္တာျဖစ္ပါတယ္။

အဲဒီပြဲမွာ မက္ဆီဟာ ကိုယ္တိုင္တစ္ဂိုးသြင္းယူၿပီး က်န္တဲ႔ ၂ ဂိုးကိုဖန္တီးေပးခဲ့ပါတယ္။ ဒီပြဲမွာ မက္ဆီဟာ ဆြာရက္ဇ္ရဲ႕အဖြင့္ဂိုးအတြက္ေရာ ဂရစ္ဇ္မန္းရဲ႕ေနာက္ဆုံးအႏိုင္ ဂိုးကိုပါဖန္တီးေပးၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို ဘာစီလိုနာေရာက္ရွိေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

ဒီပြဲဟာ မက္ဆီအတြက္ ဘာစီလိုနာနဲ႔ပြဲ ၇၀၀ ျပည့္ျဖစ္ခဲ့သလို ခ်န္ပီယံလိဂ္မွာ သူဂိုးသြင္းခဲ့တဲ႔ၿပိဳင္ဘက္ေပါင္းက ၃၄ သင္းျဖစ္လာၿပီး စီေရာ္နယ္ဒိုရဲ႕ ၃၃ သင္းမွတ္တမ္းကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာသူေျခစြမ္းျပႏိုင္ခဲ့ၿပီး ဖန္တီးေပးမႈေတြကလည္း ေကာင္းမြန္ခဲ့လို႔ ပြဲအၿပီးမွာ၀ါရင့္ေနာက္ခံလူ ဟမ္မဲလ္ကခ်ီးက်ဴ းသြားခဲ့တာျဖစ္ပါတယ္။

သူက”ပုံစံေကာင္းသာရေနရင္ မက္ဆီထက္ေကာင္းတဲ႔ ကစားသမားဆိုတာ ကမၻာေပၚမွာ မရွိဘူး။ သူဟာက်ြန္ေတာ္ေတြ႔ခဲ့သမွ်ေဘာလုံးသမားေတြထဲမွာ အေကာင္းဆုံးဘဲ။ ဒီကေန႔ပြဲမွာ က်ြန္ေတာ္တို႔ဟာ ဘာစီလိုနာကိုအႏိုင္ရေလာက္တဲ႔ေျခစြမ္း မ်ဳိးမရွိခဲ့ဘဲ အခြင့္အေရးလည္း နည္းနည္းဘဲဖန္တီးႏိုင္ခဲ့တယ္။” လို႔ေျပာသြားပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ ဘာစီလိုနာဟာ အုပ္စု F မွာ ဗိုလ္စြဲဖို႔ေသခ်ာသြားခဲ့ပါတယ္။ ေဒါ့မန္ကေတာ႔ အင္တာမီလန္နဲ႔ ၇ မွတ္စီတူညီေနၿပီး တတိယေနရာေရာက္ေနပါတယ္။ အုပ္စုေနာက္ဆုံးပြဲမွာ အင္တာက ဘာစီလိုနာကို အိမ္ကြင္းမွာကစားရမွာျဖစ္ၿပီး ေဒါ့မန္ကေတာ႔ ဆလားဘီးယားပရက္ကို အိမ္ကြင္းမွာဘဲ လက္ခံကစားရမွာပါ။