ဘိုင်ယန်နဲ့စကားပြောဖို့ဆို ဘယ်တုန်းကမှ မငြင်းခဲ့ဘူးလို့ အာစင်ဝင်းဂါးဖွင့်ဟ

PC ; Internet

တကယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ချဉ်းကပ်လာရင် ဆွေးနွေးသွားမယ်လို့ အာဆင်နည်းပြဟောင်း အာစင်ဝင်းဂါးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဂျာမန်ကလပ်ဆီက ဘယ်လိုတရားဝင်ကမ်းလှမ်းမှုမျိုးမှ ရောက်မလာသေးဘူးလို့လည်း ပြင်သစ်သားကြီးက ဖွင့်ဟသွားပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့နည်းပြ နီကိုကိုဗက်ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက် နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေနေပြီး လက်ရှိအချိန်မှာ ဟန်ဆီဖလစ်က အိုလံပီယာကော့စ်ကိုအနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တာဝန်ယူသွားခဲ့ပါတယ်။

PC ; Internet

အာစင်ဝင်းဂါးကတော့ 2018 ခုနှစ်မှာ အာဆင်နယ်ကနေ ထွက်ခွာလာပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။ သူ့အနေနဲ့ အသင်းသစ်ရှာဖွေနေသလို ဘိုင်ယန်က ရာသီကုန်အထိ သူတို့နည်းပြသစ်အဖြစ် ခန့်အပ်လိမ့်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး In Sports နဲ့အင်တာဗျူးမှာ အသက် 70 အရွယ် ပြင်သစ်သားနည်းပြကြီးက “ ဘိုင်ယန်နဲ့ စကားပြောဖို့ ကျွန်တော်ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီ့အသင်းကို နှစ် 30 ကြာ ဦးဆောင်ခဲ့တဲ့လူတွေအကြောင်းကို ကျွန်တော်သိနေလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ကာလတစ်ခု တုန်းက ဘိုင်ယန်ကိုရောက်ဖို့ အတော်လေးနီးစပ်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ဆီက ဘာမှတရားဝင်ပြောဆိုတာမျိုး မရှိသေးပါဘူး” လို့ ဖွင့်ဟသွားခဲ့တာပါ။

PC ; Internet

ဒါ့အပြင် ဘိုင်ယန်နည်းပြအဖြစ် လက်သင့်ခံမလားဆိုသည့်မေးခွန်းကိုလည်း ဆွေးနွေးမှုရလဒ်အရသာ အဖြေသိရမှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ဘာမှမပြောနိုင်သေးကြောင်း၊ သူ့အနေနဲ့ အခုလိုနေရတာ ပျော်ရွှင်ပေမယ့် မြက်ခင်းစိမ်းတွေကို လွမ်းဆွတ်နေကြောင်း အာစင်ဝင်းဂါးက ဖွင့်ဟသွားခဲ့ပါတယ်။ ပြင်သစ်သားကြီးဟာ ဇာတိမြေက နန်စီနဲ့မိုနာကိုကို တာဝန်ယူခဲ့တဲ့နောက် ဂျပန်ကလပ် နာဂိုယာကို ကိုင်တွယ်ခဲ့ပြီး 1996 ခုနှစ်က စတင်လို့ အာဆင်နယ်မာ 22 နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့သူပါ။

(zawgyi)

တကယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းက သူ႔ကို နည္းျပသစ္အျဖစ္ခန္႔အပ္ဖို႔ ခ်ဥ္းကပ္လာရင္ ေဆြးေႏြးသြားမယ္လုိ႔ အာဆင္နည္းျပေဟာင္း အာစင္၀င္းဂါးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္အထိေတာ့ ဂ်ာမန္ကလပ္ဆီက ဘယ္လိုတရား၀င္ကမ္းလွမ္းမႈမ်ိဳးမွ ေရာက္မလာေသးဘူးလို႔လည္း ျပင္သစ္သားႀကီးက ဖြင့္ဟသြားပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ သူတို႔ရဲ႕နည္းျပ နီကိုကိုဗက္ကို ထုတ္ပယ္လိုက္ၿပီးတဲ့ေနာက္ နည္းျပသစ္ခန္႔အပ္ဖို႔ ရွာေဖြေနၿပီး လက္ရွိအခ်ိန္မွာ ဟန္ဆီဖလစ္က အိုလံပီယာေကာ့စ္ကိုအႏုိင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ တာ၀န္ယူသြားခဲ့ပါတယ္။ အာစင္၀င္းဂါးကေတာ့ 2018 ခုႏွစ္မွာ အာဆင္နယ္ကေန ထြက္ခြာလာၿပီးေနာက္ပိုင္း အသင္းလက္မဲ့ျဖစ္ေနသူပါ။ သူ႔အေနနဲ႔ အသင္းသစ္ရွာေဖြေနသလို ဘိုင္ယန္က ရာသီကုန္အထိ သူတို႔နည္းျပသစ္အျဖစ္ ခန္႔အပ္လိမ့္မယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး In Sports နဲ႔အင္တာဗ်ဴးမွာ အသက္ 70 အရြယ္ ျပင္သစ္သားနည္းျပႀကီးက “ ဘိုင္ယန္နဲ႔ စကားေျပာဖုိ႔ ကၽြန္ေတာ္ဘယ္တုန္းကမွ မျငင္းဆန္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ အဲဒီ့အသင္းကို ႏွစ္ 30 ၾကာ ဦးေဆာင္ခဲ့တဲ့လူေတြအေၾကာင္းကို ကၽြန္ေတာ္သိေနလို႔ပါ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း လြန္ခဲ့တဲ့ကာလတစ္ခု တုန္းက ဘိုင္ယန္ကိုေရာက္ဖို႔ အေတာ္ေလးနီးစပ္ခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူတို႔ဆီက ဘာမွတရား၀င္ေျပာဆုိတာမ်ိဳး မရွိေသးပါဘူး” လုိ႔ ဖြင့္ဟသြားခဲ့တာပါ။ ဒါ့အျပင္ ဘိုင္ယန္နည္းျပအျဖစ္ လက္သင့္ခံမလားဆိုသည့္ေမးခြန္းကိုလည္း ေဆြးေႏြးမႈရလဒ္အရသာ အေျဖသိရမွာျဖစ္ေၾကာင္း၊ လက္ရွိအခ်ိ္န္မွာ ဘာမွမေျပာႏုိင္ေသးေၾကာင္း၊ သူ႔အေနနဲ႔ အခုလိုေနရတာ ေပ်ာ္ရႊင္ေပမယ့္ ျမက္ခင္းစိမ္းေတြကို လြမ္းဆြတ္ေနေၾကာင္း အာစင္၀င္းဂါးက ဖြင့္ဟသြားခဲ့ပါတယ္။ ျပင္သစ္သားႀကီးဟာ ဇာတိေျမက နန္စီနဲ႔မိုနာကိုကို တာ၀န္ယူခဲ့တဲ့ေနာက္ ဂ်ပန္ကလပ္ နာဂိုယာကို ကိုင္တြယ္ခဲ့ၿပီး 1996 ခုႏွစ္က စတင္လို႔ အာဆင္နယ္မာ 22 ႏွစ္ၾကာ နည္းျပအျဖစ္ တာ၀န္ယူခဲ့သူပါ။