ဘာနေဗျူးမှာ အမ်ဘက်ပီကို ဆွဲခေါ်ထားချင်ပုံရတဲ့ ဇီဒန်း

photo-sport bible

photo-gettyimages

မနေ့ည ရီးရဲလ်အိမ်ကွင်းဘာနေဗျူးက ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်နည်းပြဇီဒန်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီတို့ ဘောလုံးလုကြတာဟာ ဘာမှကို စပ်ဆက်မှုမရှိဘဲနဲ့ ရယ်စရာဖြစ်သွားပါတယ်။ ဇီဒန်းက ကွင်းဘေးနားရှိနေသလို အမ်ဘက်ပီကလည်း အရှိန်နဲ့ သူ့နားရောက်လာပြီး ဘေးစည်းကျော်သွားတဲ့ဘောလုံးကို နှစ်ယောက်သား လက်နဲ့အပြိုင်ဖမ်းယူကြရင်းနဲ့ တွန်းတိုက်မိကြတာပါ။ နှစ်ယောက်သား လက်ဆွဲမနှုတ်ဆက်ခင် ဘောလုံးအရရသွားတာက အမ်ဘက်ပီဖြစ်ပါတယ်။

photo-gettyimages

ဒါပေမဲ့ အဲဒီအဖြစ်အပျက်လေးက ဆိုရှယ်မီဒီယာပေါ်မှာ များစွာသောတုံ့ပြန်မှုတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။ ဇီဒန်းက အမ်ဘက်ပီကို ဆွဲခေါ်ဖို့ကြိုးစားတယ်လို့ ထင်ရတဲ့ရုပ်သေပုံကြောင့်ပါ။ သူတို့နှစ်ယောက်ကြားမှာလည်း ပြောစရာလေးတွေက အများကြီးရှိခဲ့ပါတယ်။ ဇီဒန်းဟာ လူငယ်ကစားသမားဘဝကတည်းက အမ်ဘက်ပီကိုစောင့်ကြည့်လာခဲ့ပြီး သူသဘောကျနျှစ်ခြိုက်တဲ့ကစားသမားလည်း ဖြစ်ခဲ့တာပါ။ ရီးရဲလ်နဲ့အပြောင်းအရွှေ့သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေတဲ့အမ်ဘက်ပီဟာ အခုလို သူ စူပါစတားဖြစ်မလာခင် အဲဒီစပိန်ထိပ်သီးအသင်းမှာ တကယ်ပဲ ခြေစွမ်းစမ်းသပ်ခံခဲ့ဖူးပါတယ်။

photo-gettyimages

ဇီဒန်းကလည်း အမ်ဘက်ပီဟာ သူဘယ်လောက်နှစ်ခြိုက်တဲ့ကစားသမားတစ်ယောက်လဲဆိုတာကို သတင်းစာရှင်းလင်းပွဲတွေမှာ မကြာခဏပြောခဲ့တာပါ။ သူ အဲဒီလိုပြောလွန်းလို့ ပီအက်စ်ဂျီဘက်က ကန့်ကွက်လာပေမယ့် ဇီဒန်းကတော့ ဂရုမစိုက်ခဲ့ဘဲ ပြောမြဲပြောနေဆဲပါပဲ။ လက်ရှိမှာ အမ်ဘက်ပီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ဆွေးနွေးနေပေမယ့် ရီးရဲလ်မှာ ကစားရေးက သူ့အိပ်မက်လို့ ပြောဖူးတာကြောင့် တစ်ချိန်မှာတော့ ရီးရဲလ်ကို ရောက်လာနိုင်ပါတယ်။

[Zawgyi]

ဘာေနဗ်ဴးမွာ အမ္ဘက္ပီကို ဆြဲေခၚထားခ်င္ပုံရတဲ့ ဇီဒန္း

မေန႔ည ရီးရဲလ္အိမ္ကြင္းဘာေနဗ်ဴးက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ရီးရဲလ္နည္းျပဇီဒန္းနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီတို႔ ေဘာလုံးလုၾကတာဟာ ဘာမွကို စပ္ဆက္မႈမရွိဘဲနဲ႔ ရယ္စရာျဖစ္သြားပါတယ္။ ဇီဒန္းက ကြင္းေဘးနားရွိေနသလို အမ္ဘက္ပီကလည္း အရွိန္နဲ႔ သူ႔နားေရာက္လာၿပီး ေဘးစည္းေက်ာ္သြားတဲ့ေဘာလုံးကို ႏွစ္ေယာက္သား လက္နဲ႔အၿပိဳင္ဖမ္းယူၾကရင္းနဲ႔ တြန္းတိုက္မိၾကတာပါ။ ႏွစ္ေယာက္သား လက္ဆြဲမႏႈတ္ဆက္ခင္ ေဘာလုံးအရရသြားတာက အမ္ဘက္ပီျဖစ္ပါတယ္။

ဒါေပမဲ့ အဲဒီအျဖစ္အပ်က္ေလးက ဆုိရွယ္္မီဒီယာေပၚမွာ မ်ားစြာေသာတု႔ံျပန္မႈေတြကို ေပၚေပါက္ေစခဲ့ပါတယ္။ ဇီဒန္းက အမ္ဘက္ပီကို ဆြဲေခၚဖို႔ႀကိဳးစားတယ္လို႔ ထင္ရတဲ့ရုပ္ေသပံုေၾကာင့္ပါ။ သူတို႔ႏွစ္ေယာက္ၾကားမွာလည္း ေျပာစရာေလးေတြက အမ်ားႀကီးရွိခဲ့ပါတယ္။ ဇီဒန္းဟာ လူငယ္ကစားသမားဘ၀ကတည္းက အမ္ဘက္ပီကိုေစာင့္ၾကည့္လာခဲ့ၿပီး သူသေဘာက်ႏ်ွစ္ၿခိဳက္တဲ့ကစားသမားလညး္ ျဖစ္ခဲ့တာပါ။ ရီးရဲလ္္နဲ႔အေျပာင္းအေရႊ႕သတင္းေတြ အဆက္မျပတ္ထြက္ေပၚေနတဲ့အမ္ဘက္ပီဟာ အခုလုိ သူ စူပါစတားျဖစ္မလာခင္ အဲဒီစပိန္ထိပ္သီးအသင္းမွာ တကယ္ပဲ ေျခစြမ္းစမ္းသပ္ခံခဲ့ဖူးပါတယ္။

ဇီဒန္းကလည္း အမ္ဘက္ပီဟာ သူဘယ္ေလာက္ႏွစ္ၿခိဳက္တဲ့ကစားသမားတစ္ေယာက္လဲဆုိတာကို သတင္းစာရွင္းလင္းပြဲေတြမွာ မၾကာခဏေျပာခဲ့တာပါ။ သူ အဲဒီလုိေျပာလြန္းလို႔ ပီအက္စ္ဂ်ီဘက္က ကန္႔ကြက္လာေပမယ့္ ဇီဒန္းကေတာ့ ဂရုမစိုက္ခဲ့ဘဲ ေျပာၿမဲေျပာေနဆဲပါပဲ။ လက္ရွိမွာ အမ္ဘက္ပီဟာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္ေဆြးေႏြးေနေပမယ့္ ရီးရဲလ္မွာ ကစားေရးက သူ႔အိပ္မက္လို႔ ေျပာဖူးတာေၾကာင့္ တစ္ခ်ိန္မွာေတာ့ ရီးရဲလ္ကို ေရာက္လာႏိုင္ပါတယ္။