ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို အာဆင်နယ်ဆက်သွယ်နေ

0
270
Photo- Internet
Photo- Internet

အာဆင်နယ်အသင်းဟာ နည်းပြအမ်ရီအပေါ်ဖိအားတွေပိုပြင်းထန်လာချိန်မှာ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ဆက်သွယ်နေတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။ အာဆင်နယ်ဟာ မနေ့ညက လက်စတာကို ၂-၀ နဲ့ရှုံးပြီးတဲ့နောက် ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာနိုင်တဲ့အထိ အခြေအနေဆိုးနေတာပါ။

အာဆင်နယ်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့မျှော်လင့်ထားပေမယ့် အခုဆိုရင်အဆင့် ၆ အထိေရောက်ရှိသွားလို့ ရုန်းကန်ရမယ့်အခြေအနေ ရောက်နေပါတယ်။ ဒီအချိန်မှာ ကလပ်ရဲ့ဘောလုံးဒါရိုက်တာ ရာအူးလ်ဆာနယ်ဟီက အင်းနရစ်ကိုဆက်သွယ်ခဲ့တယ်လို့ အင်္ဂလိပ်မီဒီယာတွေမှာ ဖော်ပြနေကြတာပါ။

Photo- Internet

လက်စတာနဲ့အဝေးကွင်းပွဲစဉ်မှာလည်း လိုက်ပါအားပေးတဲ့ အာဆင်နယ်ပရိသတ်တွေဟာ အမ်မရီထွက်ခွာဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ဖိအားတွေပိုများလာတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ အမ်မရီနဲ့ ပတ်သက်လို့ ဘာမှမထုတ်ပြန်သေးပေမယ့် ဆာနယ်ဟီ ကတော့နည်းပြသစ်တစ်ဦးကို ကြိုတင်ရှာဖွေနေပြီး အင်းနရစ်ကို ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

အင်းနရစ်ဟာ ၂၀၁၉ အစောပိုင်းက စပိန်နည်းပြရာထူးကနေ နုတ်ထွက်ပြီးနောက်ကအသင်းလက်မဲ့ ဖြစ်နေတဲ့သူပါ။ စပိန်နည်းပြရာထူးကနေနုတ်ထွက်လိုက်တဲ့အကြောင်းကို အဲဒီအချိန်က ဘယ်သူမှမသိရပေမယ့် နောက်ပိုင်းမှာတော့ သူ့သမီး ရှာနာဟာ ကင်ဆာဖြစ်နေလို့ နုတ်ထွက်သွားတယ်ဆိုတာ သိခဲ့ရတာပါ။

Photo- Internet

အာဆင်နယ်အသင်းဟာ အမ်မရီကိုထုတ်ပယ်မယ်ဆိုရင် လာမယ့်နိုင်ငံတကာသီတင်းပတ်အတွင်းမှာ ထုတ်လို့ရပေမယ့် နည်းပြသစ်ရမရ အပေါ်မှာ မူတည်သေးတယ်လို့ သိရပါတယ်။ အင်းနရစ်ဟာ ဘာစီလိုနာကို ကလပ်သမိုင်းမှာ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်ဘုရင့်ဖလား ၃ ကိုတစ်နှစ်တည်းဆွတ်ခူးစေခဲ့တဲ့ ဒုတိယမြောက်နည်းဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

ဘာစီလိုနာနည္းျပေဟာင္း အင္းနရစ္ကို အာဆင္နယ္ဆက္သြယ္ေန

အာဆင္နယ္အသင္းဟာ နည္းျပအမ္ရီအေပၚဖိအားေတြပိုျပင္းထန္လာခ်ိန္မွာ ဘာစီလိုနာနည္းျပေဟာင္း လူး၀စ္အင္းနရစ္ကို ဆက္သြယ္ေနတယ္လို႔ သတင္းေတြမွာေဖာ္ျပေနပါတယ္။ အာဆင္နယ္ဟာ မေန႔ညက လက္စတာကို ၂-၀ နဲ႔ရႈံးၿပီးတဲ႔ေနာက္ ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၀ ပြဲမွာ ၂ ပြဲသာႏိုင္တဲ႔အထိ အေျခအေနဆိုးေနတာပါ။

အာဆင္နယ္ဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ ရဖို႔ေမွ်ာ္လင့္ထားေပမယ္႔ အခုဆိုရင္အဆင့္ ၆ အထိေေရာက္ရွိသြားလို႔ ရုန္းကန္ရမယ္႔အေျခအေန ေရာက္ေနပါတယ္။ ဒီအခ်ိန္မွာ ကလပ္ရဲ႕ေဘာလုံးဒါရိုက္တာ ရာအူးလ္ဆာနယ္ဟီက အင္းနရစ္ကိုဆက္သြယ္ခဲ့တယ္လို႔ အဂၤလိပ္မီဒီယာေတြမွာ ေဖာ္ျပေနၾကတာပါ။

လက္စတာနဲ႔အေ၀းကြင္းပြဲစဥ္မွာလည္း လိုက္ပါအားေပးတဲ႔ အာဆင္နယ္ပရိသတ္ေတြဟာ အမ္မရီထြက္ခြာဖို႔ ေတာင္းဆိုခဲ့ၾကတဲ႔အတြက္ ဖိအားေတြပိုမ်ားလာတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လက္ရွိမွာ အမ္မရီနဲ႔ ပတ္သက္လို႔ ဘာမွမထုတ္ျပန္ေသးေပမယ္႔ ဆာနယ္ဟီ ကေတာ႔နည္းျပသစ္တစ္ဦးကို ႀကိဳတင္ရွာေဖြေနၿပီး အင္းနရစ္ကို ဆက္သြယ္ခဲ့တာျဖစ္ပါတယ္။

အင္းနရစ္ဟာ ၂၀၁၉ အေစာပိုင္းက စပိန္နည္းျပရာထူးကေန ႏုတ္ထြက္ၿပီးေနာက္ကအသင္းလက္မဲ႔ ျဖစ္ေနတဲ႔သူပါ။ စပိန္နည္းျပရာထူးကေနႏုတ္ထြက္လိုက္တဲ႔အေၾကာင္းကို အဲဒီအခ်ိန္က ဘယ္သူမွမသိရေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ သူ႔သမီး ရွာနာဟာ ကင္ဆာျဖစ္ေနလို႔ ႏုတ္ထြက္သြားတယ္ဆိုတာ သိခဲ့ရတာပါ။

အာဆင္နယ္အသင္းဟာ အမ္မရီကိုထုတ္ပယ္မယ္ဆိုရင္ လာမယ္႔ႏိုင္ငံတကာသီတင္းပတ္အတြင္းမွာ ထုတ္လို႔ရေပမယ္႔ နည္းျပသစ္ရမရ အေပၚမွာ မူတည္ေသးတယ္လို႔ သိရပါတယ္။ အင္းနရစ္ဟာ ဘာစီလိုနာကို ကလပ္သမိုင္းမွာ ခ်န္ပီယံလိဂ္၊ လာလီဂါနဲ႔ စပိန္ဘုရင့္ဖလား ၃ ကိုတစ္ႏွစ္တည္းဆြတ္ခူးေစခဲ့တဲ႔ ဒုတိယေျမာက္နည္းျဖစ္တယ္လို႔လည္း သိရပါတယ္။