ဘာစီလိုနာက ကမ်းလှမ်းခဲ့ပေမယ့် နှလုံးသားနဲ့ ရီးရဲလ်ကို ရွေးချယ်ခဲ့တာလို့ ဗင်နီစီးယပ်စ် ဖွင့်ဟ

Photo Credit

Photo Credit

ရီးရဲလ်တိုက်စစ်မှူး ဗင်နီစီးယပ်စ်ဂျူနီယာက မက်ဒရစ်အခြေစိုက်အသင်းကို သူ့နှလုံးသားရဲ့ဆန္ဒအရ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အသင်းမပြောင်းရွှေ့ခင် မဟာပြိုင်ဘက်ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit

ဘရာဇီးနိုင်ငံသား ဗင်နီစီးယပ်စ်ဟာ ၂၀၁၇ မေလက ဖလာမင်ဂိုအသင်းကနေ ရီးရဲလ်နဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ ၂၀၁၈ ဇူလိုင်လအတွင်း သူ့အသက် ၁၈နှစ်ပြည့်မွေးနေ့ရောက်မှ ဘာနေဗျူးအခြေစိုက်အသင်းကို ရောက်ရှိလာခဲ့တာပါ။

Photo Credit

ဗင်နီစီးယပ်စ်ဟာ နေမာပြီးနောက် ဘရာဇီးဘောလုံးသမိုင်းတစ်လျှောက် ဒုတိယမြောက်ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာခဲ့ပြီးနောက် ဖိအားတွေနဲ့ ချက်ချင်းဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးမှာပဲရှိနေချိန် ဘာစီလိုနာအသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အသက် ၁၉နှစ်အရွယ်ရှိ ဗင်နီစီးယပ်စ်က ရီးရဲလ်ကိုရွေးချယ်ခဲ့တာဟာ သူ့ကစားသမားဘဝအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

”ဘာစီလိုနာက စိတ်ဝင်စားနေတယ်ဆိုတာက အမှန်မဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ သတင်းစာတွေမှာဖော်ပြတဲ့ ကောလာဟလသတင်းတွေပဲလို့ထင်ခဲ့ပါတယ်။ ကျွန်တော့်ကို ရီးရဲလ်ရော ဘာစီလိုနာကပါ စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော့်အဖေကလည်း ကိုယ့်နှလုံးသားနဲ့ ရွေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်”လို့ ဗင်နီစီးယပ်စ်က ပြောပါတယ်။

Photo Credit

ဗင်နီစီးယပ်စ်ဟာ ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးရာသီမှာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လာလီဂါမှာ ၁၈ပွဲ ကစားခွင့်ရခဲ့တဲ့အပြင် စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း စုစုပေါင်း ၁၃ပွဲကစားခွင့်ရခဲ့ပါတယ်။ သူဟာ အဲဒီရာသီမှာ ၄ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘရာဇီးအသင်းမှာလည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Photo Credit

ဗင်နီစီးယပ်စ်က အစောပိုင်းတုန်းက မက်ဒရစ်မှာ လူနေမှုဘဝအသားကျဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပေမယ့် တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဘယ်နောက်ခံလူ မာဆယ်လိုနဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးတို့က အပြောင်းအလဲကာလမှာ မိမိကို များစွာကူညီခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit

ယခုအချိန်မှာ အသင်းနဲ့အတူ အသားကျနေပြီဖြစ်တဲ့ ဗင်နီစီးယပ်စ်ဟာ ယခုရာသီနည်းပြဇီဒန်းလက်ထက် ၁၀ပွဲကစားခွင့်ရထားပြီး စက်တင်ဘာလအတွင်း အိုဆာဆူနာကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွ်းယူနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ဘာစီလုိနာက ကမ္းလွမ္းခဲ့ေပမယ့္ ႏွလုံးသားနဲ႔ ရီးရဲလ္ကို ေရြးခ်ယ္ခဲ့တာလုိ႔ ဗင္နီစီးယပ္စ္ ဖြင့္ဟ

ရီးရဲလ္တုိက္စစ္မွဴး ဗင္နီစီးယပ္စ္ဂ်ဴနီယာက မက္ဒရစ္အေျခစုိက္အသင္းကို သူ႕ႏွလုံးသားရဲ႕ဆႏၵအရ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး အသင္းမေျပာင္းေရႊ႕ခင္ မဟာၿပိဳင္ဘက္ဘာစီလုိနာအသင္းရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ခ့ဲေၾကာင္း ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။
ဘရာဇီးႏိုင္ငံသား ဗင္နီစီးယပ္စ္ဟာ ၂၀၁၇ ေမလက ဖလာမင္ဂိုအသင္းကေန ရီးရဲလ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး တကယ္တမ္းမွာေတာ့ ၂၀၁၈ ဇူလိုင္လအတြင္း သူ႕အသက္ ၁၈ႏွစ္ျပည့္ေမြးေန႔ေရာက္မွ ဘာေနဗ်ဴးအေျခစိုက္အသင္းကို ေရာက္ရွိလာခဲ့တာပါ။
ဗင္နီစီးယပ္စ္ဟာ ေနမာၿပီးေနာက္ ဘရာဇီးေဘာလုံးသမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားျဖစ္လာခဲ့ၿပီးေနာက္ ဖိအားေတြနဲ႔ ခ်က္ခ်င္းဆိုသလုိ ရင္ဆုိင္ခဲ့ရပါတယ္။ ဘရာဇီးမွာပဲရွိေနခ်ိန္ ဘာစီလုိနာအသင္းကလည္း သူ႕ကို ေခၚယူဖို႔ စိတ္၀င္စားခဲ့ေပမယ့္ အသက္ ၁၉ႏွစ္အရြယ္ရွိ ဗင္နီစီးယပ္စ္က ရီးရဲလ္ကိုေရြးခ်ယ္ခဲ့တာဟာ သူ႕ကစားသမားဘ၀အတြက္ အေကာင္းဆုံးေရြးခ်ယ္မႈျဖစ္ခဲ့တယ္လုိ႔ ယုံၾကည္ေနပါတယ္။
”ဘာစီလုိနာက စိတ္၀င္စားေနတယ္ဆိုတာက အမွန္မဟုတ္ဘူးလုိ႔ ထင္ခဲ့ပါတယ္။ သတင္းစာေတြမွာေဖာ္ျပတဲ့ ေကာလာဟလသတင္းေတြပဲလုိ႔ထင္ခဲ့ပါတယ္။ ကၽြန္ေတာ့္ကို ရီးရဲလ္ေရာ ဘာစီလုိနာကပါ စိတ္၀င္စားခဲ့ပါတယ္။ ကၽြန္ေတာ့္အေဖကလည္း ကိုယ့္ႏွလုံးသားနဲ႔ ေရြးခ်ယ္ဖို႔ တုိက္တြန္းခဲ့ပါတယ္”လုိ႔ ဗင္နီစီးယပ္စ္က ေျပာပါတယ္။
ဗင္နီစီးယပ္စ္ဟာ ရီးရဲလ္ကစားသမားဘ၀ ပထမဆုံးရာသီမွာ အနိမ့္အျမင့္၊ အတက္အက်ေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး လာလီဂါမွာ ၁၈ပြဲ ကစားခြင့္ရခဲ့တ့ဲအျပင္ စပိန္ဘုရင့္ဖလားနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြေတြမွာလည္း စုစုေပါင္း ၁၃ပြဲကစားခြင့္ရခဲ့ပါတယ္။ သူဟာ အဲဒီရာသီမွာ ၄ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘရာဇီးအသင္းမွာလည္း ေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။
ဗင္နီစီးယပ္စ္က အေစာပုိင္းတုန္းက မက္ဒရစ္မွာ လူေနမႈဘ၀အသားက်ဖို႔ ႐ုန္းကန္ခဲ့ရတယ္လုိ႔ ၀န္ခံခ့ဲေပမယ့္ တစ္ႏိုင္ငံတည္းသားေတြျဖစ္တဲ့ ဘယ္ေနာက္ခံလူ မာဆယ္လုိနဲ႔ ကြင္းလယ္လူ ကက္စ္မဲ႐ိုးတို႔က အေျပာင္းအလဲကာလမွာ မိမိကို မ်ားစြာကူညီခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ယခုအခ်ိန္မွာ အသင္းနဲ႔အတူ အသားက်ေနၿပီျဖစ္တဲ့ ဗင္နီစီးယပ္စ္ဟာ ယခုရာသီနည္းျပဇီဒန္းလက္ထက္ ၁၀ပြဲကစားခြင့္ရထားၿပီး စက္တင္ဘာလအတြင္း အိုဆာဆူနာကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂုိးသြ္းယူႏိုင္ခဲ့ပါတယ္။