ဖြစ်နိုင်မယ်မထင်တဲ့အရာတွေကနေ ဖန်တီးထားတဲ့ မက်ဆီရဲ့အံ့မခန်း Best Passes

Photo Credit

Photo Credit

တွစ်တာအသုံးပြုသူတစ်ဦးက ဘာစီလိုနာစတားမက်ဆီရဲ့ အကောင်းဆုံးဘောလုံးပေးပို့မှုတချို့ကို စုစည်းပြီး ဗီဒီဖိုင်အဖြစ် လူမှုမီဒီယာမှာ တင်ခဲ့ရာ အချိန်ခဏလေးအတွင်းမှာပဲ လူမှုမီဒီယာမှာ လူကြည့်များသွားကာ ကြည့်ရှုသူတွေလည်း အထူးကြိုက်နှစ်သက်နေကြပါတယ်။

https://twitter.com/FHagvy/status/1193815357439520768?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed&ref_url=https%3A%2F%2Fwww.sportbible.com%2Ffootball%2Ffootball-skills-video-showing-some-of-lionel-messis-best-passes-has-gone-viral-20191111

Video Credit

တိုက်စစ်မှူးမက်ဆီဟာ ဂိုးတွေပုံမှန်သွင်းယူနိုင်တဲ့ဂိုးသွင်းမုဆိုးအဖြစ် အများစုက သတ်မှတ်ထားကြပေမယ့် ရူးသွပ်ဖွယ်ကောင်းတဲ့ပေးပို့မှုတွေနဲ့အတူ ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်တာလည်း သူ့ရဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။

Photo Credit

မက်ဆီဟာ ဘာစီလိုနာမှာ ကမ္ဘာ့အဆင့်ရှိတိုက်စစ်မှူးတချို့နဲ့တွဲကစားခဲ့ပြီး သူ့ရဲ့ထင်မှတ်မထားတဲ့ ပေးပို့မှုတွေကနေ အပိုင်အခွင့်အရေးတွေလည်း အများကြီးရရှိခဲ့ပါတယ်။ သူဟာ ကစားသမားဘဝတစ်လျှောက် ဂိုးဖန်တီးမှု ၂၇၇ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတွေနဲ့အတူ ပွဲတွေကို လွှမ်းမိုးနိုင်ခဲ့တာကလည်း အများအပြားပါပဲ။

Photo Credit

မက်ဆီဟာ ၂၀၀၀ ပြည့်လွန်အစောပိုင်းနှစ်တွေမှာ ၃ယောက်တိုက်စစ်တွဲရဲ့အဓိကတွဲဖက်အဖြစ် ဒေးဗစ်ဗီလာနဲ့တွဲကစားခဲ့ပြီး နောက်ပိုင်းမှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ MSN တွဲလုံးအဖြစ် ဆွာရက်ဇ်၊ နေမာတို့နဲ့အတူ ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်အတွဲဖန်တီးနိုင်ခဲ့ပါတယ်။

 

Photo Credit

အသက် ၃၂နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့သလို ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ၁၃ကြိမ်ဖန်တီးကာ ပက်ဘလိုဆာရာဘီယာနဲ့အတူ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ျဖစ္ႏိုင္မယ္မထင္တဲ့အရာေတြကေန ဖန္တီးထားတဲ့ မက္ဆီရဲ႕အံ့မခန္း Best Passes

တြစ္တာအသုံးျပဳသူတစ္ဦးက ဘာစီလုိနာစတားမက္ဆီရဲ႕ အေကာင္းဆုံးေဘာလုံးေပးပို႔မႈတခ်ိဳ႕ကို စုစည္းၿပီး ဗီဒီဖုိင္အျဖစ္ လူမႈမီဒီယာမွာ တင္ခဲ့ရာ အခ်ိန္ခဏေလးအတြင္းမွာပဲ လူမႈမီဒီယာမွာ လူၾကည့္မ်ားသြားကာ ၾကည့္႐ႈသူေတြလည္း အထူးႀကိဳက္ႏွစ္သက္ေနၾကပါတယ္။
တုိက္စစ္မွဴးမက္ဆီဟာ ဂိုးေတြပုံမွန္သြင္းယူႏုိင္တဲ့ဂိုးသြင္းမုဆုိးအျဖစ္ အမ်ားစုက သတ္မွတ္ထားၾကေပမယ့္ ႐ူးသြပ္ဖြယ္ေကာင္းတဲ့ေပးပို႔မႈေတြနဲ႔အတူ ၿပိဳင္ဘက္ခံစစ္ကို ထုိးေဖာက္တာလည္း သူ႕ရဲ႕အမွတ္အသားတစ္ခုျဖစ္ပါတယ္။
မက္ဆီဟာ ဘာစီလုိနာမွာ ကမၻာ့အဆင့္ရွိတုိက္စစ္မွဴးတခ်ိဳ႕နဲ႔တြဲကစားခဲ့ၿပီး သူ႕ရဲ႕ထင္မွတ္မထားတ့ဲ ေပးပုိ႔မႈေတြကေန အပိုင္အခြင့္အေရးေတြလည္း အမ်ားႀကီးရရွိခဲ့ပါတယ္။ သူဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ဂိုးဖန္တီးမႈ ၂၇၇ႀကိမ္အထိ ဖန္တီးႏုိင္ခဲ့ၿပီး ဂိုးဖန္တီးမႈေတြနဲ႔အတူ ပြဲေတြကို လႊမ္းမုိးႏိုင္ခဲ့တာကလည္း အမ်ားအျပားပါပဲ။
မက္ဆီဟာ ၂၀၀၀ ျပည့္လြန္အေစာပိုင္းႏွစ္ေတြမွာ ၃ေယာက္တုိက္စစ္တြဲရဲ႕အဓိကတြဲဖက္အျဖစ္ ေဒးဗစ္ဗီလာနဲ႔တြဲကစားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ MSN တြဲလုံးအျဖစ္ ဆြာရက္ဇ္၊ ေနမာတုိ႔နဲ႔အတူ ဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးတုိက္စစ္အတြဲဖန္တီးႏုိင္ခဲ့ပါတယ္။
အသက္ ၃၂ႏွစ္အရြယ္ရွိ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါမွာ ဂိုးသြင္းဘုရင္ျဖစ္ခဲ့သလို ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ ၁၃ႀကိမ္ဖန္တီးကာ ပက္ဘလိုဆာရာဘီယာနဲ႔အတူ ပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။