ဖာဘင်ညိုဒဏ်ရာရသွားတာဟာ ကြီးမားတဲ့ပြဿနာလို့ ဂျာဂင်ကလော့ပ်ငြီးတွား

PC ; Internet

နာပိုလီနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူဖာဘင်ညိုဒဏ်ရာရသွားတာဟာ အသင်းအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ငြီးတွားလိုက်ပါတယ်။အန်ဖီးလ်မှာကစားတဲ့ အဲဒီပွဲစဉ်မှာ ဖာဘင်ညိုဟာ ပြိုင်ဘက်ကစားသမားလိုဇာနိုနဲ့ထိခိုက်ခဲ့ပြီးတဲ့နောက် ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာပါ။

PC ; Internet

ကွင်းထဲမှာ ဆေးကုသမှုပေးခဲ့ပေမယ့် ဆက်မကစားနိုင်တာကြောင့် ဝစ်ချ်နယ်ဒန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဖာဘင် ညိုဟာ ဒီရာသီအဝါကတ် ၅ကြိမ်ထိထားတာကြောင့် ဘရိုက်တန်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ထား သူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကွင်းလယ်လူဒဏ်ရာရသွားတာဟာ အသင်းရဲ့အခြားအစီအစဉ်တွေကိုပါ ထိခိုက်စေတယ်လို့ ဂျာဂင်ကလော့ပ်က ဖွင့်ဟသွားခဲ့တာပါ။

PC ; Internet

” ဒီညမှာ အကြီးမားဆုံးကိစ္စကတော့ ဖာဘင်ညို ဒဏ်ရာရရှိသွားတာပါပဲ။ သူ့ရဲ့ဒဏ်ရာ သိပ်ပြီး မပြင်းထန်ပါစေနဲ့ လို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါက ကံမကောင်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အသင်းအတွက်လည်း ပြဿနာကြီးတစ်ခု ဖြစ်လာပါတယ်” လို့ ဂျာမန်သားနည်းပြကဆိုပါတယ်။ လီဗာပူးဟာ ဘရိုက်တန်နဲ့ ပွဲစဉ်အပြီးမှာ မာဆေးဆိုက်ဒ်ဒါဘီအဖြစ် ဒီဇင်ဘာ ၄ ရက်မှာ အဲဗာတန်အသင်းနဲ့အိမ်ကွင်းပွဲစဉ်ကစားရမှာဖြစ်ပါတယ်။

(zawgyi)

နာပိုလီနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ကြင္းလယ္လူဖာဘင္ညိဳဒဏ္ရာရသြားတာဟာ အသင္းအတြက္ႀကီးမားတဲ့ ျပႆနာတစ္ရပ္လို႔ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ၿငီးတြားလိုက္ပါတယ္။အန္ဖီးလ္မွာကစားတဲ့ အဲဒီပြဲစဥ္မွာ ဖာဘင္ညိဳဟာ ၿပိဳင္ဘက္ကစားသမားလိုဇာႏိုနဲ႔ထိခိုက္ခဲ့ၿပီးတဲ့ေနာက္ ေျခက်င္း၀တ္ဒဏ္ရာရရွိသြားခဲ့တာပါ။ကြင္းထဲမွာ ေဆးကုသမႈေပးခဲ့ေပမယ့္ ဆက္မကစားႏိုင္တာေၾကာင့္ ၀စ္ခ်္နယ္ဒန္နဲ႔လူစားလဲခဲ့ရပါတယ္။

ဖာဘင္ညိဳဟာ ဒီရာသီအ၀ါကတ္ ၅ႀကိမ္ထိထားတာေၾကာင့္ ဘရိုက္တန္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ ထားသူျဖစ္ပါတယ္။ ဒါေပမဲ့ ဒီကြင္းလယ္လူဒဏ္ရာရသြားတာဟာ အသင္းရဲ႕အျခားအစီအစဥ္ေတြကိုပါ ထိခိုက္ေစ တယ္လို႔ ဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟသြားခဲ့တာပါ။” ဒီညမွာ အႀကီးမားဆံုးကိစၥကေတာ့ ဖာဘင္ညိဳ ဒဏ္ရာရရွိသြား တာပါပဲ။ သူ႔ရဲ႕ဒဏ္ရာ သိပ္ၿပီး မျပင္းထန္ပါေစနဲ႔လို႔ပဲ ကြ်န္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။

ဒါက ကံမေကာင္းမႈတစ္ခု ျဖစ္ခဲ့ပါတယ္။ အသင္းအတြက္လည္း ျပႆနာႀကီးတစ္ခု ျဖစ္လာပါတယ္” လို႔ ဂ်ာမန္သား နည္းျပကဆိုပါတယ္။ လီဗာပူးဟာ ဘ႐ိုက္တန္နဲ႔ ပြဲစဥ္အၿပီးမွာ မာေဆးဆိုက္ဒ္္ဒါဘီအျဖစ္ ဒီဇင္ဘာ ၄ ရက္မွာ အဲဗာတန္အသင္းနဲ႔အိမ္ကြင္းပြဲစဥ္ကစားရမွာျဖစ္ပါတယ္။