ဖာဂူဆန်နဲ့အာစင်ဝင်းဂါးတို့လို အသင်းတစ်သင်းမှာ အနှစ် ၂၀ လောက်မင်းမူဖို့ မဖြစ်နိုင်တော့ဘူး…

PC ; Internet

ဒီနေ့ခေတ်ဘောလုံးနည်းပြတွေဟာ ဆာအဲလက်စ်ဖာဂူဆန်နဲ့အာစင်ဝင်းဂါးတို့လို အသင်းတစ်သင်းမှာ အနှစ် ၂၀ လောက်မင်းမူဖို့ မဖြစ်နိုင်တော့ဘူးလို့ ဟိုဆေးမော်ရင်ညိုက ပြောဆိုလိုက်ပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ်နည်းပြတွေဟာ လက်ရှိအချိန်မှာ သူတို့အလုပ်တည်မြဲရေးအတွက် နေ့တိုင်းတိုက်ပွဲဝင်ရမယ်လို့လည်း စပါးနည်းပြက ဖွင့်ဟသွားပါတယ်။ စပါးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့ပြီး ၆လအကြာမှာတင် ထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုနေရာကို ချဲလ်ဆီးနဲ့မန်ယူနည်းပြဟောင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကမှ အစားထိုးဝင်ရောက်လာသူပါ။ပြီးခဲ့တဲ့ သောကြာနေ့မှာလည်း ပရီးမီးယားလိဂ်ရဲ့နောက်ထပ်နာမည်ကြီးနည်းပြတစ်ဦးဖြစ်တဲ့ အူနိုင်းအမ်မရီကို အာဆင်နယ်အသင်းက ထုတ်ပယ်ခဲ့ပြန်ပါတယ်။

PC ; Getty

အာစင်ဝင်းဂါးနေရာဆက်ခံခဲ့တဲ့ အမ်မရီဟာ အမ်းမရိတ်စ်ထိုင်ခုံပေါ်မှာ ၁၈လသာကြာမြင့်ခဲ့တာပါ။အိုးလ်ထရက်ဖို့ဒ်မှာ ၂၇နှစ်တာဝန်ယူသွားတဲ့ ဖာဂူဆန်ခေတ်အလွန် မန်ယူဟာလည်း ဒီလိုမတည်ငြိမ်မှုတွေနဲ့ရုန်းကန်နေရပါတယ်။ဒါကြောင့် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာတဲ့ ခေတ်သစ်ဘောလုံးလောကမှာ နည်းပြတွေအတွက် စိန်ခေါ်မှုလည်းပိုမိုပြင်းထန်လာခဲ့ပြီလို့ စပါယ်ရှယ်ဝမ်းက ပြောဆိုလိုက်တာပါ။

PC ; Internet

“ အသင်းတစ်သင်းမှာ နှစ် ၂၀ လား။ဒါ ဖြစ်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ခေတ်မီဘဝ၊နည်းပညာသစ်နဲ့ဆိုရှယ်မီဒီယာ။အားလုံးရဲ့လွှမ်းမိုးမှုခံနေရတယ်လို့ ကျွန်တော်ထင်ပါတယ်။လူတွေရဲ့ညဏ်ရည်၊မြန်ဆန်လာတဲ့ ဆက်သွယ်ရေး၊စတဲ့အကြောင်းအရာများစွာဟာ ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေပါတယ်။ဘောလုံးလောကတစ်ခုတည်းမဟုတ်ပါဘူး။ကမ္ဘာကြီးမှာပါ ပြောင်းလဲနေတာပါ။အာစင်ဝင်းဂါးဟာ နောက်ဆုံးမင်းဆက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့အတွက် ဆိုးရွားတဲ့အကြောင်းအရာပါ။လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်နဲ့ထိုက်တန်သူတွေဖြစ်ကြောင်း သက်သေပြနိုင်ဖို့ကြိုးစားကြရတော့မယ်။နေ့တိုင်းတိုက်ပွဲဝင်ကြရတော့မယ်” လို့ မော်ရင်ညိုက ပြောဆိုသွားခဲ့ပါတယ်။

PC ; Internet

အမ်မရီဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံးထုတ်ပယ်ခံလိုက်ရတဲ့နည်းပြဖြစ်လာပေမယ့် သူတာဝန်ယူခဲ့တဲ့ ပရီးမီးယားလိဂ် ၅၁ပွဲ ရမှတ်ဟာ အာစင်ဝင်းဂါးရဲ့ပရီးမီးယားလိဂ်နောက်ဆုံး ၅၁ပွဲ ရမှတ်နဲ့ ၈၈ မှတ်ချင်းတူညီနေပါတယ်။အမ်မရီက ၂၅ပွဲနိုင်၊၁၃ပွဲသရေ၊၁၃ပွဲရှုံးပြီး အာစင်ဝင်းဂါးက ၂၇ပွဲနိုင်၊၇ပွဲသရေ၊၁၇ပွဲရှုံးခဲ့တာပါ။

(zawgyi)

ဒီေန႔ေခတ္ေဘာလုံးနည္းျပေတြဟာ ဆာအဲလက္စ္ဖာဂူဆန္နဲ႔အာစင္ဝင္းဂါးတို႔လို အသင္းတစ္သင္းမွာ အႏွစ္ ၂၀ ေလာက္မင္းမူဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ဟိုေဆးေမာ္ရင္ညိဳက ေျပာဆိုလိုက္ပါတယ္။ဒါ့အျပင္ ပရီးမီးယားလိဂ္နည္းျပေတြဟာ လက္ရွိအခ်ိန္မွာ သူတို႔အလုပ္တည္ၿမဲေရးအတြက္ ေန႔တိုင္းတိုက္ပြဲဝင္ရမယ္လို႔လည္း စပါးနည္းျပက ဖြင့္ဟသြားပါတယ္။ စပါးအသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး ၆လအၾကာမွာတင္ ထုတ္ပယ္ခံလိုက္ရတဲ့ ပိုခ်က္တီႏိုေနရာကို ခ်ဲလ္ဆီးနဲ႔မန္ယူနည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္ကမွ အစားထိုးဝင္ေရာက္လာသူပါ။ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာလည္း ပရီးမီးယားလိဂ္ရဲ႕ေနာက္ထပ္နာမည္ႀကီးနည္းျပတစ္ဦးျဖစ္တဲ့ အူႏိုင္းအမ္မရီကို အာဆင္နယ္အသင္းက ထုတ္ပယ္ခဲ့ျပန္ပါတယ္။အာစင္ဝင္းဂါးေနရာဆက္ခံခဲ့တဲ့ အမ္မရီဟာ အမ္းမရိတ္စ္ထိုင္ခုံေပၚမွာ ၁၈လသာၾကာျမင့္ခဲ့တာပါ။အိုးလ္ထရက္ဖို႔ဒ္မွာ ၂၇ႏွစ္တာဝန္ယူသြားတဲ့ ဖာဂူဆန္ေခတ္အလြန္ မန္ယူဟာလည္း ဒီလိုမတည္ၿငိမ္မႈေတြနဲ႔႐ုန္းကန္ေနရပါတယ္။ဒါေၾကာင့္ ၿပိဳင္ဆိုင္မႈပိုမိုျပင္းထန္လာတဲ့ ေခတ္သစ္ေဘာလုံးေလာကမွာ နည္းျပေတြအတြက္ စိန္ေခၚမႈလည္းပိုမိုျပင္းထန္လာခဲ့ၿပီလို႔ စပါယ္ရွယ္ဝမ္းက ေျပာဆိုလိုက္တာပါ။ “ အသင္းတစ္သင္းမွာ ႏွစ္ ၂၀ လား။ဒါ ျဖစ္ႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ေခတ္မီဘဝ၊နည္းပညာသစ္နဲ႔ဆိုရွယ္မီဒီယာ။အားလုံးရဲ႕လႊမ္းမိုးမႈခံေနရတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။လူေတြရဲ႕ညဏ္ရည္၊ျမန္ဆန္လာတဲ့ ဆက္သြယ္ေရး၊စတဲ့အေၾကာင္းအရာမ်ားစြာဟာ ေျပာင္းလဲမႈေတြကိုျဖစ္ေပၚေစပါတယ္။ေဘာလုံးေလာကတစ္ခုတည္းမဟုတ္ပါဘူး။ကမာၻႀကီးမွာပါ ေျပာင္းလဲေနတာပါ။အာစင္ဝင္းဂါးဟာ ေနာက္ဆုံးမင္းဆက္ျဖစ္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ကြၽန္ေတာ္တို႔အတြက္ ဆိုး႐ြားတဲ့အေၾကာင္းအရာပါ။လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ ကိုယ့္အလုပ္နဲ႔ထိုက္တန္သူေတြျဖစ္ေၾကာင္း သက္ေသျပႏိုင္ဖို႔ႀကိဳးစားၾကရေတာ့မယ္။ေန႔တိုင္းတိုက္ပြဲဝင္ၾကရေတာ့မယ္” လို႔ ေမာ္ရင္ညိဳက ေျပာဆိုသြားခဲ့ပါတယ္။အမ္မရီဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးထုတ္ပယ္ခံလိုက္ရတဲ့နည္းျပျဖစ္လာေပမယ့္ သူတာဝန္ယူခဲ့တဲ့ ပရီးမီးယားလိဂ္ ၅၁ပြဲ ရမွတ္ဟာ အာစင္ဝင္းဂါးရဲ႕ပရီးမီးယားလိဂ္ေနာက္ဆုံး ၅၁ပြဲ ရမွတ္နဲ႔ ၈၈ မွတ္ခ်င္းတူညီေနပါတယ္။အမ္မရီက ၂၅ပြဲႏိုင္၊၁၃ပြဲသေရ၊၁၃ပြဲရႈံးၿပီး အာစင္ဝင္းဂါးက ၂၇ပြဲႏိုင္၊၇ပြဲသေရ၊၁၇ပြဲရႈံးခဲ့တာပါ။