ဖရန့်ဖတ်ကိုရှုံးသွားပေမယ့် တိုးတက်မှုလက္ခဏာတွေကို အာဆင်နယ်ပြခဲ့ကြောင်း လေသံမလျှော့သေးတဲ့အမ်မရီ

photo-gettyimages

photo-daily mail

ပရိသတ်တစ်ဝက်လောက်သာရှိတဲ့ အိမ်ကွင်းအမ်းမရိတ်စ်က ယူရိုပါလိဂ်ပွဲစဉ်မှာ ဖရန့်ဖတ်ကို ၂-၁ နဲ့ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း သူ့အသင်းဟာ တိုးတက်မှုလက္ခဏာတွေကို ပြသခဲ့ကြောင်း ဖိအားအောက်ရောက်နေတဲ့ အာဆင်နယ်နည်းပြအမ်မရီက ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်ဟာ ပထမပိုင်းမပြီးခင်လေး အသင်းခေါင်းဆောင်အူဘာမီယန်ရဲ့သွင်းယူမှုနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းက ၉ မိနစ်တာကာလအတွင်းမှာ ဖရန့်ဖတ်ကို ၂ ဂိုးဆက်တိုက်ပေးလိုက်ရပြီး ၂-၁ အရှုံးရလဒ်နဲ့ အဆုံးသတ်ခဲ့တာကြောင့် နည်းပြအမ်မရီအပေါ် ဖိအားတွေ ပိုမိုကျရောက်သွားပါတယ်။

photo-REX

ပွဲပြီးတော့ အာဆင်နယ်ပရိသတ်တွေဟာ လှောင်ပြောင်အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲက ကွင်းအတွင်းမှာလည်း ‘အမ်မရီထွက်’၊ ဘာဗျူဟာမှ မရှိ၊ ဘာကစားကွက်မှမရှိ’၊ ‘ပြေးပုန်းစရာ နေရှာမရှိ’ဆိုတဲ့စာတန်းတွေကို ကိုင်ဆောင်ကာ ပရိသတ်တွေက သူတို့ရဲ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုကြောင့် အာဆင်နယ်ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပြီး အမ်မရီရဲ့အနာဂါတ်ဟာလည်း ပိုပြီးမသေချာမရေရာ ဖြစ်လာပါတယ်။

photo-REX

ဒီလိုအခြေအနေရောက်နေပေမယ့်လည်း အမ်မရီကတော့ သူ့အသင်းကို အကောင်းမြင်နေဆဲဖြစ်ကာ အခုလိုပြောခဲ့ပါတယ်။ ”ပထမပိုင်းမှာ ကျွန်တော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၁-၀ နဲ့နိုင်နေခဲ့တာပါ။ ဒါ့အပြင် ဒုတိယဂိုးသွင်းနိုင်ဖို့ အခွင့်အလမ်းဖန်တီးမှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ကစားပုံအရ ပထမဆုံး ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်နဲ့ ဒုတိယပိုင်းမှာ အပေါင်းလက္ခဏာဆန်ခဲ့ပါတယ်။ ဒုတိယပိုင်းရဲ့ ၁၅ မိနစ်တာမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ဘဲ ၂ ဂိုးဆက်တိုက်ပေးလိုက်ရကာ ရလဒ်ပိုင်းကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ နောက်ဆုံးမိနစ် ၂၀ မှာ ကျွနန်တော်တို့ ပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသွင်းနိုင်မယ့်အခွင့်အလမ်းကောင်းကို မဖန်တီးနိုင်ခဲ့တာပါ”လို့ အမ်မရီက ဆိုခဲ့တာပါ။

[Zawgyi]

ဖရန္႔ဖတ္ကုိရႈံးသြားေပမယ့္ တိုးတက္မႈလကၡဏာေတြကို အာဆင္နယ္ျပခဲ့ေၾကာင္း ေလသံမေလွ်ာ့ေသးတဲ့အမ္မရီ

ပရိသတ္တစ္၀က္ေလာက္သာရိွတဲ့ အိမ္ကြင္းအမ္းမရိတ္စ္က ယူ၇ိုပါလိဂ္ပြဲစဥ္မွာ ဖရန္႔ဖတ္ကို ၂-၁ နဲ႔ရႈံးနိမ့္သြားခဲ့ေပမယ့္လည္း သူ႔အသင္းဟာ တိုးတက္မႈလကၡဏာေတြကို ျပသခဲ့ေၾကာင္း ဖိအားေအာက္ေရာက္ေနတဲ့ အာဆင္နယ္နည္းျပအမ္မရီက ေျပာၾကားလုိက္ပါတယ္။ အဲဒီပြဲမွာ အာဆင္နယ္ဟာ ပထမပိုင္းမၿပီးခင္ေလး အသင္းေခါင္းေဆာင္အူဘာမီယန္ရဲ႕သြင္းယူမႈနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းက ၉ မိနစ္တာကာလအတြင္းမွာ ဖရန္႔ဖတ္ကို ၂ ဂိုးဆက္တုိက္ေပးလုိက္ရၿပီး ၂-၁ အရႈံးရလဒ္နဲ႔ အဆုံးသတ္ခဲ့တာေၾကာင့္ နည္းျပအမ္မရီအေပၚ ဖိအားေတြ ပိုမိုက်ေရာက္သြားပါတယ္။

ပြဲၿပီးေတာ့ အာဆင္နယ္ပရိသတ္ေတြဟာ ေလွာင္ေျပာင္ေအာ္ဟစ္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီပြဲက ကြင္းအတြင္းမွာလည္း ‘အမ္မရီထြက္’၊ ဘာဗ်ဴဟာမွ မရွိ၊ ဘာကစားကြက္မွမရွိ’၊ ‘ေျပးပုန္းစရာ ေနရွာမရွိ’ဆိုတဲ့စာတန္းေတြကို ကိုင္ေဆာင္ကာ ပရိသတ္ေတြက သူတို႔ရဲ႕ခံစားခ်က္ေတြကို ဖြင့္ဟခဲ့ပါတယ္။ ဒီရႈံးနိမ့္မႈေၾကာင့္ အာဆင္နယ္ဟာ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၇ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ရၿပီး အမ္မရီရဲ႕အနာဂါတ္ဟာလည္း ပိုၿပီးမေသခ်ာမေရရာ ျဖစ္လာပါတယ္။

ဒီလုိအေျခအေနေရာက္ေနေပမယ့္လည္း အမ္မရီကေတာ့ သူ႔အသင္းကို အေကာင္းျမင္ေနဆဲျဖစ္ကာ အခုလိုေျပာခဲ့ပါတယ္။ ”ပထမပိုင္းမွာ ကၽြန္ေတာ္တုိ႔ဟာ ပြဲကိုထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ၁-၀ နဲ႔ႏိုင္ေနခဲ့တာပါ။ ဒါ့အျပင္ ဒုတိယဂိုးသြင္းႏိုင္ဖို႔ အခြင့္အလမ္းဖန္တီးမႈေတြကိုလည္း ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ကစားပုံအရ ပထမဆုံး ၅ မိနစ္ ဒါမွမဟုတ္ ၁၀ မိနစ္နဲ႔ ဒုတိယပိုင္းမွာ အေပါင္းလကၡဏာဆန္ခ့ဲပါတယ္။ ဒုတိယပိုင္းရဲ႕ ၁၅ မိနစ္တာမွာ ကၽြန္ေတာ္တို႔ မထိန္းခ်ဳပ္ႏို္င္ခဲ့ဘဲ ၂ ဂိုးဆက္တုိက္ေပးလုိက္ရကာ ရလဒ္ပိုင္းကို မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ေနာက္ဆုံးမိနစ္ ၂၀ မွာ ကၽြနန္ေတာ္တို႔ ျပန္လာဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသြင္းႏုိင္မယ့္အခြင့္အလမ္းေကာင္းကို မဖန္တီးႏိုင္ခဲ့တာပါ”လို႔ အမ္မရီက ဆိုခဲ့တာပါ။