ပွဲအပြီး ဖရန့်ဖတ်ကစားသမားတွေနဲ့ ရယ်ရယ်မောမောရှိနေခဲ့တာကြောင့် ဇာခါကို အာဆင်နယ်ပရိသတ်တွေဒေါသထွက်

photo-bt sport

photo-gettyimages

အခုလိုအချိန် အာဆင်နယ်မှာ အများကြီးရယ်မောပြုံးရွှင်နေစရာ အကြောင်းမရှိပါဘူး။ အထူးသဖြင့် ဇာခါလို ကစားသမားအတွက်ပေါ့။ အဲဒီဆွစ်ဇာလန်ကွင်းလယ်လူဟာ ပဲလေ့စ်နဲ့ပွဲမှာ ဥမင်ထဲမဝင်ခင် ကိုယ့်အသင်းပရိသတ်တွေကို ဆဲဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့လကမှ အသင်းခေါင်းဆောင်လက်ပတ်ရုပ်သိမ်းခြင်းခံထားရတာပါ။ မနေ့ညက ဖရန့်ဖတ်နဲ့ပွဲမှာ အဲဒီဖြစ်ရပ်နောက်ပိုင်း အာဆင်နယ်အတွက် ဇာခါ ပထမဆုံးပြန်ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။

photo-bt sport

ဒါပေမဲ့လည်း ပွဲအပြီးက ဇာခါရဲ့အပြုအမူဟာ အာဆင်နယ်ပရိသတ်တွေကို ထပ်မံဒေါသထွက်စေခဲ့ပါတယ်။ သူ့အသင်းရှုံးပြီးတဲ့နောက် ပြိုုင်ဘက်ကစားသမားတွေနဲ့ ရယ်ရယ်မောမောပွေ့ဖက်နှုတ်ဆက်နေကြတာကို ရုပ်သံကင်မရာကနေ တွေ့ခဲ့ကြရလို့ပါပဲ။ ပွဲမတိုခင် အသင်းလူစာရင်းကြေညာရာမှာ သူ့နာမည်ကိုခေါ်တော့ အားပေးသံတွေကိုကြားရလို့ ပရိသတ်တွေနဲ့အဆင်မပြေခဲ့မှုကနေ ဇာခါတစ်ယောက် ပြန်လည်အဖတ်ဆယ်နိုင်တော့မယ်လို့ ထင်ခဲ့ရတာပါ။ ဒါ့အပြင် ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ရတော့မလိုဖြစ်ခဲ့တဲ့အချိန်တုန်းကလည်း သူဟာ နွေးထွေးတဲ့လက်ခုပ်သံတွေကို ရရှိခဲ့ပါတယ်။

photo-bt sport

ဒါပေမဲ့ ပွဲအပြီးမှာ ရယ်ရယ်မောမောဖြစ်နေတဲ့ သူ့ရဲ့ပုံရိပ်ကိုတွေ့လိုက်ရပြီးနောက်မှတော့ အာဆင်နယ်ပရိသတ်တွေဟာ ချက်ချင်းပဲ ပြောင်းလဲသွားပြီး ဒေါသထွက်ခဲ့ကြပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာထက်မှာ သူ့ကို အာဆင်နယ်ကထွက်သွားတော့ဆိုတဲ့အသံတွေ ကြားလာရပါတယ်။ လက်ရှိအချိန်ထိလည်း ၂၇ နှစ်အရွယ်ကွင်းလယ်လူဇာခါရဲ့အာဆင်နယ်အနာဂါတ်ဟာ မရေရာမသေချာသေးပါဘူး။

[Zawgyi]

ပြဲအၿပီး ဖရန္႔ဖတ္ကစားသမားေတြနဲ႔ ရယ္ရယ္ေမာေမာရွိေနခဲ့တာေၾကာင့္ ဇာခါကို အာဆင္နယ္ပရိသတ္ေတြေဒါသထြက္

အခုလိုအခ်ိန္ အာဆင္နယ္မွာ အမ်ားႀကီးရယ္ေမာၿပဳံးရႊင္ေနစရာ အေၾကာင္းမရွိပါဘူး။ အထူးသျဖင့္ ဇာခါလို ကစားသမားအတြက္ေပါ့။ အဲဒီဆြစ္ဇာလန္ကြင္းလယ္လူဟာ ပဲေလ့စ္နဲ႔ပြဲမွာ ဥမင္ထဲမ၀င္ခင္ ကိုယ့္အသင္းပရိသတ္ေတြကို ဆဲဆုိခဲ့တာေၾကာင့္ ၿပီးခ့ဲတဲ့လကမွ အသင္းေခါင္းေဆာင္လက္ပတ္ရုပ္သိမ္းျခင္းခံထားရတာပါ။ မေန႔ညက ဖရန္႔ဖတ္နဲ႔ပြဲမွာ အဲဒီျဖစ္ရပ္ေနာက္ပိုင္း အာဆင္နယ္အတြက္ ဇာခါ ပထမဆုံးျပန္ကစားတဲ့ပြဲလည္း ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ပြဲအၿပီးက ဇာခါရဲ႕အျပဳအမူဟာ အာဆင္နယ္ပရိသတ္ေတြကို ထပ္မံေဒါသထြက္ေစခဲ့ပါတယ္။ သူ႔အသင္းရႈံးၿပီးတဲ့ေနာက္ ၿပိဳဳင္ဘက္ကစားသမားေတြနဲ႔ ရယ္ရယ္ေမာေမာေပြ႕ဖက္ႏႈတ္ဆက္ေနၾကတာကို ရုပ္သံကင္မရာကေန ေတြ႕ခဲ့ၾကရလုိ႔ပါပဲ။ ပြဲမတိုခင္ အသင္းလူစာရင္းေၾကညာရာမွာ သူ႔နာမည္ကိုေခၚေတာ့ အားေပးသံေတြကိုၾကားရလို႔ ပရိသတ္ေတြနဲ႔အဆင္မေျပခဲ့မႈကေန ဇာခါတစ္ေယာက္ ျပန္လည္အဖတ္ဆယ္ႏိုင္ေတာ့မယ္လို႔ ထင္ခဲ့ရတာပါ။ ဒါ့အျပင္ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ရေတာ့မလိုျဖစ္ခ့ဲတဲ့အခ်ိန္တုန္းကလည္း သူဟာ ေႏြးေထြးတဲ့လက္ခုပ္သံေတြကို ရရွိခဲ့ပါတယ္။

ဒါေပမဲ့ ပြဲအၿပီးမွာ ရယ္ရယ္ေမာေမာျဖစ္ေနတဲ့ သူ႔ရဲ႕႔ပုံရိပ္ကိုေတြ႕လိုက္ရၿပီးေနာက္မွေတာ့ အာဆင္နယ္ပရိသတ္ေတြဟာ ခ်က္ခ်င္းပဲ ေျပာင္းလဲသြားၿပီး ေဒါသထြက္ခဲ့ၾကပါတယ္။ အထူးသျဖင့္ ဆိုရွယ္မီဒီယာထက္မွာ သူ႔ကို အာဆင္နယ္ကထြက္သြားေတာ့ဆိုတဲ့အသံေတြ ၾကားလာရပါတယ္။ လက္ရွိအခ်ိန္ထိလည္း ၂၇ ႏွစ္အရြယ္ကြင္းလယ္လူဇာခါရဲ႕အာဆင္နယ္အနာဂါတ္ဟာ မေရရာမေသခ်ာေသးပါဘူး။