ပြန်ကစားဖို့ ၃ ပတ်ခွဲလောက် စောင့်ရဦးမယ်လို့ ပေါ့ဂ်ဘာပြော

Photo- Internet
Photo- Internet

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဂ်ဘာက သူ့အနေနဲ့အမြန်ဆုံးပြန်ကစားချင်နေပေမယ့် ခြေချင်းဝတ်ဒဏ်ရာကို ပလာစတာစည်းထားရဆဲဖြစ်လို့ ၃ ပတ်ခွဲလောက် စောင့်ရဦးမယ်လို့ ပြောလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူရဲ့နောက်ဆုံး ၇ ပွဲစလုံးကို လွဲချော်ခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ စက်တင်ဘာလက အာဆင်နယ်နဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း မန်ယူအတွက် မကစားပေးနိုင်တော့တာပါ။ မန်ယူဟာ ပေါ့ဂ်ဘာမပါဘဲနဲ့ မကြာသေးခင်က ရလဒ်တွေကောင်းခဲ့သေးပေမယ့် ဘုန်းမောက်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပေါ့ဂ်ဘာကို ပြန်လည်တမ်းတမှုတွေရှိနေပါတယ်။

Photo- Internet

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာက”ကျွန်တော့်ဒဏ်ရာကို ပလာစတာစည်းထားရပါသေးတယ်။ ဒါက ၁၀ ရက်လောက်ကြာဦးမှာပါ။ ဒါပြီးရင်လည်းပြပန်လည်ကြံခိုင်မှုအတွက်လည်း နှစ်ပတ်လောက် လေ့ကျင့်ရဦးမှာဖြစ်လို့ ပြန်ကစားဖို့အတွက် အချိန်စောင့်ရဦးမှာပါ။ ကစားဖော်တွေက လေ့ကျင့်ရေးကွင်းကိုသွား၊ ကွင်းထဲမှာကစားနေကြတာတွေကိုကြည့်ရတာမလွယ်လှပါဘူး။” လို့ပြောသွားပါတယ်။

Photo- Internet

မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ပေါ့ဂ်ဘာဟာ ဒီဇင်ဘာလလောက်ရောက်မှပြန်ကစားနိုင်မယ်လို့ ဆိုထားတာကြောင့် သူ့ဒဏ်ရာအခြေအနေကောင်းတယ်ဆိုရင်တောင်မှ အနည်းဆုံး ၃ ပတ်လောက်ထပ်စောင့်ရဦးမှာဖြစ်ပါတယ်။ သူပြန်ကစားဖို့ အနီးစပ်ဆုံးပွဲက ဒီဇင်ဘာ ၁ ကျရင်အိမ်ကွင်းမှာ အက်စ်တွန်ဗီလာနဲ့ ကစားရမယ့် ပွဲဖြစ်ပါတယ်။

Photo- Internet

ပေါ့ဂ်ဘာဟာ လာမယ့်နွေရာသီမှာ မန်ယူကနေထွက်ခွာဖို့ရှိတယ်လို့ သတင်းထွက်နေပြီး သူ့ကို ဂျူ ဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ခေါ်ယူဖို့ ကြိုးစားနေကြတယ်လို့လည်းဆိုပါတယ်။ မန်ယူဟာ သူ့ကိုဝယ်တုန်းကပေါင် ၈၉ သန်းပေးခဲ့ရပေမယ့် လက်ရှိမှာပေါင်သန်း ၁၅၀ အထိအလိုရှိနေတယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

ျပန္ကစားဖို႔ ၃ ပတ္ခြဲေလာက္ ေစာင့္ရဦးမယ္လို႔ ေပါ့ဂ္ဘာေျပာ

မန္ယူအသင္းကြင္းလယ္လူ ေပါ့ဂ္ဘာက သူ႔အေနနဲ႔အျမန္ဆုံးျပန္ကစားခ်င္ေနေပမယ္႔ ေျခခ်င္း၀တ္ဒဏ္ရာကို ပလာစတာစည္းထားရဆဲျဖစ္လို႔ ၃ ပတ္ခြဲေလာက္ ေစာင့္ရဦးမယ္လို႔ ေျပာလိုက္ပါတယ္။ ေပါ့ဂ္ဘာဟာ မန္ယူရဲ႕ေနာက္ဆုံး ၇ ပြဲစလုံးကို လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ႔ စက္တင္ဘာလက အာဆင္နယ္နဲ႔ ၁-၁ သေရက်ခဲ့တဲ႔ ပြဲမွာ ပါ၀င္ခဲ့ၿပီးေနာက္ပိုင္း မန္ယူအတြက္ မကစားေပးႏိုင္ေတာ႔တာပါ။ မန္ယူဟာ ေပါ့ဂ္ဘာမပါဘဲနဲ႔ မၾကာေသးခင္က ရလဒ္ေတြေကာင္းခဲ့ေသးေပမယ္႔ ဘုန္းေမာက္နဲ႔ပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးတဲ႔ေနာက္ ေပါ့့ဂ္ဘာကို ျပန္လည္တမ္းတမႈေတြရွိေနပါတယ္။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ေပါ့ဂ္ဘာက”ကၽြန္ေတာ္႔ဒဏ္ရာကို ပလာစတာစည္းထားရပါေသးတယ္။ ဒါက ၁၀ ရက္ေလာက္ၾကာဦးမွာပါ။ ဒါၿပီးရင္လည္းျပပန္လည္ႀကံခိုင္မႈအတြက္လည္း ႏွစ္ပတ္ေလာက္ ေလ႔က်င့္ရဦးမွာျဖစ္လို႔ ျပန္ကစားဖို႔အတြက္ အခ်ိန္ေစာင့္ရဦးမွာပါ။ ကစားေဖာ္ေတြက ေလ႔က်င့္ေရးကြင္းကိုသြား၊ ကြင္းထဲမွာကစားေနၾကတာေတြကိုၾကည့္ရတာမလြယ္လွပါဘူး။” လို႔ေျပာသြားပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားကလည္း ေပါ့ဂ္ဘာဟာ ဒီဇင္ဘာလေလာက္ေရာက္မွျပန္ကစားႏိုင္မယ္လို႔ ဆိုထားတာေၾကာင့္ သူ႔ဒဏ္ရာအေျခအေနေကာင္းတယ္ဆိုရင္ေတာင္မွ အနည္းဆုံး ၃ ပတ္ေလာက္ထပ္ေစာင့္ရဦးမွာျဖစ္ပါတယ္။ သူျပန္ကစားဖို႔ အနီးစပ္ဆုံးပြဲက ဒီဇင္ဘာ ၁ က်ရင္အိမ္ကြင္းမွာ အက္စ္တြန္ဗီလာနဲ႔ ကစားရမယ္႔ ပြဲျဖစ္ပါတယ္။

ေပါ့ဂ္ဘာဟာ လာမယ္႔ေႏြရာသီမွာ မန္ယူကေနထြက္ခြာဖို႔ရွိတယ္လို႔ သတင္းထြက္ေနၿပီး သူ႔ကို ဂ်ဴ ဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔က ေခၚယူဖို႔ ႀကိဳးစားေနၾကတယ္လို႔လည္းဆိုပါတယ္။ မန္ယူဟာ သူ႔ကို၀ယ္တုန္းကေပါင္ ၈၉ သန္းေပးခဲ့ရေပမယ္႔ လက္ရွိမွာေပါင္သန္း ၁၅၀ အထိအလိုရွိေနတယ္လို႔လည္း သိရပါတယ္။