ပေါ့ဘာနေရာအစားထိုးဖို့ မန်ယူမျက်စိကျနေတာ ဘယ်သူလဲ…

PC ; Internet

မန်ယူအသင်းဟာ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ကွင်းလယ်လူပေါ့ဘာနေရာမှာ အစားထိုးဖို့ ကစားသမားတစ်ယောက်ကို မျက်စိကျနေပါတယ်။သူကတော့ ဘန်လေကွင်းလယ်လူဒွိုက်မက်နေးပါပဲ။မက်နေးဆိုတာက တစ်ခြားသူတော့မဟုတ်ပါဘူး။အသက် ၁၄နှစ်အရွယ်မှာ မန်ယူအကယ်ဒမီကိုကျောခိုင်းသွားခဲ့သူပါ။

PC ; Internet

လက်ရှိအချိန်မှာ အသက် ၁၉နှစ်ရှိနေပြီဖြစ်တဲ့ ဒီကောင်လေးဟာ ဘန်လေနဲ့အတူတောက်ပလာတာကြောင့် သရဲနီဗီဇပါတဲ့သူ့ကိုပြန်ခေါ်ဖို့ မန်ယူမျက်စိကျလာခဲ့တာဖြစ်ပါတယ်။အင်္ဂလန်လူငယ်ကြယ်ပွင့်လေးရဲ့ လက်ရှိတန်ကြေးကတော့ ပေါင် ၃၅သန်းဝန်းကျင်လောက်ရှိနေပြီး အဲဒီပမာဏရရင် ဘန်လေကလည်း သူ့ကိုလက်လွှယ်ဖွယ်ရှိနေပါတယ်။

PC ; Internet

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ဘန်လေပွဲစဉ်မှာ မန်ယူကင်းထောက်တွေဟာ မက်နေးရဲ့ခြေစွမ်းကို သွားရောက်အကဲခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ကာယကံရှင်ကတော့ မန်ယူအကယ်ဒမီကနေ သူ ထွက်ခွာခဲ့ပုံကို “ အသက် ၁၄နှစ်အရွယ်မှာ မန်ယူနဲ့လမ်းခွဲခဲ့ပါတယ်။ ကျွန်တော်ထွက်ခွာဖြစ်ခဲ့တဲ့ အကြောင်းအရင်းတစ်ချက်ကတော့ ထူးခြားမှုရှိပြီးလုံလောက်ခဲ့ပါတယ်။

PC ; Internet

တည်ကန်ဘောတွေကို ကောင်းအောင်မကန်နိုင်ခဲ့လို့ပါ။ မမျှော်လင့်ခဲ့တဲ့အချိန်တွေဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ကျောင်းမှာသင်ယူဆဲကာလတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဘန်လေကိုရောက်ခဲ့ပြီး ၆ပတ် အကြာမှာတော့ ရာသီမဆုံးခင် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကမန်ယူပရိသတ်ပါ။ အမြဲတမ်း မန်ယူပရိသတ်အဖြစ်ရှိသွားမှာပါ။ ကျွန်တော်က သူတို့ရဲ့စံနှုန်းနဲ့တော့မကိုက်ညီခဲ့ပါဘူး” လို့ ဖွင့်ဟထားပါတယ်။

(zawgyi)

မန္ယူအသင္းဟာ အနာဂတ္မတည္မၿငိမ္ျဖစ္ေနတဲ့ ကြင္းလယ္လူေပါ့ဘာေနရာမွာ အစားထိုးဖို႔ ကစားသမားတစ္ေယာက္ကို မ်က္စိက်ေနပါတယ္။သူကေတာ့ ဘန္ေလကြင္းလယ္လူဒိြဳက္မက္ေနးပါပဲ။မက္ေနးဆိုတာက တစ္ျခားသူေတာ့မဟုတ္ပါဘူး။အသက္ ၁၄ႏွစ္အရြယ္မွာ မန္ယူအကယ္ဒမီကိုေက်ာခိုင္းသြားခဲ့သူပါ။လက္ရွိအခ်ိန္မွာ အသက္ ၁၉ႏွစ္ရွိေနၿပီျဖစ္တဲ့ ဒီေကာင္ေလးဟာ ဘန္ေလနဲ႔အတူေတာက္ပလာတာေၾကာင့္ သရဲနီဗီဇပါတဲ့သူ႔ကိုျပန္ေခၚဖို႔ မန္ယူမ်က္စိက်လာခဲ့တာျဖစ္ပါတယ္။အဂၤလန္လူငယ္ၾကယ္ပြင့္ေလးရဲ႕ လက္ရွိတန္ေၾကးကေတာ့ ေပါင္ ၃၅သန္း၀န္းက်င္ေလာက္ရွိေနၿပီး အဲဒီပမာဏရရင္ ဘန္ေလကလည္း သူ႔ကိုလက္လႊယ္ဖြယ္ရွိေနပါတယ္။ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ဘန္ေလပြဲစဥ္မွာ မန္ယူကင္းေထာက္ေတြဟာ မက္ေနးရဲ႕ေျခစြမ္းကို သြားေရာက္အကဲခတ္ခဲ့တယ္လို႔လည္းသိရပါတယ္။ကာယကံရွင္ကေတာ့ မန္ယူအကယ္ဒမီကေန သူ ထြက္ခြာခဲ့ပံုကို “ အသက္ ၁၄ႏွစ္အရြယ္မွာ မန္ယူနဲ႔လမ္းခြဲခဲ့ပါတယ္။ ကၽြန္ေတာ္ထြက္ခြာျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းတစ္ခ်က္ကေတာ့ ထူးျခားမႈရွိျပီးလံုေလာက္ခဲ့ပါတယ္။ တည္ကန္ေဘာေတြကို ေကာင္းေအာင္မကန္ႏိုင္ခဲ့လို႔ပါ။ မေမွ်ာ္လင့္ခဲ့တဲ့အခ်ိန္ေတြျဖစ္ျပီး အဲ့ဒီအခ်ိန္တုန္းက ေက်ာင္းမွာသင္ယူဆဲကာလတစ္ခုျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ဘန္ေလကိုေရာက္ခဲ့ျပီး ၆ပတ္ အၾကာမွာေတာ့ ရာသီမဆံုးခင္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ကမန္ယူပရိသတ္ပါ။ အျမဲတမ္း မန္ယူပရိသတ္အျဖစ္ရွိသြားမွာပါ။ ကၽြန္ေတာ္က သူတို႔ရဲ႔စံႏွဳန္းနဲ႔ေတာ့မကိုက္ညီခဲ့ပါဘူး” လို႔ ဖြင့္ဟထားပါတယ္။