ပီအက်စ်ဂျီနဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့လို့ လူစာရင်းကချန်လှပ်ခံရသလို ဒဏ်ငွေလည်းရိုက်ခံရတဲ့ ဘရုဂျက်တိုက်စစ်မှုး

photo-sportbible

photo-gettyimages

ပွဲစဉ်တစ်ပွဲမှာ ပင်နယ်တီလွဲတာနဲ့ အဲဒီကစားသမားကို လူစာရင်းက ချန်လှပ်ခံရပြီး ဒဏ်ငွေလည်း ပေးဆောင်စေတယ်ဆိုတာ ဘောလုံးမှာ အရင်က ကြားတောင် မကြားဖူးပါဘူး။ ဒါပေမဲ့ ဘယ်လ်ဂျီယံကလပ်ဘရုဂျက်တိုက်စစ်မှုးဒီယက်နီကတော့ ပြီးခဲ့တဲ့ကြားရက် ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ပွဲမှာ ပင်နယ်တီလွဲခဲ့တာကြောင့် အသင်းကနေ အဲဒီလိုအပြစ်ပေးမှုတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ပြင်သစ်မြေမှာကစားခဲ့တဲ့ အဲဒီချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဒီယက်နီဟာ လူစားဝင်အနေနဲ့ ကစားသွားခဲ့တာပါ။

photo-gettyimages

အဲဒီဆီနီဂေါသားဟာ ဒုတိယပိုင်း ၆၇ မိနစ်မှာ လူစားဝင်လာတာဖြစ်ပြီး သူလူစားဝင်လာလို့ ၁၀ မိနစ်အတွင်းမှာပဲ ဘရုဂျက်ဟာ ပင်နယ်တီကန်ခွင့်ရခဲ့တာပါ။ အဲဒီအချိန်မှာ ပီအက်စ်ဂျီက တစ်လုံးတည်းသောဂိုးနဲ့သာ ဦးဆောင်နိုင်နေတာပါ။ အဲဒီပင်နယ်တီကိုသာ ဝင်အောင်ကန်နိုင်ရင် ဘရုဂျက်ဟာ သရေတစ်မှတ်ရသွားနိုင်တဲ့အခြေအနေရှိပါတယ်။ ဒါပေမဲ့ ဒီယက်နီကန်သွင်းတာ လွဲချော်သွားပါတယ်။ ဖြစ်ချင်တော့ ဒီယက်နီဟာ အဲဒီပွဲအတွက် ပင်နယ်တီတာဝန်ပေးခံထားရသူ မဟုတ်ပါဘူး။ တကယ်ပင်နယ်တီတာဝန်ယူထားတဲ့ ကွင်းလယ်လူဗာကန်နာက သူ့အသင်းဖော်နဲ့လူသိရှင်ကြား စကားမများချင်တာကြောင့်လို့ ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

photo-gettyimages

ဘရုဂျက်နည်းပြကလီမန့်ကလည်း”ဒီယက်နီကို အသင်းလူစာရင်းမှာပြန်ထည့်ဖို့က လာမယ့်ရက်သတ္တပတ်တွေ၊ ဒါမှမဟုတ် လာမယ့်လတွေကျမှ ကျွန်တော်ဆုံးဖြတ်သွားမှာပါ။ သူ့ကို ဒဏ်ငွေကြီးကြီး တပ်ရိုက်သွားဖို့လည်း ရှိပါတယ်။ အဲဒါဟာ မိုက်မဲတဲ့မှားယွင်းမှုတစ်ခုဖြစ်ခဲ့တာပါ။ ရလဒ်ပိုင်းအရ သက်ရောက်မှုရှိခဲ့တဲ့ အမှားတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီအတွက် အတော်လည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒီယက်နီအနေနဲ့ ကျွန်တော်တို့ကလပ်ရဲ့တန်ဖိုးနဲ့စံနှုန်းတွေကို နားလည်လက်ခံကြောင်း ပြသရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ပင္နယ္တီလြဲခဲ့လို႔ လူစာရင္းကခ်န္လွပ္ခံရသလို ဒဏ္ေငြလည္းရိုက္ခံရတဲ့ ဘရုဂ်က္တိုက္စစ္မႈး

ပြဲစဥ္တစ္ပြဲမွာ ပင္နယ္တီလြဲတာနဲ႔ အဲဒီကစားသမားကို လူစာရင္းက ခ်န္လွပ္ခံရၿပီး ဒဏ္ေငြလညး္ ေပးေဆာင္ေစတယ္ဆုိတာ ေဘာလုံးမွာ အရင္က ၾကားေတာင္ မၾကားဖူးပါဘူး။ ဒါေပမဲ့ ဘယ္လ္ဂ်ီယံကလပ္ဘရုဂ်က္တိုက္စစ္မႈးဒီယက္နီကေတာ့ ၿပီးခဲ့တဲ့ၾကားရက္ ပီအက္စ္ဂ်ီနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ပင္နယ္တီလြဲခဲ့တာေၾကာင့္ အသင္းကေန အဲဒီလုိအျပစ္ေပးမႈေတြနဲ႔ ရင္ဆိုင္လုိက္ရပါတယ္။ ျပင္သစ္ေျမမွာကစားခဲ့တဲ့ အဲဒီခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ဒီယက္နီဟာ လူစား၀င္အေနနဲ႔ ကစားသြားခဲ့တာပါ။

အဲဒီဆီနီေဂါသားဟာ ဒုတိယပိုင္း ၆၇ မိနစ္မွာ လူစား၀င္လာတာျဖစ္ၿပီး သူလူစား၀င္လာလို႔ ၁၀ မိနစ္အတြင္းမွာပဲ ဘရုဂ်က္ဟာ ပင္နယ္တီကန္ခြင့္ရခဲ့တာပါ။ အဲဒီအခ်ိန္မွာ ပီအက္စ္ဂ်ီက တစ္လုံးတည္းေသာဂုိးနဲ႔သာ ဦးေဆာင္ႏိုင္ေနတာပါ။ အဲဒီပင္နယ္တီကိုသာ ၀င္ေအာင္ကန္ႏိုင္ရင္ ဘရုဂ်က္ဟာ သေရတစ္မွတ္ရသြားႏုိင္တဲ့အေျခအေနရွိပါတယ္။ ဒါေပမဲ့ ဒီယက္နီကန္သြင္းတာ လြဲေခ်ာ္သြားပါတယ္။ ျဖစ္ခ်င္ေတာ့ ဒီယက္နီဟာ အဲဒီပြဲအတြက္ ပင္နယ္တီတာ၀န္ေပးခံထားရသူ မဟုတ္ပါဘူး။ တကယ္ပင္နယ္တီတာ၀န္ယူထားတဲ့ ကြင္းလယ္လူဗာကန္နာက သူ႔အသင္းေဖာ္နဲ႔လူသိရွင္ၾကား စကားမမ်ားခ်င္တာေၾကာင့္လို႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့တာပါ။

ဘရုဂ်က္နည္းျပကလီမန္႔ကလည္း”ဒီယက္နီကုိ အသင္းလူစာရင္းမွာျပန္ထည့္ဖို႔က လာမယ့္ရက္သတၱပတ္ေတြ၊ ဒါမွမဟုတ္ လာမယ့္လေတြက်မွ ကၽြန္ေတာ္ဆုံးျဖတ္သြားမွာပါ။ သူ႔ကို ဒဏ္ေငြႀကီးႀကီး တပ္ရိုက္သြားဖုိ႔လညး္ ရွိပါတယ္။ အဲဒါဟာ မိုက္မဲတဲ့မွားယြင္းမႈတစ္ခုျဖစ္ခ့ဲတာပါ။ ရလဒ္ပိုင္းအရ သက္ေရာက္မႈရွိခဲ့တဲ့ အမွားတစ္ခုလည္း ျဖစ္ပါတယ္။ အဲဒီအတြက္ အေတာ္လည္း စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္။ ဒီယက္နီအေနနဲ႔ ကၽြန္္ေတာ္တို႔ကလပ္ရဲ႕တန္ဖိုးန႔ဲစံႏႈန္းေတြကို နားလည္လက္ခံေၾကာင္း ျပသရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။