ပိုချက်တီနိုကိုမော်ရင်ညိုနဲ့အစားထိုးခဲ့တဲ့ စပါးလုပ်ရပ်အပေါ် အံ့အားသင့်မိတယ်လို့ အမ်မရီဖွင့်ဟ

PC ; Internet
PC ; Internet

ပိုချက်တီနိုကိုထုတ်ပယ်ပြီး မော်ရင်ညိုနဲ့အစားထိုးခဲ့တဲ့ စပါးအသင်းရဲ့လုပ်ရပ်အပေါ် အံ့အားသင့်မိတယ်လို့ အာဆင်နယ်နည်းပြအမ်မရီက ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ချဲလ်ဆီး၊ရီးရဲလ်နဲ့မန်ယူနည်းပြဟောင်း မော်ရင်ညိုဟာ ပိုချက်တီနိုကိုထုတ်ပယ်လိုက်ပြီး နာရီပိုင်းအနည်းငယ်အတွင်းမှာပဲ အာဂျင်တီးနားသားရဲ့နေရာကို ၃နှစ်ခွဲစာချုပ်နဲ့ရောက်ရှိလာသူပါ။

PC ; Internet

ဒါပေမဲ့ အမ်မရီကတော့ ပိုချက်တီနိုရဲ့လက်ထက်မှာ စပါးဟာပြီးပြည်စုံတဲ့ကစားဟန်မျိုးပိုင်ဆိုင်ပြီးသားလို့ ယုံကြည်နေသလို အခုလိုအပြောင်းအလဲအတွက် အံ့အားသင့်မိတယ်လို့ ဖွင့်ဟလိုက်တာပါ။ဒါ့အပြင် မော်ရင်ညိုဟာ စပါးရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်မယ့်သူဆိုတာ မသေချာဘူးလို့လည်း အာဆင်နယ်နည်းပြက သံသယရှိနေပါတယ်။

PC ; Internet

“ ဟုတ်ပါတယ် ဒါ တကယ့်ကို အံ့အားသင့်စရာပါ။ပိုချက်တီနိုရဲ့ အဆုံးသတ် ဘယ်လိုဖြစ်သွားတယ်ဆိုတာ အံ့သြစရာလို့ ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့ သူတို့ရဲ့လက်ရှိစွမ်းဆောင်မှုကို ဘာကြောင့် မော်ရင်ညိုနဲ့ပြောင်းလဲဖို့ကြိုးစားရတာလဲဆိုတာတော့ ကျွန်တော်အတိအကျမသိပါဘူး။သူဟာ သိပ်ကောင်းတဲ့နည်းပြပါ။သူ့ရဲ့နည်းပြဘဝက ဆုဖလားတွေ၊အတွေ့အကြုံတွေနဲ့သိပ်ကိုခိုင်မာပါတယ်။ ပိုချက်တီနို စပါးမှာလုပ်ပြသွားတာတွေကလည်း အံ့အားသင့်စရာတွေပါပဲ။

PC ; Internet

ဘောလုံးလောကမှာ အပြောင်းအလဲတွေက သိပ်မြန်ပါတယ်။အရင်ကရလဒ်တွေထက် နောက်ဆုံးရလဒ်တွေက ပိုပြီးအရေးပါတတ်ပါတယ်။စပါးရဲ့နောက်ပိုင်းရလဒ်တွေမကောင်းခဲ့ပေမယ့် သူတို့ဟာ ပိုချက်တီနိုလက်ထက်မှာ ပြီးပြည့်စုံခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။အခုတော့ ပြောင်းလဲဖို့ သူတို့ဆုံးဖြတ်ခဲ့တယ်။ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး” လို့ အမ်မရီက ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ပိုခ်က္တီႏိုကိုထုတ္ပယ္ၿပီး ေမာ္ရင္ညိဳနဲ႔အစားထိုးခဲ့တဲ့ စပါးအသင္းရဲ႕လုပ္ရပ္အေပၚ အံ့အားသင့္မိတယ္လို႔ အာဆင္နယ္နည္းျပအမ္မရီက ထုတ္ေဖာ္၀န္ခံလိုက္ပါတယ္။ခ်ဲလ္ဆီး၊ရီးရဲလ္နဲ႔မန္ယူနည္းျပေဟာင္း ေမာ္ရင္ညိဳဟာ ပိုခ်က္တီႏိုကိုထုတ္ပယ္လိုက္ၿပီး နာရီပိုင္းအနည္းငယ္အတြင္းမွာပဲ အာဂ်င္တီးနားသားရဲ႕ေနရာကို ၃ႏွစ္ခြဲစာခ်ဳပ္နဲ႔ေရာက္ရွိလာသူပါ။ဒါေပမဲ့ အမ္မရီကေတာ့ ပိုခ်က္တီႏိုရဲ႕လက္ထက္မွာ စပါးဟာၿပီးျပည္စံုတဲ့ကစားဟန္မ်ိဳးပိုင္ဆိုင္ၿပီးသားလို႔ ယံုၾကည္ေနသလို အခုလိုအေျပာင္းအလဲအတြက္ အံ့အားသင့္မိတယ္လို႔ ဖြင့္ဟလိုက္တာပါ။ဒါ့အျပင္ ေမာ္ရင္ညိဳဟာ စပါးရဲ႕ကံၾကမၼာကိုေျပာင္းလဲေပးႏိုင္မယ့္သူဆိုတာ မေသခ်ာဘူးလို႔လည္း အာဆင္နယ္နည္းျပက သံသယရွိေနပါတယ္။“ ဟုတ္ပါတယ္ ဒါ တကယ့္ကို အံ့အားသင့္စရာပါ။ပိုခ်က္တီႏိုရဲ႕ အဆံုးသတ္ ဘယ္လိုျဖစ္သြားတယ္ဆိုတာ အ့့ံၾသစရာလို႔ ကၽြန္ေတာ္ထင္ပါတယ္။ဒါေပမဲ့ သူတို႔ရဲ႕လက္ရွိစြမ္းေဆာင္မႈကို ဘာေၾကာင့္ ေမာ္ရင္ညိဳနဲ႔ေျပာင္းလဲဖို႔ႀကိဳးစားရတာလဲဆိုတာေတာ့ ကၽြန္ေတာ္အတိအက်မသိပါဘူး။သူဟာ သိပ္ေကာင္းတဲ့နည္းျပပါ။သူ႔ရဲ႕နည္းျပဘ၀က ဆုဖလားေတြ၊အေတြ႔အႀကံဳေတြနဲ႔သိပ္ကိုခိုင္မာပါတယ္။ ပိုခ်က္တီႏို စပါးမွာလုပ္ျပသြားတာေတြကလည္း အံ့အားသင့္စရာေတြပါပဲ။ေဘာလံုးေလာကမွာ အေျပာင္းအလဲေတြက သိပ္ျမန္ပါတယ္။အရင္ကရလဒ္ေတြထက္ ေနာက္ဆံုးရလဒ္ေတြက ပိုၿပီးအေရးပါတတ္ပါတယ္။စပါးရဲ႕ေနာက္ပိုင္းရလဒ္ေတြမေကာင္းခဲ့ေပမယ့္ သူတို႔ဟာ ပိုခ်က္တီႏိုလက္ထက္မွာ ၿပီးျပည့္စံုခဲ့တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။အခုေတာ့ ေျပာင္းလဲဖို႔ သူတို႔ဆံုးျဖတ္ခဲ့တယ္။ဘာေၾကာင့္လဲဆိုတာေတာ့ ကၽြန္ေတာ္မသိပါဘူး” လို႔ အမ္မရီက ဖြင့္ဟသြားခဲ့ပါတယ္။