ပိုချက်တီနိုကိုခေါ်ယူနိုင်လိမ့်မယ်လို့ ဘိုင်ယန်တာဝန်ရှိသူတွေယုံကြည်နေ

PC ; Internet

စပါးအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုကို ခေါ်ယူနိုင်လိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေက ယုံကြည်နေတယ်လို့ Dailymail သတင်းစာက ရေးသားလိုက်ပါတယ်။ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြကိုဗက်ကိုရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် ဟန်ဆီဖလစ်ခ်ကိုယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး အမြဲတမ်းနည်းပြတစ်ဦးရှာဖွေနေပါတယ်။ ဂျာမန်နာမည်ကြီးသတင်းစာ Bild ရဲ့ဖော်ပြမှုအရ ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာဆာလီဟာမစ်ဇစ်ဟာ ပိုချက်တီနိုရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အာဂျင်တီးနားသားကိုခေါ်ယူဖို့ အသင်းဘုတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရူမင်နစ်ဂီနဲ့အိုလီဗာခန်းတို့ကို ထောက်ခံမှုပေးထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

PC ; Internet

ဘိုင်ယန်မြူးနစ်အသင်းကိုကိုင်တွယ်ရေးအတွက် ပိုချက်တီနိုဘက်ကနေ ကြိုးစားရမယ့်အရာတစ်ခုကတော့ ဂျာမန်ဘာသာစကားအခြေခံကို လေ့လာရေးသာဖြစ်ပြီး အဲဒီကိစ္စအတွက်လည်း ဘိုင်ယန်ဘက်က ရာသီကုန်အထိအချိန်ပေးသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ပိုချက်တီနိုဟာ ဘိုင်ယန်မြူးနစ်နည်းပြသစ် ဖြစ်လာနိုင်သူစာရင်းမှာ ထိပ်ဆုံးကရေပန်းစားနေပေမယ့် ချန်ပီယံလိဂ်မှာ သူကိုင်တွယ်ခဲ့တဲ့ စပါးဟာဘိုင်ယန်ကို ၇-၂ နဲ့ ဂိုးပြတ်အရေးနိမ့်ထားခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ကစားသမားအချို့ကတော့ ပိုချက်တီနိုရဲ့စွမ်းဆောင်ရည်နှင့်ပတ်သတ်ပြီး သံသယစိတ်တွေရှိနေတယ်လို့လည်းသတင်းထွက်နေပါတယ်။

PC ; Internet

ဘိုင်ယန်မြူးနစ်အသင်းအမာ ခံကစားသမားတစ်ဦးဖြစ်တဲ့ ကင်မစ်ချ်က “သူဟာ စပါးနဲ့ထိပ်တန်းအဆင့်မှာ နှစ်အတန်ကြာရပ်တည်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိရောက်အောင် လုပ်နိုင်ခဲ့တာပါ။ ပိုချက်တီနိုဟာ ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်တို့နဲ့သင့်တော်သူဖြစ်လာနိုင်မလားဆိုတာကိုတော့ မသိနိုင်ပါဘူး” လို့ပြောဆိုထားပါတယ်။ပိုချက်တီနိုကိုင်တွယ်မယ့်အသင်းအတွက် ရေပန်းစားမှုမှာ ဘိုင်ယန်က ၆/၄ လေးနဲ့ ထိပ်ဆုံးကဦးဆောင်နေတာပါ။

(zawgyi)

စပါးအသင္းနည္းျပရာထူးကေန ထုတ္ပယ္ခံလိုက္ရတဲ့ ပိုခ်က္တီႏိုကို ေခၚယူႏိုင္လိမ့္မယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းတာ၀န္ရွိသူေတြက ယံုၾကည္ေနတယ္လို႔ Dailymail သတင္းစာက ေရးသားလိုက္ပါတယ္။ဘြန္ဒက္စ္လီဂါခ်န္ပီယံဘိုင္ယန္ျမဴးနစ္အသင္းဟာ နည္းျပကိုဗက္ကိုရာထူးကေန ထုတ္ပယ္ခဲ့တဲ့ေနာက္ ဟန္ဆီဖလစ္ခ္ကိုယာယီနည္းျပအျဖစ္ ခန္႔အပ္ထားၿပီး အၿမဲတမ္းနည္းျပတစ္ဦးရွာေဖြေနပါတယ္။ ဂ်ာမန္နာမည္ႀကီးသတင္းစာ Bild ရဲ႕ေဖာ္ျပမႈအရ ဘိုင္ယန္ျမဴးနစ္အသင္းအားကစားဒါရိုက္တာဆာလီဟာမစ္ဇစ္ဟာ ပိုခ်က္တီႏိုရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ျပီး အာဂ်င္တီးနားသားကိုေခၚယူဖို႔ အသင္းဘုတ္အဖြဲ႔၀င္ေတြျဖစ္တဲ့ ရူမင္နစ္ဂီနဲ႔အိုလီဗာခန္းတို႔ကို ေထာက္ခံမႈေပးထားတယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းကိုကိုင္တြယ္ေရးအတြက္ ပိုခ်က္တီႏိုဘက္ကေန ၾကိဳးစားရမယ့္အရာတစ္ခုကေတာ့ ဂ်ာမန္ဘာသာစကားအေျခခံကို ေလ့လာေရးသာျဖစ္ျပီး အဲဒီကိစၥအတြက္လည္း ဘိုင္ယန္ဘက္က ရာသီကုန္အထိအခ်ိန္ေပးသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ပိုခ်က္တီႏိုဟာ ဘိုင္ယန္ျမဴးနစ္နည္းျပသစ္ ျဖစ္လာႏိုင္သူစာရင္းမွာ ထိပ္ဆံုးကေရပန္းစားေနေပမယ့္ ခ်န္ပီယံလိဂ္မွာ သူကိုင္တြယ္ခဲ့တဲ့ စပါးဟာဘိုင္ယန္ကို ၇-၂ နဲ႔ ဂိုးျပတ္အေရးနိမ့္ထားခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ကစားသမားအခ်ိဳ႔ကေတာ့ ပိုခ်က္တီႏိုရဲ႕စြမ္းေဆာင္ရည္ႏွင့္ပတ္သတ္ၿပီး သံသယစိတ္ေတြရွိေနတယ္လို႔လည္းသတင္းထြက္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းအမာ ခံကစားသမားတစ္ဦးျဖစ္တဲ့ ကင္မစ္ခ်္က “သူဟာ စပါးနဲ႔ထိပ္တန္းအဆင့္မွာ ႏွစ္အတန္ၾကာရပ္တည္ႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိေရာက္ေအာင္ လုပ္ႏိုင္ခဲ့တာပါ။ ပိုခ်က္တီႏိုဟာ ထိပ္တန္းနည္းျပတစ္ေယာက္ျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔နဲ႔သင့္ေတာ္သူျဖစ္လာႏိုင္မလားဆိုတာကိုေတာ့ မသိႏိုင္ပါဘူး” လို႔ုေျပာဆိုထားပါတယ္။ပိုခ်က္တီႏိုကိုင္တြယ္မယ့္အသင္းအတြက္ ေရပန္းစားမႈမွာ ဘိုင္ယန္က ၆/၄ ေလးနဲ႔ ထိပ္ဆံုးကဦးေဆာင္ေနတာပါ။