ပရီးမီးယားလိဂ်ချန်ပီယံလုပွဲပြီးဆုံးသွားပြီလို့ ရွိုင်ကိန်းနဲ့မော်ရင်ညိုပြောဆိုလိုက်

PC ; Internet

အန်ဖီးလ်မှာ လီဗာပူးက မန်စီးတီးကို ၃-၁ဂိုးနဲ့အနိုင်ယူလိုက်တာကြောင့် ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံလုပွဲ အဆုံးသတ်သွားပြီလို့ မန်ယူဂန္ထဝင်ကစားသမားရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။သရဲနီကွင်းလယ်လူဟောင်းဟာ နည်းပြဟောင်းမော်ရင်ညိုနဲ့အတူ အဲဒီပွဲကို Sky Sports ရုပ်သံတင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး လီဗာပူးနိုင်ရင်ဖလားလုပွဲပြီးသွားလိမ့်မယ်ဆိုတဲ့ စပါယ်ရှယ်ဝမ်းရဲ့ ပွဲမတိုင်ခင်ခန့်မှန်းချက်ကို ထောက်ခံပေးခဲ့ပါတယ်။

PC ; Internet

ပွဲအပြီးမှာလည်း ရွိုင်ကိန်းက “လီဗာပူးက အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ကျွန်တော်လောင်းကစားသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်အားလုံးပြီးဆုံးသွားပြီလို့ထင်ပါတယ်။ ဒီစကားမျိုးပြောရတာမလွယ်ပါဘူး။ တကယ်လို့ ဘယ်သူချန်ပီယံဖြစ်မလဲဆိုရင်တော့ အလွယ်ပြောနိုင်တဲ့အခြေအနေဖြစ်သွားပါတယ်။ အပြတ်ပြောတာမဟုတ်ပေမယ့် တကယ့်ကိုခက်ခဲသွားပါပြီ။တကယ်လို့ ခင်ဗျားဟာ လီဗာပူးအသင်းရဲ့အဝတ်လဲခန်းထဲကလူတစ်ယောက် ဖြစ်မယ်ဆိုရင် ချန်ပီယံဆုအကြောင်းကို သေချာပေါက်စဉ်းစားနေတော့မှာပါ” လို့ ဖွင့်ဟခဲ့တာပါ။

PC ; Getty

မန်ယူနည်းပြဟောင်းမော်ရင်ညိုကလည်း “ကျွန်တော့်အနေနဲ့လည်း ပြီးသွားပြီလို့ဆိုရမှာပါ။ မန်စီးတီးက ၇ပွဲ၊ ၈ပွဲ၊ ၉ပွဲလောက်ဆက်တိုက်နိုင်အောင်ကစားနိုင်စွမ်းရှိပေမယ့် လီဗာပူးအနေနဲ့လည်း ပြိုင်ဘက်တွေကိုရှုံးလိမ့်မယ်လို့မမြင်မိပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

(zawgyi)

အန္ဖီးလ္မွာ လီဗာပူးက မန္စီးတီးကို ၃-၁ဂိုးနဲ႔အႏိုင္ယူလိုက္တာေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံလုပြဲ အဆံုးသတ္သြားၿပီလို႔ မန္ယူဂႏၳ၀င္ကစားသမားရြိဳင္ကိန္းက ေျပာဆိုလိုက္ပါတယ္။သရဲနီကြင္းလယ္လူေဟာင္းဟာ နည္းျပေဟာင္းေမာ္ရင္ညိဳနဲ႔အတူ အဲဒီပြဲကို Sky Sports ရုပ္သံတင္ဆက္သူအျဖစ္ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး လီဗာပူးႏိုင္ရင္ဖလားလုပြဲၿပီးသြားလိမ့္မယ္ဆိုတဲ့ စပါယ္ရွယ္၀မ္းရဲ႕ ပြဲမတိုင္ခင္ခန္႔မွန္းခ်က္ကို ေထာက္ခံေပးခဲ့ပါတယ္။ပြဲအၿပီးမွာလည္း ရြိဳင္ကိန္းက “လီဗာပူးက အေကာင္းဆံုးပံုစံမွာရွိေနပါတယ္။ ကၽြန္ေတာ္ေလာင္းကစားသမားတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္အားလံုးျပီးဆံုးသြားျပီလို႔ထင္ပါတယ္။ ဒီစကားမ်ိဳးေျပာရတာမလြယ္ပါဘူး။ တကယ္လို႔ ဘယ္သူခ်န္ပီယံျဖစ္မလဲဆိုရင္ေတာ့ အလြယ္ေျပာႏိုင္တဲ့အေျခအေနျဖစ္သြားပါတယ္။ အျပတ္ေျပာတာမဟုတ္ေပမယ့္ တကယ့္ကိုခက္ခဲသြားပါျပီ။တကယ္လို႔ ခင္ဗ်ားဟာ လီဗာပူးအသင္းရဲ႔အ၀တ္လဲခန္းထဲကလူတစ္ေယာက္ ျဖစ္မယ္ဆိုရင္ ခ်န္ပီယံဆုအေၾကာင္းကို ေသခ်ာေပါက္စဥ္းစားေနေတာ့မွာပါ” လို႔ ဖြင့္ဟခဲ့တာပါ။မန္ယူနည္းျပေဟာင္းေမာ္ရင္ညိဳကလည္း “ကၽြန္ေတာ့္အေနနဲ႔လည္း ျပီးသြားျပီလို႔ဆိုရမွာပါ။ မန္စီးတီးက ၇ပြဲ၊ ၈ပြဲ၊ ၉ပြဲေလာက္ဆက္တိုက္ႏိုင္ေအာင္ကစားႏိုင္စြမ္းရွိေပမယ့္ လီဗာပူးအေနနဲ႔လည္း ျပိဳင္ဘက္ေတြကိုရွံဳးလိမ့္မယ္လို႔မျမင္မိပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။