ပရိသတ်တွေ နားမလည်နိုင်ဖြစ်နေကြတဲ့ စီရော်နယ်ဒိုရဲ့ဆံပင်ပုံစံအသစ်

photo-sport bible

photo-gettyimages

စီရော်နယ်ဒိုဟာ မနေ့ညက အက်သလက်တီကိုကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်အတွက် ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ သူ့ရဲ့ခြေစွမ်းထက် သူ့ရဲ့ဆံပင်ပုံစံကသာ ပရိသတ်တွေရဲ့အာရုံစိုက်စရာ ဖြစ်သွားပါတယ်။ စီရော်နယ်ဒိုဟာ ဒူးဒဏ်ရာကြောင့် အတ္တလန္တာနဲ့ပွဲကို လွဲချော်ခဲ့ရပေမယ့် အက်သလက်တီကိုနဲ့ပွဲမှာ ပြန်ပါလာသလို အရင်နှစ်ပွဲကလို လူစားလဲမခံရတော့ဘဲ ပွဲချိန်ပြည့်ကစားသွားခဲ့တာပါ။

photo-AFP

ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် တစ်လုံးတည်းသောဂိုးကိုလည်း ဒိုင်ဘာလာက သွင်းခဲ့တာဖြစ်လို့ ခြေစွမ်းအရ စီရော်နယ်ဒိုရဲ့ပွဲတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီပေါ်တူဂီစူပါစတားဟာ တစ်ခုမဟုတ်တစ်ခုတော့ ပရိသတ်တွေအတွက် စိတ်ဝင်တစားဖြစ်စေခဲ့ပါတယ်။ နည်းနည်းလေးရှည်လာတဲ့ သူ့ဆံပင်ကြောင့် ခေါင်းမှာ ဘီးကုပ်တပ်ဆင်ကစားခဲ့တာပါ။ ဒါပေမဲ့ သူ့ဆံပင်က ဘီးကုပ်ဝတ်ရအောင်လည်း အရမ်းကြီးရှည်နေတာ မဟုတ်ပါဘူး။

photo-gettyimages

အဲဒီအတွက် ဆိုရှယ်မီဒီယာထက်မှာ နောက်ဆုံးဆံပင်ပုံစံနဲ့ပတ်သက်လို့ စီရော်နယ်ဒိုကို လှောင်ကြတဲ့သူတွေရှိသလို ကြံဖန်ချီးကျးကြတဲ့သူတွေလည်း ရှိနေကြပါတယ်။ အများစုကတော့ စီရော်နယ်ဒိုဟာ မလိုအပ်ဘဲ ဘီးကုပ်တပ်တာလို့ ထင်မြင်ရေးသားကြပါတယ်။ တချို့ကလည်း ဒါဟာ ဖက်ရှင်တစ်ခုအနေနဲ့ ဖြစ်မှာပါလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူနဲ့မလိုက်ဘူးလို့ ပြောသူတွေလည်း ရှိကြတယ်။ စီရော်နယ်ဒိုရဲ့နောက်ဆုံးဆံပင်ပုံစံအသစ်က ပရိသတ်တွေကို နားမလည်နိုင်ဖြစ်စေခဲ့သလို အမြင်လည်း ကွဲပြားစေခဲ့ပါတယ်။ အဲဒါကပဲ သတင်းဖြစ်သွားတာပါ။

[Zawgyi]

ပရိသတ္ေတြ နားမလည္ႏိုင္ျဖစ္ေနၾကတဲ့ စီေရာ္နယ္ဒိုရဲ႕ဆံပင္ပုံစံအသစ္

စီေရာ္နယ္ဒိုဟာ မေန႔ညက အက္သလက္တီကိုကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဂ်ဴဗင္တပ္အတြက္ ျပန္လည္ပါ၀င္လာခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီပြဲမွာ သူ႔ရဲ႕ေျခစြမ္းထက္ သူ႔ရဲ႕ဆံပင္ပုံစံကသာ ပရိသတ္ေတြရဲ႕အာရုံစိုက္စရာ ျဖစ္သြားပါတယ္။ စီေရာ္နယ္ဒိုိဟာ ဒူးဒဏ္ရာေၾကာင့္ အတၱလႏၱာနဲ႔ပြဲကို လြဲေခ်ာ္ခ့ဲရေပမယ့္ အက္သလက္တီကိုနဲ႔ပြဲမွာ ျပန္ပါလာသလို အရင္ႏွစ္ပြဲကလုိ လူစားလဲမခံရေတာ့ဘဲ ပြဲခ်ိန္ျပည့္ကစားသြားခဲ့တာပါ။

ပြဲအတြက္ အဆုံးအျဖတ္ျဖစ္ေစမယ့္ တစ္လုံးတည္းေသာဂိုးကိုလည္း ဒိုင္ဘာလာက သြင္းခဲ့တာျဖစ္လုိ႔ ေျခစြမ္းအရ စီေရာ္နယ္ဒိုရဲ႕ပြဲေတာ့ မျဖစ္ခဲ့ပါဘူး။ ဒါေပမဲ့ အဲဒီေပၚတူဂီစူပါစတားဟာ တစ္ခုမဟုတ္တစ္ခုေတာ့ ပရိသတ္ေတြအတြက္ စိတ္၀င္တစားျဖစ္ေစခဲ့ပါတယ္။ နည္းနည္းေလးရွည္လာတဲ့ သူ႔ဆံပင္ေၾကာင့္ ေခါင္းမွာ ဘီးကုပ္တပ္ဆင္ကစားခဲ့တာပါ။ ဒါေပမဲ့ သူ႔ဆံပင္က ဘီးကုပ္၀တ္ရေအာင္လည္း အရမ္းႀကီးရွည္ေနတာ မဟုတ္ပါဘူး။

အဲဒီအတြက္ ဆိုရွယ္မီဒီယာထက္မွာ ေနာက္ဆုံးဆံပင္ပုံစံနဲ႔ပတ္သက္လို႔ စီေရာ္နယ္ဒိုကို ေလွာင္ၾကတဲ့သူေတြရွိသလို ႀကံဖန္ခ်ီးက်းၾကတဲ့သူေတြလည္း ရွိေနၾကပါတယ္။ အမ်ားစုကေတာ့ စီေရာ္နယ္ဒိုဟာ မလိုအပ္ဘဲ ဘီးကုပ္တပ္တာလို႔ ထင္ျမင္ေရးသားၾကပါတယ္။ တခ်ိဳ႕ကလည္း ဒါဟာ ဖက္ရွင္တစ္ခုအေနနဲ႔ ျဖစ္မွာပါလို႔ ဆိုၾကပါတယ္။ ဒါေပမဲ့ သူနဲ႔မလိုက္ဘူးလုိ႔ ေျပာသူေတြလည္း ရွိၾကတယ္။ စီေရာ္နယ္ဒိုရဲ႕ေနာက္ဆုံးဆံပင္ပုံစံအသစ္က ပရိသတ္ေတြကို နားမလည္ႏိုင္ျဖစ္ေစခဲ့သလို အျမင္လည္း ကြဲျပားေစခဲ့ပါတယ္။ အဲဒါကပဲ သတင္းျဖစ္သြားတာပါ။