ပရာဟာနဲ့ပွဲကဖြစ်ရပ်ကြောင့် ဂရစ်ဇ်မန်းအပေါ် မက်ဆီ မယုံကြည်သေးဘူးလို့ ဘာစီလိုနာပရိသတ်တွေ ထင်မှတ်နေ

Photo Credit

Photo Credit

ပရာဟာနဲ့ပွဲမှာ ဂိုးသွင်းနိုင်ဖို့ ပိုမိုသေချာတဲ့အနေအထားမှာရှိနေတဲ့အသင်းဖော်တိုက်စစ်မှူး ဂရစ်ဇ်မန်းဆီ လူပေးမကစားဘဲ နောက်ခံလူ ၃ယေက်ကာထားတဲ့ကြားထဲကနေ ဂိုးပေါက်ထဲတစ်ခါတည်းကန်သွင်းလိုက်တဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကြောင့် ဘာစီလိုနာပရိသတ်အများစုရဲ့ရင်ထဲ အတွေးတစ်ခုဝင်လာပါတယ်။ အဲဒါကတော့ အချိန်အထိ အက်သလက်တီကိုတိုက်စစ်မှူးဟောင်း ဂရစ်ဇ်မန်းကို မက်ဆီတစ်ယောက် ယုံကြည်မှုမရှိသေးဘူးဆိုတဲ့အတွေးပါပဲ။

Photo Credit ; AP

ဘာစီလိုနာအသင်းဟာ အဲဒီပွဲမှာ ပရာဟာနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဘာစီလိုနာပရိသတ်တွေလည်း အဲဒီပွဲမှာ Key Moment မှာ မက်ဆီတစ်ယောက် သူနဲ့အတူ ပြေးတက်လာတဲ့ ဂရစ်ဇ်မန်းကို လူပေးမကစားဘဲ ပင်နယ်တီဧရိယာထိပ်ကနေ တစ်ခါတည်းကန်သွင်းခဲ့တဲ့ဖြစ်ရပ်ပါ။

Photo Credit

ကွင်းလယ်ကနေ တစ်ယောက်တည်းဆွဲပြေးကန်သွင်းတာမျိုးက မက်ဆီအတွက် ခက်ခဲတဲ့ကိစ္စမဟုတ်မှန်းသိပေမယ့် ဒီဖြစ်ရပ်မှာတော့ မက်ဆီအနေနဲ့ သူ့ထက် ဂိုးသွင်းနိုင်ဖု့ိ အခွင့်အရေးပိုများနေတဲ့ ဂရစ်ဇ်မန်းကို အသာလေးခင်းပေးလိုက်လို့ရပေမယ့် မပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာပရိသတ်တွေလည်း ဒီရာသီမှာ အသင်းနဲ့ပတ်သက်လို့ ဒီလိုကိစ္စမျိုးတွေကို မကြာခဏမြင်တွေ့လာရပါတယ်။

Photo Credit

ပွဲပြီးအချက်အလက်တွေအရလည်း သူတု့ိနှစ်ယောက်ကြား ဘောလုံးပေးပို့မှုက အတော်လေးနည်းပါးနေပြီး မက်ဆီကနေ ဂရစ်ဇ်မန်းကို ဘောလုံးပေးပို့တာ ၄ကြိမ်ပဲရှိသလို ဂရစ်ဇ်မန်းက မက်ဆီကို ဘောလုံးပေးပို့တာ ၁ကြိမ်ပဲရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ဂရစ်ဇ်မန်းလည်း မက်ဆီနဲ့အပေးအယူပြုလုပ်လို့ရတဲ့အနေအထားမှာ အသင်းခေါင်းဆောင်ဆီ မပေးပို့ဘဲ ပေးရခက်တဲ့အနေအထားမှာရှိနေတဲ့ ပြင်သစ်အသင်းဖော် ဒမ်ဘီလီဆီပဲ ပေးပို့ခဲ့ပါတယ်။

Photo Credit

အဲဒီပွဲမှာ မက်ဆီနဲ့အတူ တွဲဖက်ကစားနေကြ ဆွာရက်ဇ် ပါဝင်မလာဘဲ တိုက်စစ်မှာ ဒမ်ဘီလီ၊ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ ပွဲထွက်လာကာ ဂရစ်ဇ်မန်းက ဘယ်တောင်ပံ၊ ဒမ်ဘီလီက ညာတောင်ပံနဲ့ မက်ဆီက အထောင်တိုက်စစ်နေရာတွေမှာ အသီးသီးကစားခဲ့ပါတယ်။

Video Credit

Zawgyi

ပရာဟာနဲ႔ပြဲကျဖစ္ရပ္ေၾကာင့္ ဂရစ္ဇ္မန္းအေပၚ မက္ဆီ မယုံၾကည္ေသးဘူးလုိ႔ ဘာစီလုိနာပရိသတ္ေတြ ထင္မွတ္ေန

ပရာဟာနဲ႔ပဲြမွာ ဂိုးသြင္းႏုိင္ဖို႔ ပိုမိုေသခ်ာတဲ့အေနအထားမွာရွိေနတဲ့အသင္းေဖာ္တုိက္စစ္မွဴး ဂရစ္ဇ္မန္းဆီ လူေပးမကစားဘဲ ေနာက္ခံလူ ၃ေယက္ကာထားတဲ့ၾကားထဲကေန ဂိုးေပါက္ထဲတစ္ခါတည္းကန္သြင္းလိုက္တဲ့ ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီေၾကာင့္ ဘာစီလုိနာပရိသတ္အမ်ားစုရဲ႕ရင္ထဲ အေတြးတစ္ခု၀င္လာပါတယ္။ အဲဒါကေတာ့ အခ်ိန္အထိ အက္သလက္တီကိုတိုက္စစ္မွဴးေဟာင္း ဂရစ္ဇ္မန္းကို မက္ဆီတစ္ေယာက္ ယုံၾကည္မႈမရွိေသးဘူးဆိုတဲ့အေတြးပါပဲ။
ဘာစီလုိနာအသင္းဟာ အဲဒီပြဲမွာ ပရာဟာနဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီး ဘာစီလုိနာပရိသတ္ေတြလည္း အဲဒီပဲြမွာ Key Moment မွာ မက္ဆီတစ္ေယာက္ သူနဲ႔အတူ ေျပးတက္လာတဲ့ ဂရစ္ဇ္မန္းကို လူေပးမကစားဘဲ ပင္နယ္တီဧရိယာထိပ္ကေန တစ္ခါတည္းကန္သြင္းခဲ့တဲ့ျဖစ္ရပ္ပါ။
ကြင္းလယ္ကေန တစ္ေယာက္တည္းဆြဲေျပးကန္သြင္းတာမ်ိဳးက မက္ဆီအတြက္ ခက္ခဲတဲ့ကိစၥမဟုတ္မွန္းသိေပမယ့္ ဒီျဖစ္ရပ္မွာေတာ့ မက္ဆီအေနနဲ႔ သူ႕ထက္ ဂိုးသြင္းႏုိင္ဖု႔ိ အခြင့္အေရးပိုမ်ားေနတ့ဲ ဂရစ္ဇ္မန္းကို အသာေလးခင္းေပးလုိက္လုိ႔ရေပမယ့္ မေပးခဲ့တာျဖစ္ပါတယ္။ ဘာစီလုိနာပရိသတ္ေတြလည္း ဒီရာသီမွာ အသင္းနဲ႔ပတ္သက္လုိ႔ ဒီလုိကိစၥမ်ိဳးေတြကို မၾကာခဏျမင္ေတြ႕လာရပါတယ္။
ပြဲၿပီးအခ်က္အလက္ေတြအရလည္း သူတု႔ိႏွစ္ေယာက္ၾကား ေဘာလုံးေပးပို႔မႈက အေတာ္ေလးနည္းပါးေနၿပီး မက္ဆီကေန ဂရစ္ဇ္မန္းကို ေဘာလုံးေပးပို႔တာ ၄ႀကိမ္ပဲရွိသလုိ ဂရစ္ဇ္မန္းက မက္ဆီကို ေဘာလုံးေပးပို႔တာ ၁ႀကိမ္ပဲရွိခဲ့ပါတယ္။ အဲဒီပြဲမွာ ဂရစ္ဇ္မန္းလည္း မက္ဆီနဲ႔အေပးအယူျပဳလုပ္လုိ႔ရတဲ့အေနအထားမွာ အသင္းေခါင္းေဆာင္ဆီ မေပးပို႔ဘဲ ေပးရခက္တဲ့အေနအထားမွာရွိေနတဲ့ ျပင္သစ္အသင္းေဖာ္ ဒမ္ဘီလီဆီပဲ ေပးပို႔ခဲ့ပါတယ္။
အဲဒီပြဲမွာ မက္ဆီနဲ႔အတူ တြဲဖက္ကစားေနၾက ဆြာရက္ဇ္ ပါ၀င္မလာဘဲ တုိက္စစ္မွာ ဒမ္ဘီလီ၊ မက္ဆီနဲ႔ ဂရစ္ဇ္မန္းတုိ႔ ပြဲထြက္လာကာ ဂရစ္ဇ္မန္းက ဘယ္ေတာင္ပံ၊ ဒမ္ဘီလီက ညာေတာင္ပံနဲ႔ မက္ဆီက အေထာင္တုိက္စစ္ေနရာေတြမွာ အသီးသီးကစားခဲ့ပါတယ္။