ပင်နယ်တီလွဲတာကြောင့် ကော်စတာအပေါ် ယုံကြည်မှုလျော့မှာမဟုတ်ဘူးလို့ ဆီမြွန်နီဖွင့်ဟ

UNDECIMA JORNADA DE LA LIGA SANTANDER. ESTADIO RAMÓN SÁNCHEZ-PIZJUÁN.
PC ; Internet

ဒီယေဂိုကော်စတာရဲ့ ပင်နယ်တီလွဲချော်မှုကြောင့် ဆီဗီလာနဲ့ပွဲမှာ ၂မှတ်ဆုံးရှုံးခဲ့ရပေမယ့် ဒီတိုက်စစ်မှူးအပေါ်မှာထားတဲ့ သူ့ရဲ့ယုံကြည်မှုကိုထိခိုက်စေမှာမဟုတ်ဘူးလို့ အက်သလက်တီကိုနည်းပြဆီမြွန်နီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မက်ဒရစ်အခြေစိုက်အသင်းဟာ ၂၈မိနစ်မှာသွင်းယူသွားတဲ့ ဗက်ဇ်ကွက်ဇ်ရဲ့ဂိုးကြောင့် အိမ်ရှင်ဆီဗီလာရဲ့ဦးဆောင်မှုခံခဲ့ရပေမယ့် အရန်ခုံကထလာတဲ့ ကော်စတာဟာ ချေပဂိုးပြန်သွင်းနိုင်အောင် ပြိုင်ဘက်ခံစစ်ကိုခြိမ်းခြောက်မှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ မိုရာတာ ချေပဂိုးမသွင်းခင် ဂိုးသွင်းနိုင်ခဲ့သေးပေမယ့် ခွင့်ပြုခြင်းမခံခဲ့ရသလို အမှတ်ပေးဇယားထိပ်ဆုံးရောက်နိုင်မယ့်အခွင့်အရေးအဖြစ် ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့်လည်း ဆီဗီလာဂိုးသမားတိုမက်စ်ဗက်လစ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့် ကော်စတာဟာ ဒီရာသီပြိုင်ပွဲစုံမှာ အက်သလက်တီကိုအတွက် ၂ဂိုးသာသွင်းထားနိုင်ပါသေးတယ်။

PC ; Internet

ဒါပေမဲ့ ဆီမြွန်နီကတော့ သူ့ရဲ့တိုက်စစ်မှူးနဲ့ပတ်သက်ပြီး “ ဒီယေဂိုဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးအခိုက်အတန့်ကိုရောက်နေပါပြီ။သူ့ကိုယ်သူလည်း ကြိုးစားလေ့ကျင့်နေပါတယ်။ဒီပွဲမှာလည်း သူ တတ်နိုင်သမျှလုပ်ဆောင်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။တစ်စုံတစ်ယောက်က သူ့လိုလုပ်ဆောင်နိုင်ရင် ကျွန်တော်တို့ ၂မှတ်ရမလား။ဒီယေဂိုနဲ့အတူလား။ဒီယေဂိုမပါဘဲနဲ့လား။တကယ်လို့ ဒီယေဂိုလို ပေးဆပ်နိုင်တဲ့ကစားသမားမျိုးဆိုရင် ကျွန်တော်ကတော့ ယုံကြည်မှုရှိနေမှာပါပဲ ” လို့ ဖွင့်ဟသွားပါတယ်။

PC ; Internet

အစောပိုင်းပွဲစဉ်မှာ ဘာစီလိုနာရှုံးပွဲတွေ့ထားတာကြောင့် ပြိုင်ဘက်ဆီဗီလာမှာလည်း အနိုင်ရရင် အမှတ်ပေးဇယားထိပ်ဆုံးရောက်ခွင့်ရှိခဲ့တာပါ။ဒါကြောင့် လိုပီတီဂွီရဲ့အသင်းဟာလည်း ဒီရာသီလာလီဂါချန်ပီယံဆုအတွက် ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့အသင်းလို့ ဆီမြွန်နီက ချီးမွန်းသွားပါတယ်။

(zawgyi)

ဒီေယဂိုေကာ္စတာရဲ႕ ပင္နယ္တီလြဲေခ်ာ္မႈေၾကာင့္ ဆီဗီလာနဲ႔ပြဲမွာ ၂မွတ္ဆံုးရံႈးခဲ့ရေပမယ့္ ဒီတိုက္စစ္မွဴးအေပၚမွာထားတဲ့ သူ႔ရဲ႕ယံုၾကည္မႈကိုထိခိုက္ေစမွာမဟုတ္ဘူးလို႔ အက္သလက္တီကိုနည္းျပဆီၿမြန္နီက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။မက္ဒရစ္အေျခစိုက္အသင္းဟာ ၂၈မိနစ္မွာသြင္းယူသြားတဲ့ ဗက္ဇ္ကြက္ဇ္ရဲ႕ဂိုးေၾကာင့္ အိမ္ရွင္ဆီဗီလာရဲ႕ဦးေဆာင္မႈခံခဲ့ရေပမယ့္ အရန္ခံုကထလာတဲ့ ေကာ္စတာဟာ ေခ်ပဂိုးျပန္သြင္းႏိုင္ေအာင္ ၿပိဳင္ဘက္ခံစစ္ကိုၿခိမ္းေျခာက္မႈေတြ လုပ္ေပးႏိုင္ခဲ့ပါတယ္။ဒါ့အျပင္ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္းဟာ မိုရာတာ ေခ်ပဂိုးမသြင္းခင္ ဂိုးသြင္းႏိုင္ခဲ့ေသးေပမယ့္ ခြင့္ျပဳျခင္းမခံခဲ့ရသလို အမွတ္ေပးဇယားထိပ္ဆံုးေရာက္ႏိုင္မယ့္အခြင့္အေရးအျဖစ္ ပင္နယ္တီကန္ခြင့္ရခဲ့ေပမယ့္လည္း ဆီဗီလာဂိုးသမားတိုမက္စ္ဗက္လစ္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ ေကာ္စတာဟာ ဒီရာသီၿပိဳင္ပြဲစံုမွာ အက္သလက္တီကိုအတြက္ ၂ဂိုးသာသြင္းထားႏိုင္ပါေသးတယ္။ဒါေပမဲ့ ဆီျမြန္နီကေတာ့ သူ႔ရဲ႕တိုက္စစ္မွဴးနဲ႔ပတ္သက္ၿပီး “ ဒီေယဂိုဟာ သူ႔ရဲ႕ရုပ္ပိုင္းဆိုင္ရာ အေကာင္းဆံုးအခိုက္အတန္႔ကိုေရာက္ေနပါၿပီ။သူ႔ကိုယ္သူလည္း ႀကိဳးစားေလ့က်င့္ေနပါတယ္။ဒီပြဲမွာလည္း သူ တတ္ႏိုင္သမွ်လုပ္ေဆာင္ခဲ့ေပမယ့္ ဂိုးမရခဲ့ပါဘူး။တစ္စံုတစ္ေယာက္က သူ႔လိုလုပ္ေဆာင္ႏိုင္ရင္ ကၽြန္ေတာ္တို႔ ၂မွတ္ရမလား။ဒီေယဂိုနဲ႔အတူလား။ဒီေယဂိုမပါဘဲနဲ႔လား။တကယ္လို႔ ဒီေယဂိုလို ေပးဆပ္ႏိုင္တဲ့ကစားသမားမ်ိဳးဆိုရင္ ကၽြန္ေတာ္ကေတာ့ ယံုၾကည္မႈရွိေနမွာပါပဲ ” လို႔ ဖြင့္ဟသြားပါတယ္။အေစာပိုင္းပြဲစဥ္မွာ ဘာစီလိုနာရံႈးပြဲေတြ႔ထားတာေၾကာင့္ ၿပိဳင္ဘက္ဆီဗီလာမွာလည္း အႏိုင္ရရင္ အမွတ္ေပးဇယားထိပ္ဆံုးေရာက္ခြင့္ရွိခဲ့တာပါ။ဒါေၾကာင့္ လိုပီတီဂြီရဲ႕အသင္းဟာလည္း ဒီရာသီလာလီဂါခ်န္ပီယံဆုအတြက္ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိတဲ့အသင္းလို႔ ဆီျမြန္နီက ခ်ီးမြန္းသြားပါတယ္။