နိုင်ငံအတွက် ပြန်ကစားပေးတဲ့ပထမဆုံးပွဲမှာပဲ ဂိုးပေါက်ပျောက်နေတာကိုပါ တစ်ခါတည်းဖြေရှင်းလိုက်တဲ့ မက်ဆီ

Photo Credit

Photo Credit

အာဂျင်တီးနာအသင်းခေါင်းဆောင် မက်ဆီဟာ ယမန်နေ့ညက ဆော်ဒီနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ခြေစမ်းပွဲမှာ ဘရာဇီးအသင်းဘက်ကို တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူနိုင်ခဲ့ရာ အာဂျင်တီးနားအသင်းရဲ့အခါးသီးဆုံးပြိုင်ဘက်ကို ၇နှစ်ကြာဂိုးမသွင်းနိုင်မှုလည်း အဆုံးသတ်သွားပါတယ်။

Photo Credit

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲကာလအတွင်း ပွဲတာဝန်ရှိသူတွေကို လူသိရှင်ကြားဝေဖန်ခဲ့လို့ ၃လကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ယခုပွဲရောက်မှ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ပြန်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ပွဲချိန်အစောပိုင်းမှာ ဘရာဇီးအသင်းက ပင်နယ်တီအရင်ရရှိခဲ့ပေမယ့် တိုက်စစ်မှူး ဂျီးဆပ်စ်ရဲ့ကန်သွင်းချက် ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။ နောက်သိပ်မကြာခင် မက်ဆီကို ဘရာဇီးဘယ်နောက်ခံလူ ဆန်ဒရို ဥပဒေပကစားလို့ အာဂျင်တီးနားအသင်း ပင်နယ်တီပြန်ရခဲ့ပါတယ်။

Photo Credit

အဲဒီပင်နယ်တီကို မက်ဆီက ဂိုးသမားရဲ့ညာဘက်ကို ကန်သွင်းရာ ဘရာဇီးဂိုးသမား အဲလစ်ဆန် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို မက်ဆီကပဲ အသာအယာပိတ်သွင်းကာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလို အာဂျင်တီးနားအသင်းအတွက် ၁၃၇ပွဲမှာ ၆၉ဂိုးမြောက်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit

မက်ဆီအတွက်တော့ ဒီဂိုးဟာ ၂၀၁၂ နောက်ပိုင်း ဘရာဇီးအသင်းဘက်ကို ပထမဆုံးအကြိမ်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၂ တုန်းက အမေရိကန်မှာပြုလုပ်ခဲ့တဲ့ခြေစမ်းပွဲမှာ ဘရာဇီးကို ၄-၃ ဂိုးနဲ့အနိုင်ရခဲ့တုန်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။

Photo Credit

မက်ဆီဟာ အသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲအများစုမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ဘရာဇီးအသင်းဘက်ကို ၅ဂိုး၊ ဥရုဂွေးအသင်းဘက်ကို ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်၊ ပြင်သစ်အသင်းဘက်ကို ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်၊ စပိန်အသင်းဘက်ကို ၂ဂိုး၊ ပေါ်တူဂီအသင်းဘက်ကို ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်၊ ဂျာမနီအသင်းဘက်ကို ၁ဂိုး သွင်းယူထားကာ နယ်သာလန်ဘက်ကိုတော့ မသွင်းနိုင်သေးပါဘူး။ နောက်ပြီး အင်္ဂလန်၊ အီတလီတို့နဲ့တော့မကစားဖူးသေးပါဘူး။

Photo Credit

မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားအသင်းဟာ တနင်္လာနေ့မှာ နောက်ထပ်ဒေသတွင်းပြိုင်ဘက် ဥရုဂွေးအသင်းနဲ့ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မှာ ဆက်လက်ခြေစမ်းမှာဖြစ်ပေမယ့် အခုလက်တလော အစ္စရေးမှာ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေလို့ အဲဒီပွဲကို ဖျက်သိမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit

Zawgyi

ႏိုင္ငံအတြက္ ျပန္ကစားေပးတဲ့ပထမဆုံးပဲြမွာပဲ ဂိုးေပါက္ေပ်ာက္ေနတာကိုပါ တစ္ခါတည္းေျဖရွင္းလုိက္တဲ့ မက္ဆီ

အာဂ်င္တီးနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ယမန္ေန႔ညက ေဆာ္ဒီႏိုင္ငံမွာက်င္းပျပဳလုပ္ခဲ့တဲ့ေျခစမ္းပဲြမွာ ဘရာဇီးအသင္းဘက္ကို တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ရာ အာဂ်င္တီးနားအသင္းရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ကို ၇ႏွစ္ၾကာဂိုးမသြင္းႏုိင္မႈလည္း အဆုံးသတ္သြားပါတယ္။
ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ၂၀၁၉ ကုိပါအေမရိကဖလားၿပိဳင္ပြဲကာလအတြင္း ပြဲတာ၀န္ရွိသူေတြကို လူသိရွင္ၾကားေ၀ဖန္ခဲ့လုိ႔ ၃လၾကာပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရၿပီးေနာက္ ယခုပဲြေရာက္မွ လက္ေရြးစင္အသင္းအတြက္ ပထမဆုံးအႀကိမ္ျပန္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
ပဲြခ်ိန္အေစာပိုင္းမွာ ဘရာဇီးအသင္းက ပင္နယ္တီအရင္ရရွိခဲ့ေပမယ့္ တုိက္စစ္မွဴး ဂ်ီးဆပ္စ္ရဲ႕ကန္သြင္းခ်က္ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။ ေနာက္သိပ္မၾကာခင္ မက္ဆီကို ဘရာဇီးဘယ္ေနာက္ခံလူ ဆန္ဒ႐ို ဥပေဒပကစားလုိ႔ အာဂ်င္တီးနားအသင္း ပင္နယ္တီျပန္ရခဲ့ပါတယ္။
အဲဒီပင္နယ္တီကို မက္ဆီက ဂိုးသမားရဲ႕ညာဘက္ကို ကန္သြင္းရာ ဘရာဇီးဂိုးသမား အဲလစ္ဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတာကို မက္ဆီကပဲ အသာအယာပိတ္သြင္းကာ အႏိုင္ဂုိးသြင္းယူႏုိင္ခဲ့တာျဖစ္သလုိ အာဂ်င္တီးနားအသင္းအတြက္ ၁၃၇ပြဲမွာ ၆၉ဂိုးေျမာက္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
မက္ဆီအတြက္ေတာ့ ဒီဂုိးဟာ ၂၀၁၂ ေနာက္ပိုင္း ဘရာဇီးအသင္းဘက္ကို ပထမဆုံးအႀကိမ္ဂိုးသြင္းႏုိင္ခဲ့တာျဖစ္ၿပီး ၂၀၁၂ တုန္းက အေမရိကန္မွာျပဳလုပ္ခဲ့တ့ဲေျခစမ္းပြဲမွာ ဘရာဇီးကို ၄-၃ ဂိုးနဲ႔အႏုိင္ရခဲ့တုန္းက ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာပါ။
မက္ဆီဟာ အသင္းႀကီးေတြနဲ႔ရင္ဆုိင္ခဲ့တဲ့ပြဲအမ်ားစုမွာ ဂိုးသြင္းႏုိင္ခဲ့ၿပီး ဘရာဇီးအသင္းဘက္ကုိ ၅ဂိုး၊ ဥ႐ုေဂြးအသင္းဘက္ကို ၄ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ႀကိမ္၊ ျပင္သစ္အသင္းဘက္ကို ၁ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ႀကိမ္၊ စပိန္အသင္းဘက္ကို ၂ဂိုး၊ ေပၚတူဂီအသင္းဘက္ကို ၁ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ႀကိမ္၊ ဂ်ာမနီအသင္းဘက္ကို ၁ဂိုး သြင္းယူထားကာ နယ္သာလန္ဘက္ကိုေတာ့ မသြင္းႏုိင္ေသးပါဘူး။ ေနာက္ၿပီး အဂၤလန္၊ အီတလီတို႔နဲ႔ေတာ့မကစားဖူးေသးပါဘူး။
မက္ဆီဦးေဆာင္တဲ့အာဂ်င္တီးနားအသင္းဟာ တနလၤာေန႔မွာ ေနာက္္ထပ္ေဒသတြင္းၿပိဳင္ဘက္ ဥ႐ုေဂြးအသင္းနဲ႔ အစၥေရးႏုိင္ငံ၊ တဲလ္အဗစ္မွာ ဆက္လက္ေျခစမ္းမွာျဖစ္ေပမယ့္ အခုလက္တေလာ အစၥေရးမွာ အၾကမ္းဖက္ဆူပူမႈေတြျဖစ္ပြားေနလုိ႔ အဲဒီပဲြကို ဖ်က္သိမ္းဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။