နိုင်ငံတကာသီတင်းပတ်အတွင်း ယုံကြည်မှုပြန်တည်ဆောက်နိုင်မယ်လို့ လာကာဇက်တီယုံကြည်

PC ; Internet

အာဆင်နယ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့်ရုန်းကန်နေရတာမှန်ပေမယ့် ရာသီကုန်မှာအဆင့် ၄နေရာအတွင်းအဆုံးသတ်နိုင်လိမ့်မယ်လို့ တိုက်စစ်မှူးလာကာဇက်တီက ယုံကြည်နေပါတယ်။ လက်စတာကို ၂ဂိုးပြတ်အရေးနိမ့်ပြီးတဲ့နောက် နည်းပြအမ်မရီရဲ့အသင်းဟာဖိအားတွေဝင်နေတာကြောင့် အာဆင်နယ်အတွက် နိုင်ငံတကာရက်သတ္တပတ်လိုအပ်တယ်လို့ လာကာဇက်တီကဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆နေရာမှာရပ်တည်နေသလို အဆင့် ၄နေ ရာက မန်စီးတီးနဲ့ ၈မှတ်အကွာမှာရှိနေပါတယ်။

PC ; Getty

လာကာဇက်တီက “ကျွန်တော်တို့ယုံကြည်မှုပျောက်ဆုံးနေတဲ့အတွက် နိုင်ငံတကာရက်သတ္တပတ်လိုအပ်ပါတယ်။ အကောင်းဆုံးပြန်လာနိုင်မယ်လို့မျှော်လင့်ပါတယ်။ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့အတွက် အများကြီးလုပ်ရမှာပါ။ ကျွန်တော်တို့သိပ်ကိုစိတ်ပျက်နေပါတယ်။ လက်စတာနဲ့ပွဲစဉ်ပထမပိုင်းမှာ အခွင့်အရေးတွေရခဲ့ပေမယ့်ဂိုးမရခဲ့ပါဘူး။ အဲ့ဒီလိုပွဲစဉ်မှာ ရတဲ့အခွင့်အရေးကိုယူတတ်ဖို့လိုပါတယ်။ နေ့စဉ်အလုပ်တွေပြန်ကြိုးစားဖို့လိုအပ်နေပါပြီ။ ဒါပေမယ့်အသင်းကစားပုံက ဆိုးရွားလွန်းနေတယ်လို့မထင်ပါဘူး။ ပထမပိုင်းမှာအခွင့်အရေးတွေလွဲချော်ခဲ့လို့သာဖြစ်ခဲ့တာပါ” လို့ဖွင့်ဟခဲ့ပါတယ်။

PC ; Internet

လာကာဇက်တီဟာ ဒီရာသီမှာအာဆင်နယ်အတွက် ၂ဂိုးသာသွင်းယူထားနိုင်သူဖြစ်ပြီး မော်လ်ဒိုဗာ၊ အယ်လ်ဘေးနီးယားတို့နဲ့ကစားမယ့် ပြင်သစ်လူစာရင်းကနေချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာဒီရာသီမှာအဆင့် ၄အတွင်းဝင်ရောက်နိုင်ဖို့ အဓိကပစ်မှတ်ထားနေတယ်လို့ ပြင်သစ်တိုက်စစ်မှူးကဆက်လက်ပြောဆိုခဲ့ပြီး ရာသီကုန်ဆုံးဖို့အတွက် အချိန်လိုအပ်နေသေးသလို အကောင်းဆုံးပြန်လာနိုင်မယ်လို့လည်းယုံကြည်နေပါတယ်။

(zawgyi)

အာဆင္နယ္အသင္းဟာ ရလဒ္ဆိုးေတြေၾကာင့္ရုန္းကန္ေနရတာမွန္ေပမယ့္ ရာသီကုန္မွာအဆင့္ ၄ေနရာအတြင္းအဆံုးသတ္ႏိုင္လိမ့္မယ္လို႔ တိုက္စစ္မွဴးလာကာဇက္တီက ယံုၾကည္ေနပါတယ္။ လက္စတာကို ၂ဂိုးျပတ္အေရးနိမ့္ျပီးတဲ့ေနာက္ နည္းျပအမ္မရီရဲ႔အသင္းဟာဖိအားေတြ၀င္ေနတာေၾကာင့္ အာဆင္နယ္အတြက္ ႏိုင္ငံတကာရက္သတၱပတ္လိုအပ္တယ္လို႔ လာကာဇက္တီကဆိုခဲ့ပါတယ္။ အာဆင္နယ္ဟာ ျပိဳင္ပြဲစံုေနာက္ဆံုး ၅ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ျပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၆ေနရာမွာရပ္တည္ေနသလို အဆင့္ ၄ေန ရာက မန္စီးတီးနဲ႔ ၈မွတ္အကြာမွာရွိေနပါတယ္။ လာကာဇက္တီက “ကၽြန္ေတာ္တို႔ယံုၾကည္မႈေပ်ာက္ဆံုးေနတဲ့အတြက္ ႏိုင္ငံတကာရက္သတၱပတ္လိုအပ္ပါတယ္။ အေကာင္းဆံုးျပန္လာႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ ယံုၾကည္မႈျပန္လည္တည္ေဆာက္ဖို႔အတြက္ အမ်ားၾကီးလုပ္ရမွာပါ။ ကၽြန္ေတာ္တို႔သိပ္ကိုစိတ္ပ်က္ေနပါတယ္။ လက္စတာနဲ႔ပြဲစဥ္ပထမပိုင္းမွာ အခြင့္အေရးေတြရခဲ့ေပမယ့္ဂိုးမရခဲ့ပါဘူး။ အဲ့ဒီလိုပြဲစဥ္မွာ ရတဲ့အခြင့္အေရးကိုယူတတ္ဖို႔လိုပါတယ္။ ေန႔စဥ္အလုပ္ေတြျပန္ၾကိဳးစားဖို႔လိုအပ္ေနပါျပီ။ ဒါေပမယ့္အသင္းကစားပံုက ဆိုးရြားလြန္းေနတယ္လို႔မထင္ပါဘူး။ ပထမပိုင္းမွာအခြင့္အေရးေတြလြဲေခ်ာ္ခဲ့လို႔သာျဖစ္ခဲ့တာပါ” လို႔ဖြင့္ဟခဲ့ပါတယ္။ လာကာဇက္တီဟာ ဒီရာသီမွာအာဆင္နယ္အတြက္ ၂ဂိုးသာသြင္းယူထားႏိုင္သူျဖစ္ျပီး ေမာ္လ္ဒိုဗာ၊ အယ္လ္ေဘးနီးယားတို႔နဲ႔ကစားမယ့္ ျပင္သစ္လူစာရင္းကေနခ်န္လွပ္ခံခဲ့ရသူျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာဒီရာသီမွာအဆင့္ ၄အတြင္း၀င္ေရာက္ႏိုင္ဖို႔ အဓိကပစ္မွတ္ထားေနတယ္လို႔ ျပင္သစ္တိုက္စစ္မွဴးကဆက္လက္ေျပာဆိုခဲ့ျပီး ရာသီကုန္ဆံုးဖို႔အတြက္ အခ်ိန္လိုအပ္ေနေသးသလို အေကာင္းဆံုးျပန္လာႏိုင္မယ္လို႔လည္းယံုၾကည္ေနပါတယ္။