နာပိုလီနဲ့ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာလာ ပြန်လည်ပါဝင်နိုင်တော့မည်

Photo Credit

Photo Credit

လီဗာပူးအသင်းတိုက်စစ်မှူး ဆာလာဟာ ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားရမယ့် နာပိုလီနဲ့ပွဲမှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှုအနေအထားအရ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဆာလာဟာ ခြေကျင်းဝတ်ဒဏ်ရာ ပြန်ရခဲ့လို့ အီဂျစ်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး လီဗာပူးအသင်းဆီ စောစီးစွာပြန်ရောက်လာခဲ့ပါတယ်။

Photo Credit

သူဟာ စနေညက ပဲလေ့စ်ကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းလူစာရင်းထဲ ပါဝင်လာပေမယ့် ဝင်ရောက်မကစားခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ တနင်္လာနေ့က အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ရာ နည်းပြကလော့ပ်က ဆာလာအနေနဲ့ အန်ဖီးလ်မှာကစားရမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

Photo Credit

”ဆာလာဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပျော်ပျော်ပါးပါးပဲ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ သူ့ရဲ့ကြံ့ခိုင်မှုအနေအထားနဲ့ပတ်သက်လု့ိလည်း ကျွန်တော်မစိုးရိမ်ပါဘူး”လို့ ကလော့ပ်က အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Photo Credit

နောက်ခံလူ မာတစ်ကတော့ နာပိုလီနဲ့ပွဲကို ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး ကလော့ပ်အနေနဲ့ မာတစ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ”မာတစ်ရဲ့ဒဏ်ရာက သက်သာလာတာမှန်ပေမယ့် အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့တော့ အချိန်တစ်ခုလိုပါသေးတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေတိုးတက်နှုန်းကို ဒီတစ်ပတ်ထဲ စမ်းသပ်စစ်ဆေးခဲ့ပါတယ်”

Photo Credit

”ဒါပေမဲ့ ဘာတစ်ခုမှတော့ အတိအကျမသိရသေးဘဲ ကိုယ်ခန္ဓာက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ အဲဒီနောက် သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒီထက်ပိုသိလာနိုင်ပါတယ်”လို့ ပြောပါတယ်။ လီဗာပူးဟာ ပ-အကျော့ နေပယ်မြို့မှာ နာပိုလီအသင်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီး ကလော့ပ်က ခက်ခဲတဲ့စမ်းသပ်မှုအတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

Photo Credit

”နာပိုလီက တကယ့်ကိုအန္တရာယ်ပေးနိုင်တဲ့အသင်းဖြစ်ပြီး မနှစ်က ကျွန်တော်တိ့ုအသင်း အတော်လေးဆိုးရွားနေချိန်မှာ အနိုင်ရခဲ့သလို ဒီနှစ်ကျွန်တော်တို့အသင်း သိပ်မဆိုးတဲ့အချိန်မှာလည်း အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာလည်း သူတို့တိုက်ပွဲဝင်လာမှာသေချာပါတယ်”လို့ ကလော့ပ်က ပြောပါတယ်။

Photo Credit

Zawgyi

နာပိုလီနဲ႔ခ်န္ပီယံလိဂ္ပဲြမွာ လီဗာပူးတုိက္စစ္မွဴး ဆာလာ ျပန္လည္ပါ၀င္ႏိုင္ေတာ့မည္

လီဗာပူးအသင္းတုိက္စစ္မွဴး ဆာလာဟာ ယေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ကစားရမယ့္ နာပိုလီနဲ႔ပြဲမွာ ပါ၀င္ကစားဖို႔ ႀကံ့ခုိင္မႈအေနအထားအရ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ ဆာလာဟာ ေျခက်င္း၀တ္ဒဏ္ရာ ျပန္ရခဲ့လို႔ အီဂ်စ္အသင္းလူစာရင္းကေန ႏုတ္ထြက္ခဲ့ရၿပီး လီဗာပူးအသင္းဆီ ေစာစီးစြာျပန္ေရာက္လာခဲ့ပါတယ္။
သူဟာ စေနညက ပဲေလ့စ္ကို ၁-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းလူစာရင္းထဲ ပါ၀င္လာေပမယ့္ ၀င္ေရာက္မကစားခဲ့ပါဘူး။ ဒါေပမဲ့ သူဟာ တနလၤာေန႔က အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့ရာ နည္းျပကေလာ့ပ္က ဆာလာအေနနဲ႔ အန္ဖီးလ္မွာကစားရမယ့္ပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီလုိ႔ ဆိုပါတယ္။
”ဆာလာဟာ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ေပ်ာ္ေပ်ာ္ပါးပါးပဲ ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။ သူ႕ရဲ႕ႀကံ့ခုိင္မႈအေနအထားနဲ႔ပတ္သက္လု႔ိလည္း ကၽြန္ေတာ္မစိုးရိမ္ပါဘူး”လုိ႔ ကေလာ့ပ္က အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ေနာက္ခံလူ မာတစ္ကေတာ့ နာပိုလီနဲ႔ပြဲကို ဆက္လက္လဲြေခ်ာ္ဦးမွာျဖစ္ၿပီး ကေလာ့ပ္အေနနဲ႔ မာတစ္ရဲ႕ဒဏ္ရာအေျခအေနနဲ႔ပတ္သက္လုိ႔ ”မာတစ္ရဲ႕ဒဏ္ရာက သက္သာလာတာမွန္ေပမယ့္ အသင္းနဲ႔ ျပန္လည္ပူးေပါင္းဖို႔ေတာ့ အခ်ိန္တစ္ခုလိုပါေသးတယ္။ သူ႕ရဲ႕ဒဏ္ရာအေျခအေနတုိးတက္ႏႈန္းကို ဒီတစ္ပတ္ထဲ စမ္းသပ္စစ္ေဆးခဲ့ပါတယ္”
”ဒါေပမ့ဲ ဘာတစ္ခုမွေတာ့ အတိအက်မသိရေသးဘဲ ကိုယ္ခႏၶာက ဘယ္လုိတုံ႔ျပန္လာမလဲဆုိတာ ေစာင့္ၾကည့္ရပါမယ္။ အဲဒီေနာက္ သူ႕ရဲ႕ဒဏ္ရာအေျခအေနနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္တို႔ ဒီထက္ပိုသိလာႏုိင္ပါတယ္”လုိ႔ ေျပာပါတယ္။ လီဗာပူးဟာ ပ-အေက်ာ့ ေနပယ္ၿမိဳ႕မွာ နာပိုလီအသင္းကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီး ကေလာ့ပ္က ခက္ခဲတဲ့စမ္းသပ္မႈအတြက္ ျပင္ဆင္ထားတယ္လုိ႔ ဆုိပါတယ္။
”နာပိုလီက တကယ့္ကိုအႏၱရာယ္ေပးႏိုင္တဲ့အသင္းျဖစ္ၿပီး မႏွစ္က ကၽြန္ေတာ္တိ႔ုအသင္း အေတာ္ေလးဆုိးရြားေနခ်ိန္မွာ အႏိုင္ရခဲ့သလုိ ဒီႏွစ္ကၽြန္ေတာ္တုိ႔အသင္း သိပ္မဆုိးတဲ့အခ်ိန္မွာလည္း အႏုိင္ရခဲ့ပါတယ္။ ဒီပြဲမွာလည္း သူတုိ႔တုိက္ပြဲ၀င္လာမွာေသခ်ာပါတယ္”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။