ဒေါ့မန်အသင်းနဲ့ အဆင်မပြေတော့တဲ့ ဆန်ချိုအတွက် ထိပ်သီးအသင်းတွေစတင်လှုပ်ရှား

Photo- Internet
Photo- Internet

ဒေါ့မန်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ အခုနောက်ပိုင်းမှာ အသင်းနဲ့အဆင်မပြေဖြစ်နေလို့ လာမယ့်နွေရာသီမှာ ထွက်ခွာနိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ သူ့ကိုခေါ်ယူဖို့ ထိပ်တန်းအသင်းကြီးတွေ စတင်လှုပ်ရှားလာနေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။

ဆန်ချိုဟာ မကြာသေးခင်က အသင်းကိုအပြန်နောက်ကျလို့ ပေါင် ၈၆၀၀၀၀ ဒဏ်ရိုက်ခံရမှုကြုံ ခဲ့ရသေးသလို စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီးနည်းပြ ဖာဗရီရဲ့ မေးခွန်းထုတ်ခံနေရသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်ကို ၄ ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ ပွဲမှာလည်း ခြေစွမ်းမပြနိုင်လို့ ပထမပိုင်း ၃၆  မိနစ်ကတည်းက လူစားလဲခံခဲ့ရသူဖြစ်ပါတယ်။

Photo- Internet

ဒီအခြေအနေကြောင့် သူနဲ့ နည်းပြ ဖာဗရီတို့အကြားအဆင်မပြေမှု ပိုမိုကြီးထွားလာနေလို့ အသင်းကနေသူထွက်နိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ ဒါကြောင့်လည်း မန်ယူ၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့အပြင် အခုနောက်ဆုံး လီဗာပူးအသင်းကပါ ခေါ်ယူဖို့ကြိုးစားလာနေတာဖြစ်ပါတယ်။

Photo- Internet

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆန်ချိုဟာ ၂၀၁၇ က မန်စီးတီးကနေ ဒေါ့မန်ကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် အလျင်အမြန်တိုးတက်လာကာ အသင်းရဲ့အရေးပါတဲ့သူဖြစ်လာတဲ့အပြင် ဘွန်ဒက်စ်လီဂါမှာသာမက ကမ္ဘာမှာပါ အတောက်ပဆုံးလူငယ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့၇ပါတယ်။

Photo- Internet

ဒေါ့မန်ဟာ ဆန်ချိုကို မဖြစ်မနေရောင်းချရမယ့် အချိန်ရောက်လာမယ်ဆိုတာကို ကြိုတင်တွက်ဆထားပြီး လာမယ့်ရာသီမှာ ပေါင်သန်း ၁၀၀ ရရင် ရောင်းချဖွယ်ရှိနေပါတယ်။ ဒါကြောင့်လည်း ထိပ်သီးအသင်းတွေက သူ့ကိုခေါ်ယူဖို့အပြိုင်ကြိုးစားနေကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

ေဒါ့မန္အသင္းနဲ႔ အဆင္မေျပေတာ႔တဲ႔ ဆန္ခ်ဳိအတြက္ ထိပ္သီးအသင္းေတြစတင္လႈပ္ရွား

ေဒါ့မန္အသင္းေတာင္ပံကစားသမား ဆန္ခ်ဳိဟာ အခုေနာက္ပုိင္းမွာ အသင္းနဲ႔အဆင္မေျပျဖစ္ေနလို႔ လာမယ္႔ေႏြရာသီမွာ ထြက္ခြာႏိုင္ေခ်ရွိတယ္ဆိုတဲ႔ သတင္းေတြနဲ႔အတူ သူ႔ကိုေခၚယူဖို႔ ထိပ္တန္းအသင္းႀကီးေတြ စတင္လႈပ္ရွားလာေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။

ဆန္ခ်ဳိဟာ မၾကာေသးခင္က အသင္းကိုအျပန္ေနာက္က်လို႔ ႔ေပါင္ ၈၆၀၀၀၀ ဒဏ္ရိုက္ခံရမႈႀကံဳ ခဲ့ရေသးသလို စည္းကမ္းပိုင္းနဲ႔ ပတ္သက္ၿပီးနည္းျပ ဖာဗရီရဲ႕ ေမးခြန္းထုတ္ခံေနရသူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဘိုင္ယန္ကို ၄ ဂိုးျပတ္နဲ႔ရႈံးခဲ့တဲ႔ ပြဲမွာလည္း ေျခစြမ္းမျပႏိုင္လို႔ ပထမပိုင္း ၃၆  မိနစ္ကတည္းက လူစားလဲခံခဲ့ရသူျဖစ္ပါတယ္။

ဒီအေျခအေနေၾကာင့္ သူနဲ႔ နည္းျပ ဖာဗရီတို႔အၾကားအဆင္မေျပမႈ ပိုမိုႀကီးထြားလာေနလို႔ အသင္းကေနသူထြက္ႏိုင္တယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာခဲ့တာပါ။ ဒါေၾကာင့္လည္း မန္ယူ၊ ပီအက္စ္ဂ်ီနဲ႔ ရီးရဲလ္မက္ဒရစ္တို႔အျပင္ အခုေနာက္ဆုံး လီဗာပူးအသင္းကပါ ေခၚယူဖို႔ႀကိဳးစားလာေနတာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဆန္ခ်ဳိဟာ ၂၀၁၇ က မန္စီးတီးကေန ေဒါ့မန္ကိုေျပာငး္ေရြႊ႕ခဲ့ၿပီးတဲ႔ေနာက္ အလ်င္အျမန္တိုးတက္လာကာ အသင္းရဲ႕အေရးပါတဲ႔သူျဖစ္လာတဲ႔အျပင္ ဘြန္ဒက္စ္လီဂါမွာသာမက ကမၻာမွာပါ အေတာက္ပဆုံးလူငယ္ေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့၇ပါတယ္။

ေဒါ့မန္ဟာ ဆန္ခ်ဳိကုိ မျဖစ္မေနေရာင္းခ်ရမယ္႔ အခ်ိန္ေရာက္လာမယ္ဆိုတာကို ႀကိဳတင္တြက္ဆထားၿပီး လာမယ္႔ရာသီမွာ ေပါင္သန္း ၁၀၀ ရရင္ ေရာင္းခ်ဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္လည္း ထိပ္သီးအသင္းေတြက သူ႔ကိုေခၚယူဖို႔အၿပိဳင္ႀကိဳးစားေနၾကတာျဖစ္တယ္လို႔ သိရပါတယ္။