ဒီဘားလားကြောင့် အက်သလက်ကို အနိုင်ယူပြီး ဂျူဗင်တပ်စ် အုပ်စုပထမနေရာရယူ (ဂျူဗ်တပ်စ် ၁-၀ အက်သလက်တီကို ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

တူရင်မြေမှာကစားခဲ့တဲ့နောက်ထပ်ပွဲကြီးပွဲကောင်းကတော့ အမှားမခံတဲ့ပွဲဖြစ်လို့ နှစ်သင်းစလုံး သတိကြီးကြီးထားကစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက တိုက်စစ်မှူး ဒီဘားလားရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက်နဲ့အတူ အက်သလက်တီကိုအသင်းကို အနိုင်ယူကာ အုပ်စုပထမနေရာရယူသွားနိုင်ခဲ့ပါတယ်။

Photo Credit

ပွဲစဉ် ၄ပြီးကတည်းက ၁၆သင်းအဆင့်တက်ရောက်ဖို့ သေချာခဲ့ပြီးသားဖြစ်တဲ့ ဂျူဗင်တပ်စ်ဟာ ဒီပွဲမှာလည်း ဦးဆောင်ကစားနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဒီဘားလားက ထောင့်ကျဉ်းထဲ ပြစ်ဒဏ်ဘောကို လှလှပပကန်သွင်းကာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး လူစားဝင်ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒက်ချီရဲ့ကန်သွင်းချက်ကလည်း တိုင်ထိထွက်သွားပါတယ်။

https://twitter.com/MsFutbol3/status/1199434300581699591

Video Credit

အက်သလက်တီကိုက အုပ်စုဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပေမယ့် အုပ်စုနောက်ဆုံးပွဲအဖြစ် လိုကိုမိုတစ်မော်စကိုနဲ့ပွဲမှာ အမှားခံလို့မရတော့ဘဲ နောက်တစ်ဆင့်တက်ဖို့အတွက် ကိုယ့်ဘက်က သေချာအောင် အနိုင်ကစားထားမှ တော်ကာကျပါလိမ့်မယ်။

Photo Credit

၂၀၁၄ နဲ့ ၂၀၁၆ ပြိုင်ပွဲတွေမှာ ဒုတိယရရှိခဲ့တဲ့ အက်သလက်တီကိုအသင်းဟာ တတိယနေရာက လေဗာကူဆင်ကို ၁ မှတ်သာဖြတ်ထားနိုင်တော့ပြီး လေဗာကူဆင်က အစောပိုင်းမှာ ရုရှားကလပ် လိုကိုမိုတစ်မော်စကိုအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ယူကာ နောက်တစ်ဆင့်တက်ရောက်ရေးမျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

Photo Credit

ဒီပွဲက နှစ်သင်းစလုံးအတွက် ကစားရခက်တဲ့ပွဲဖြစ်ခဲ့ပြီး တစ်ပွဲလုံးမှာမှ နှစ်သင်းပေါင်း ဂိုးပေါက်တည့်မှုက စုစုပေါင်း ၂ကြိမ်တည်းရှိခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

Photo Credit

အတ္တလန္တာအသင်းကို ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လုံးဝအနားပေးခံခဲ့ရတဲ့ရော်နယ်ဒိုကတော့ ဒီပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဝေးလ်ကွင်းလယ်လူ ရမ်ဆေးလည်း ပွဲထွက်စာရင်းမှာ ပါဝင်လာပေမယ့် ပွဲချိန် ၆၃ မိနစ်မှာ ဘာနာဒက်ချီနဲ့ လူစားလဲခံခဲ့ရပါတယ်။

Photo Credit

Zawgyi

ဒီဘားလားေၾကာင့္ အက္သလက္ကို အႏုိင္ယူၿပီး ဂ်ဴဗင္တပ္စ္ အုပ္စုပထမေနရာရယူ (ဂ်ဴဗ္တပ္စ္ ၁-၀ အက္သလက္တီကို ပြဲၿပီးျမင္ကြင္းက်ယ္)

တူရင္ေျမမွာကစားခဲ့တဲ့ေနာက္ထပ္ပြဲႀကီးပြဲေကာင္းကေတာ့ အမွားမခံတဲ့ပဲြျဖစ္လုိ႔ ႏွစ္သင္းစလုံး သတိႀကီးႀကီးထားကစားခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းက တုိက္စစ္မွဴး ဒီဘားလားရဲ႕ျပစ္ဒဏ္ေဘာကန္သြင္းခ်က္နဲ႔အတူ အက္သလက္တီကိုအသင္းကို အႏိုင္ယူကာ အုပ္စုပထမေနရာရယူသြားႏိုင္ခဲ့ပါတယ္။
ပြဲစဥ္ ၄ၿပီးကတည္းက ၁၆သင္းအဆင့္တက္ေရာက္ဖုိ႔ ေသခ်ာခဲ့ၿပီးသားျဖစ္တဲ့ ဂ်ဴဗင္တပ္စ္ဟာ ဒီပဲြမွာလည္း ဦးေဆာင္ကစားႏိုင္ခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ဒီဘားလားက ေထာင့္က်ဥ္းထဲ ျပစ္ဒဏ္ေဘာကို လွလွပပကန္သြင္းကာ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး လူစား၀င္ကြင္းလယ္တုိက္စစ္ကစားသမား ဘာနာဒက္ခ်ီရဲ႕ကန္သြင္းခ်က္ကလည္း တုိင္ထိထြက္သြားပါတယ္။
အက္သလက္တီကိုက အုပ္စုဒုတိယေနရာမွာ ဆက္လက္ရပ္တည္ေနေပမယ့္ အုပ္စုေနာက္ဆုံးပြဲအျဖစ္ လုိကိုမိုတစ္ေမာ္စကိုနဲ႔ပြဲမွာ အမွားခံလုိ႔မရေတာ့ဘဲ ေနာက္တစ္ဆင့္တက္ဖုိ႔အတြက္ ကုိယ့္ဘက္က ေသခ်ာေအာင္ အႏိုင္ကစားထားမွ ေတာ္ကာက်ပါလိမ့္မယ္။
၂၀၁၄ နဲ႔ ၂၀၁၆ ၿပိဳင္ပဲြေတြမွာ ဒုတိယရရွိခဲ့တဲ့ အက္သလက္တီကိုအသင္းဟာ တတိယေနရာက ေလဗာကူဆင္ကို ၁ မွတ္သာျဖတ္ထားႏိုင္ေတာ့ၿပီး ေလဗာကူဆင္က အေစာပုိင္းမွာ ႐ုရွားကလပ္ လုိကိုမိုတစ္ေမာ္စကိုအသင္းကို ၂-၀ ဂိုးနဲ႔အႏုိင္ယူကာ ေနာက္တစ္ဆင့္တက္ေရာက္ေရးေမွ်ာ္လင့္ခ်က္ကို ဆက္လက္ဆုပ္ကိုင္ႏို္င္ခဲ့ပါတယ္။
ဒီပြဲက ႏွစ္သင္းစလုံးအတြက္ ကစားရခက္တဲ့ပြဲျဖစ္ခဲ့ၿပီး တစ္ပြဲလုံးမွာမွ ႏွစ္သင္းေပါင္း ဂိုးေပါက္တည့္မႈက စုစုေပါင္း ၂ႀကိမ္တည္းရွိခဲ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။
အတၱလႏၱာအသင္းကို ၁-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ လုံး၀အနားေပးခံခဲ့ရတဲ့ေရာ္နယ္ဒိုကေတာ့ ဒီပြဲမွာ ပြဲခ်ိန္ျပည့္ပါ၀င္ကစားခဲ့ၿပီး ေ၀းလ္ကြင္းလယ္လူ ရမ္ေဆးလည္း ပဲြထြက္စာရင္းမွာ ပါ၀င္လာေပမယ့္ ပြဲခ်ိန္ ၆၃ မိနစ္မွာ ဘာနာဒက္ခ်ီနဲ႔ လူစားလဲခံခဲ့ရပါတယ္။