ဒီဂီယာထက် ပိုလက်စွမ်းပြနေပေမယ့် မိခင်ကလပ်မန်ယူနဲ့ရင်ဆိုင်ခွင့်မရတဲ့ ဒင်းဟန်ဒါဆန်

photo-thesun

photo-gettyimages

လာမယ့်တနင်္ဂနွေနေ့ ကစားမယ့် ရှက်ဖီးယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်မှာ အငှားချထားတဲ့အသင်းဂိုးသမားဒင်းဟန်ဒါဆန်နဲ့ရင်ဆိုင်ရမှာမဟုတ်လို့ မန်ယူကတော့ ကျေနပ်နေပါလိမ့်မယ်။ ဟန်ဒါဆန်ရဲ့ဒီရာသီစွမ်းဆောင်ရည်ကလည်း ဒီဂီယာထက်တောင် ပိုကောင်းနေတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ပထမအသင်းအတွေ့အကြုံအတွက် အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာပြီး ရှက်ဖီးယူနိုက်တက်မှာ အငှားသွားကစားနေတာဖြစ်ကာ အဲဒီမှာ နံပါတ် ၁ ဂိုးသမားဖြစ်နေတာပါ။

photo-action plus

ဒင်းဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ရှက်ဖီးယူနိုက်တက်မှာ အငှားသွားကစားခဲ့တာဖြစ်ပြီး အဲဒီကတည်းက ရှက်ဖီးအတွက် လိဂ် ၅၈ ပွဲဆက်ကစားပေးနိုင်ခဲ့တာပါ။ ကြားထဲမှာ တစ်ပွဲတစ်လေတောင် မလွဲခဲ့ပေမယ့် မိခင်ကလပ်မန်ယူနဲ့အတွေ့မှာတော့ အဲဒါဟာ အဆုံးသတ်တော့မှာပါ။ အငှားစာချုပ်မှာပါတဲ့ အချက်အလက်တွေအရ သူဟာ မိခင်ကလပ်မန်ယူနဲ့ပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ရှက်ဖီးဟာ မန်ယူနဲ့အိမ်ကွင်းပွဲအတွက် အရန်ဂိုးသမားကိုသာ အသုံးပြုရတော့မှာပါ။

photo-gettyimages

ဟန်ဒါဆန်ဟာ ရာသီအစောပိုင်းတုန်းက လီဗာပူးနဲ့ပွဲမှာ အမှားလုပ်ခဲ့မိပြီး အဲဒီအမှားကနေပေးလိုက်ရတဲ့တစ်လုံးသောဂိုးနဲ့ ရှက်ဖီးဟာ ရှုံးနိမ့်ခဲ့ရပေမယ့် ဒီရာသီမှာ ရှက်ဖီးနဲ့အတူ ပေးဂိုးမရှိ ၅ ပွဲပိုင်ဆိုင်ထားပါတယ်။ ဟန်ဒါဆန်ထက် ပေးဂိုးပိုမရှိတာဆိုလို့ မန်စီးတီးက အီဒါဆန်နဲ့ လက်စတာက ကက်စပါရှမိုက်ကယ်တို့သာရှိပြီး မန်ယူရဲ့ဒီဂီယာကတော့ ပေးဂိုးမရှိ ၂ ပွဲသာရှိပါတယ်။ ဒါ့အပြင် ဂိုးကာကွယ်မှုမှာလည်း ဟန်ဒါဆန်က ၃၄ ကြိမ်ရှိကာ ဒီဂီယာက ၃၃ ကြိမ်ပါ။ လက်ရှိအမှတ်ပေးဇယားမှာလည်း ရှက်ဖီးယူနိုက်တက်ဟာ မန်ယူရဲ့အထက်မှာ ရပ်တည်နေတာပါ။

[Zawgyi]

ဒီဂီယာထက္ ပိုလက္စြမ္းျပေနေပမယ့္ မိခင္ကလပ္မန္ယူနဲ႔ရင္ဆိုင္ခြင့္မရတဲ့ ဒင္းဟန္ဒါဆန္

လာမယ့္တနဂၤေႏြေန႔ ကစားမယ့္ ရွက္ဖီးယူႏုိက္တက္နဲ႔ အေ၀းကြင္းပြဲစဥ္မွာ အငွားခ်ထားတဲ့အသင္းဂိုးသမားဒင္းဟန္ဒါဆန္နဲ႔ရင္ဆိုင္ရမွာမဟုတ္လုိ႔ မန္ယူကေတာ့ ေက်နပ္ေနပါလိမ့္မယ္။ ဟန္ဒါဆန္ရဲ႕ဒီရာသီစြမ္းေဆာင္ရည္ကလည္း ဒီဂီယာထက္ေတာင္ ပိုေကာင္းေနတာ ျဖစ္ပါတယ္။ ဟန္ဒါဆန္ဟာ ပထမအသင္းအေတြ႕အႀကဳံအတြက္ အိုးလ္ထရက္ဖို႔ဒ္ကေနထြက္ခြာၿပီး ရွက္ဖီးယူႏိုက္တက္မွာ အငွားသြားကစားေနတာျဖစ္ကာ အဲဒီမွာ နံပါတ္ ၁ ဂိုးသမားျဖစ္ေနတာပါ။

ဒင္းဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ရွက္ဖီးယူႏိုက္တက္မွာ အငွားသြားကစားခဲ့တာျဖစ္ၿပီး အဲဒီကတည္းက ရွက္ဖီးအတြက္ လိဂ္ ၅၈ ပြဲဆက္ကစားေပးႏိုင္ခဲ့တာပါ။ ၾကားထဲမွာ တစ္ပြဲတစ္ေလေတာင္ မလြဲခဲ့ေပမယ့္ မိခင္ကလပ္မန္ယူနဲ႔အေတြ႕မွာေတာ့ အဲဒါဟာ အဆုံးသတ္ေတာ့မွာပါ။ အငွားစာခ်ဳပ္မွာပါတဲ့ အခ်က္အလက္ေတြအရ သူဟာ မိခင္ကလပ္မန္ယူနဲ႔ပြဲမွာ ပါ၀င္ခြင့္ရမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း ရွက္ဖီးဟာ မန္ယူနဲ႔အိမ္ကြင္းပြဲအတြက္ အရန္ဂိုးသမားကိုသာ အသုံးျပဳရေတာ့မွာပါ။

ဟန္ဒါဆန္ဟာ ရာသီအေစာပိုင္းတုန္းက လီဗာပူးနဲ႔ပြဲမွာ အမွားလုပ္ခဲ့မိၿပီး အဲဒီအမွားကေနေပးလိုက္ရတဲ့တစ္လုံးေသာဂိုးနဲ႔ ရွက္ဖီးဟာ ရႈံးနိမ့္ခဲ့ရေပမယ့္ ဒီရာသီမွာ ရွက္ဖီးနဲ႔အတူ ေပးဂိုးမရွိ ၅ ပြဲပိုင္ဆိုင္ထားပါတယ္။ ဟန္ဒါဆန္ထက္ ေပးဂိုးပိုမရွိတာဆုိလို႔ မန္စီးတီးက အီဒါဆန္နဲ႔ လက္စတာက ကက္စပါရွမိုက္ကယ္တုိ႔သာရွိၿပီး မန္ယူရဲ႕ဒီဂီယာကေတာ့ ေပးဂိုးမရွိ ၂ ပြဲသာရွိပါတယ္။ ဒါ့အျပင္ ဂိုးကာကြယ္မႈမွာလည္း ဟန္ဒါဆန္က ၃၄ ႀကိမ္ရွိကာ ဒီဂီယာက ၃၃ ႀကိမ္ပါ။ လက္ရွိအမွတ္ေပးဇယားမွာလည္း ရွက္ဖီးယူႏိုက္တက္ဟာ မန္ယူရဲ႕အထက္မွာ ရပ္တည္ေနတာပါ။