ဒိုင်ဗင်မာနေးလို့ ဂွါဒီယိုလာ စွပ်စွဲခဲ့တာက မာနေးကို သူ ကြောက်နေတာကြောင့်ဖြစ်

Photo Credit

Photo Credit

လီဗာပူးတိုက်စစ်မှူးမာနေးကို မြက်ခင်းပေါ် အလွယ်တကူလဲကျတတ်သူ ဒိုင်ဗင်သမားလို့ စီးတီးနည်းပြဂွါဒီယိုလာ စွပ်စွဲခဲ့တာက အဲဒီဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးရဲ့ခြိမ်းခြောက်လာနိုင်မှုအပေါ် ဂွါဒီယိုလာ ကြောက်ရွံ့နေတာကြောင့်ဖြစ်တယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျေမီရက်ဒ်နက်က သုံးသပ်လိုက်ပါတယ်။

Photo Credit

ချန်ပီယံဆုမျှော်လင့်နေတဲ့အသင်း ၂သင်း တနင်္ဂနွေနေ့မှာ အန်ဖီးလ်ကွင်းအားပြိုင်မှုမစတင်ခင် စပိန်နိုင်ငံသား ဂွါဒီယိုလာက စကားလုံးတိုက်ပွဲစတင်အသက်သွင်းလိုက်တာဖြစ်ပြီး မာနေးဟာ ဗီလာကို ၁-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၉၄ မိနစ်အရောက် နောက်ကျအနိုင်ဂိုးသွင်းယူနိုင်ခဲ့သလို လီဗာပူးက အဲဒီရလဒ်ကြောင့် လက်ရှိချန်ပီယံစီးတီးကို ၆ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

စီးတီးဟာ ယမန်နှစ်ကလည်း ဒီလိုအခြေအနေမျိုးကနေ ပြန်လည်ရုန်းထွက်ကာ ပြည်တွင်းဖလားအားလုံးရယူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လီဗာပူးအသင်း အမှတ်ပေးချန်ပီယံဖြစ်နိုင်တယ်လို့ အများစုက သုံးသပ်နေကြပါတယ်။

Photo Credit

ဒီအတွက်ကြောင့် စီးတီးအသင်းအပေါ် ဖိအားတွေပိုမိုကျရောက်လာရာ လီဗာပူးကွင်းလယ်လူဟောင်း ရက်ဒ်နက်က ဂွါဒီယိုလာအနေနဲ့ လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေရဲ့အတိမ်အနက်ကို ကောင်းစွာနားလည်သဘောပေါက်နေပြီဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

”ဂွါဒီယိုလာက မာနေးတစ်ယောက်တည်းကိုပဲကွက်ပြီး ဒိုင်ဗင်ထိုးတယ်လို့ပြောတာက အံ့အားသင့်စရာကောင်းနေပါတယ်။ ဂွါဒီယိုလာလိုနည်းပြတစ်ဦးက ပြိုင်ဘက်ကစားသမားတစ်ဦးအကြောင်းပြောတာ တစ်မူထူးခြားနေပေမယ့် အန်ဖီးလ်မှာကစားမယ့်ပွဲအတွက် တမင်တကာဆွနေတာလို့ မထင်ပါဘူး”

Photo Credit

”စကားလုံးတိုက်ပွဲတွေဆင်နွှဲနေတာမျိုးမဟုတ်ဘဲ ဂွါဒီယိုလာက မာနေးရဲ့ခြိမ်းခြောက်လာနိုင်မှုကို ကြောက်နေလို့ဖြစ်ပါတယ်။ မာနေးက လီဗာပူးရဲ့အရေးကြီးဆုံးကစားသမားဖြစ်နေပြီမှန်း ဂွါဒီယိုလာလည်း ကောင်းကောင်းသိပုံရပါတယ်။ မာနေးက ကလော့ပ်ရဲ့နံပါတ် ၁ဖြစ်ပြီး စနေနေ့ကလည်း ဒါကို သက်သေပြခဲ့ပါတယ်”

Photo Credit

”ပွဲချိန် ၆၅ မိနစ်အရောက် ဗီလာကို လီဗာပူးအသင်း ၁-၀ ဂိုးနဲ့အရေးနိမ့်နေချိန်မှာ ကလော့ပ်က ဆာလာကို လူစားလဲလိုက်ပါတယ်။ ပြီးတော့ မာနေးရဲ့ခေါင်းတိုက်သွင်းဂိုးကလည်း သူ့ရဲ့ရဲရင့်ရှိမှုကို ပြသခဲ့တာဖြစ်ပါတယ်”လို့ ရက်ဒ်နက်က ပြောသွားပါတယ်။

Photo Credit

Zawgyi

ဒိုင္ဗင္မာေနးလုိ႔ ဂြါဒီယိုလာ စြပ္စြဲခ့ဲတာက မာေနးကို သူ ေၾကာက္ေနတာေၾကာင့္ျဖစ္

လီဗာပူးတုိက္စစ္မွဴးမာေနးကို ျမက္ခင္းေပၚ အလြယ္တကူလဲက်တတ္သူ ဒုိင္ဗင္သမားလုိ႔ စီးတီးနည္းျပဂြါဒီယိုလာ စြပ္စြဲခဲ့တာက အဲဒီဆီနီေဂါလက္ေရြးစင္တုိက္စစ္မွဴးရဲ႕ၿခိမ္းေျခာက္လာႏိုင္မႈအေပၚ ဂြါဒီယိုလာ ေၾကာက္ရြံ႕ေနတာေၾကာင့္ျဖစ္တယ္လုိ႔ အဂၤလန္လက္ေရြးစင္ေဟာင္း ေဂ်မီရက္ဒ္နက္က သုံးသပ္လုိက္ပါတယ္။
ခ်န္ပီယံဆုေမွ်ာ္လင့္ေနတဲ့အသင္း ၂သင္း တနဂၤေႏြေန႔မွာ အန္ဖီးလ္ကြင္းအားၿပိဳင္မႈမစတင္ခင္ စပိန္ႏုိင္ငံသား ဂြါဒီယိုလာက စကားလုံးတုိက္ပြဲစတင္အသက္သြင္းလုိက္တာျဖစ္ၿပီး မာေနးဟာ ဗီလာကို ၁-၂ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၉၄ မိနစ္အေရာက္ ေနာက္က်အႏုိင္ဂိုးသြင္းယူႏိုင္ခ့ဲသလုိ လီဗာပူးက အဲဒီရလဒ္ေၾကာင့္ လက္ရွိခ်န္ပီယံစီးတီးကို ၆ မွတ္ျဖတ္ကာ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
စီးတီးဟာ ယမန္ႏွစ္ကလည္း ဒီလုိအေျခအေနမ်ိဳးကေန ျပန္လည္႐ုန္းထြက္ကာ ျပည္တြင္းဖလားအားလုံးရယူႏိုင္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ လီဗာပူးအသင္း အမွတ္ေပးခ်န္ပီယံျဖစ္ႏိုင္တယ္လုိ႔ အမ်ားစုက သုံးသပ္ေနၾကပါတယ္။
ဒီအတြက္ေၾကာင့္ စီးတီးအသင္းအေပၚ ဖိအားေတြပိုမိုက်ေရာက္လာရာ လီဗာပူးကြင္းလယ္လူေဟာင္း ရက္ဒ္နက္က ဂြါဒီယိုလာအေနနဲ႔ လက္ရွိအခ်ိန္မွာ ရင္ဆုိင္ေနရတဲ့စိန္ေခၚမႈေတြရဲ႕အတိမ္အနက္ကို ေကာင္းစြာနားလည္သေဘာေပါက္ေနၿပီျဖစ္ေၾကာင္း ဆုိပါတယ္။
”ဂြါဒီယိုလာက မာေနးတစ္ေယာက္တည္းကုိပဲကြက္ၿပီး ဒိုင္ဗင္ထုိးတယ္လုိ႔ေျပာတာက အံ့အားသင့္စရာေကာင္းေနပါတယ္။ ဂြါဒီယိုလာလုိနည္းျပတစ္ဦးက ၿပိဳင္ဘက္ကစားသမားတစ္ဦးအေၾကာင္းေျပာတာ တစ္မူထူးျခားေနေပမယ့္ အန္ဖီးလ္မွာကစားမယ့္ပြဲအတြက္ တမင္တကာဆြေနတာလုိ႔ မထင္ပါဘူး”
”စကားလုံးတုိက္ပြဲေတြဆင္ႏႊဲေနတာမ်ိဳးမဟုတ္ဘဲ ဂြါဒီယိုလာက မာေနးရဲ႕ၿခိမ္းေျခာက္လာႏိုင္မႈကို ေၾကာက္ေနလုိ႔ျဖစ္ပါတယ္။ မာေနးက လီဗာပူးရဲ႕အေရးႀကီးဆုံးကစားသမားျဖစ္ေနၿပီမွန္း ဂြါဒီယိုလာလည္း ေကာင္းေကာင္းသိပုံရပါတယ္။ မာေနးက ကေလာ့ပ္ရဲ႕နံပါတ္ ၁ျဖစ္ၿပီး စေနေန႔ကလည္း ဒါကို သက္ေသျပခဲ့ပါတယ္”
”ပြဲခ်ိန္ ၆၅ မိနစ္အေရာက္ ဗီလာကို လီဗာပူးအသင္း ၁-၀ ဂိုးနဲ႔အေရးနိမ့္ေနခ်ိန္မွာ ကေလာ့ပ္က ဆာလာကို လူစားလဲလုိက္ပါတယ္။ ၿပီးေတာ့ မာေနးရဲ႕ေခါင္းတုိက္သြင္းဂိုးကလည္း သူ႕ရဲ႕ရဲရင့္ရွိမႈကို ျပသခဲ့တာျဖစ္ပါတယ္”လုိ႔ ရက္ဒ္နက္က ေျပာသြားပါတယ္။