ဒဏ်ရာမှ ပေါ့ဂ်ဘာပြန်ကောင်းလာပါက ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးခေါ်ယူသကဲ့သို့ဖြစ်လာလိမ့်မည်ဟု ဆိုးလ်ရှားဖွင့်ဟ

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အဓိကကွင်းလယ်လူ ပေါ့ဂ်ဘာသာ ဒဏ်ရာမှ ပြန်ကောင်းလာပါက မိမိတို့အသင်းအတွက် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ခေါ်ယူသကဲ့သို့ဖြစ်လာလိမ့်မည်ဟု ပြောကြားလိုက်ပြီး ပေါ့ဂ်ဘာမှာ ခြေကျင်းဝတ်ဒဏ်ရာမှ ပြန်လည်သက်သာလာရန် နီးစပ်နေပြီဖြစ်သည်။

Photo Credit

ကမ္ဘာ့ဖလားချန်ပီယံ ပေါ့ဂ်ဘာသည် စက်တင်ဘာလတည်းက ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး အနားယူနေစဉ်ကာလအတွင်း အသင်းပြောင်းရွှေ့ဖွယ်ရှိသည့်သတင်းများလည်း ကျယ်ပြန့်စွာထွက်ပေါ်နေသလို အစောဆုံး လာမည့်ဇန်နဝါရီလအတွင်း အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

Photo Credit

သို့သော် ဆိုးလ်ရှားကမူ ပေါ့ဂ်ဘာနှင့်လမ်းခွဲရန် မည်သည့်အစီအစဉ်မှမရှိဘဲ ထိုအစား အသက် ၂၆နှစ်အရွယ်ရှိ ပေါ့ဂ်ဘာနှင့်လက်တွဲကာ အသင်း၏အနာဂတ်စီမံကိန်းများကို အကောင်အထည်ဖော်သွားရန် စီစဉ်နေပြီး မကြာမီ အသင်းအတွက် ပြန်ကစားနိုင်ရန် မျှော်လင့်လျက်ရှိသည်။

Photo Credit

”ပေါလ်က အခုချိန်မှာ ဒဏ်ရာကနေ အမြန်ဆုံးပြန်သက်သာလာဖို့ ကြိုးစားနေပြီး သူ့ရဲ့အခြေအနေကို ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။ သူသာ ပြန်ကစားနိုင်ရင် ကျွန်တော်တို့အတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူလိုက်သလိုဖြစ်လာမှာပါ။ အခုချိန်မှာ သူမကစားနိုင်သေးပေမယ့် ပြန်ကစားနိုင်ချိန်မှာတော့ ကျွန်တော်တို့အတွက် ကမ္ဘာ့အဆင့်ခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ”

Photo Credit

”သူက ကမ္ဘာ့အဆင့်ကွင်းလယ်လူပါ။ ကျွန်တော်တို့ဘက်ကလည်း သူအမြန်ဆုံးပြန်ကစားနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ တနင်္ဂနွေနေ့ကတော့ သူပြန်ကစားနိုင်ဖို့ မဖြစ်နိုင်တာသေချာပါတယ်။ သူဘယ်အချိန်ကစားနိုင်မလဲဆိုတာလည်း ပြောလို့မရပါဘူး”ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

Photo Credit

ယူနိုက်တက်သည် တနင်္ဂနွေနေ့တွင် အက်စ်တွန်ဗီလာအသင်းကို ဧည့်ခံကစားရမည်ဖြစ်ပြီး ကြားရက်အတွင်း နည်းပြဟောင်း မော်ရင်ညို ဦးဆောင်လာမည့် စပါးအသင်းကို ဆက်လက်ဧည့်ခံကစားရမည်ဖြစ်သလို နောက်တစ်ပတ်တွင်လည်း မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးနှင့်အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ်သည်။

Photo Credit

Zawgyi

ဒဏ္ရာမွ ေပါ့ဂ္ဘာျပန္ေကာင္းလာပါက ကမၻာ့အဆင့္ကစားသမားတစ္ဦးေခၚယူသကဲ့သို႔ျဖစ္လာလိမ့္မည္ဟု ဆုိးလ္ရွားဖြင့္ဟ

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက အဓိကကြင္းလယ္လူ ေပါ့ဂ္ဘာသာ ဒဏ္ရာမွ ျပန္ေကာင္းလာပါက မိမိတုိ႔အသင္းအတြက္ ကမၻာ့အဆင့္ကစားသမားတစ္ဦး ေခၚယူသကဲ့သို႔ျဖစ္လာလိမ့္မည္ဟု ေျပာၾကားလုိက္ၿပီး ေပါ့ဂ္ဘာမွာ ေျခက်င္း၀တ္ဒဏ္ရာမွ ျပန္လည္သက္သာလာရန္ နီးစပ္ေနၿပီျဖစ္သည္။
ကမၻာ့ဖလားခ်န္ပီယံ ေပါ့ဂ္ဘာသည္ စက္တင္ဘာလတည္းက ဒဏ္ရာေၾကာင့္ အနားယူေနရသူျဖစ္ၿပီး အနားယူေနစဥ္ကာလအတြင္း အသင္းေျပာင္းေရႊ႕ဖြယ္ရွိသည့္သတင္းမ်ားလည္း က်ယ္ျပန္႔စြာထြက္ေပၚေနသလို အေစာဆုံး လာမည့္ဇန္န၀ါရီလအတြင္း အသင္းေျပာင္းေရႊ႕ဖြယ္ရွိသည္ဟု သတင္းမ်ားထြက္ေပၚေနသည္။
သို႔ေသာ္ ဆုိးလ္ရွားကမူ ေပါ့ဂ္ဘာႏွင့္လမ္းခြဲရန္ မည္သည့္အစီအစဥ္မွမရွိဘဲ ထိုအစား အသက္ ၂၆ႏွစ္အရြယ္ရွိ ေပါ့ဂ္ဘာႏွင့္လက္တြဲကာ အသင္း၏အနာဂတ္စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္သြားရန္ စီစဥ္ေနၿပီး မၾကာမီ အသင္းအတြက္ ျပန္ကစားႏိုင္ရန္ ေမွ်ာ္လင့္လ်က္ရွိသည္။
”ေပါလ္က အခုခ်ိန္မွာ ဒဏ္ရာကေန အျမန္ဆုံးျပန္သက္သာလာဖို႔ ႀကိဳးစားေနၿပီး သူ႕ရဲ႕အေျခအေနကို ကၽြန္ေတာ္တို႔ေစာင့္ၾကည့္ၾကတာေပါ့။ သူသာ ျပန္ကစားႏုိင္ရင္ ကၽြန္ေတာ္တုိ႔အတြက္ ကစားသမားသစ္တစ္ဦး ေခၚယူလုိက္သလုိျဖစ္လာမွာပါ။ အခုခ်ိန္မွာ သူမကစားႏိုင္ေသးေပမယ့္ ျပန္ကစားႏိုင္ခ်ိန္မွာေတာ့ ကၽြန္ေတာ္တုိ႔အတြက္ ကမၻာ့အဆင့္ေခၚယူမႈတစ္ခုျဖစ္လာမွာပါ”
”သူက ကမၻာ့အဆင့္ကြင္းလယ္လူပါ။ ကၽြန္ေတာ္တုိ႔ဘက္ကလည္း သူအျမန္ဆုံးျပန္ကစားႏိုင္ဖို႔ ဆႏၵျပင္းျပေနပါတယ္။ တနဂၤေႏြေန႔ကေတာ့ သူျပန္ကစားႏုိင္ဖို႔ မျဖစ္ႏိုင္တာေသခ်ာပါတယ္။ သူဘယ္အခ်ိန္ကစားႏုိင္မလဲဆုိတာလည္း ေျပာလုိ႔မရပါဘူး”ဟု ဆုိးလ္ရွားက ေျပာၾကားခဲ့သည္။
ယူႏုိက္တက္သည္ တနဂၤေႏြေန႔တြင္ အက္စ္တြန္ဗီလာအသင္းကို ဧည့္ခံကစားရမည္ျဖစ္ၿပီး ၾကားရက္အတြင္း နည္းျပေဟာင္း ေမာ္ရင္ညိဳ ဦးေဆာင္လာမည့္ စပါးအသင္းကို ဆက္လက္ဧည့္ခံကစားရမည္ျဖစ္သလုိ ေနာက္တစ္ပတ္တြင္လည္း မန္ခ်က္စတာဒါဘီပြဲအျဖစ္ မန္စီးတီးႏွင့္အေ၀းကြင္းပြဲက်ပ္ကစားရမည္ျဖစ္သည္။