တာထွက်နှေးခဲ့ပေမယ့် ချန်ပီယံလိဂ်ချန်ပီယံဖြစ်နိုင်စွမ်းရှိသေးကြောင်း ဟယ်ရီကိန်း ကြုံးဝါး

Photo Credit ; Getty Images

Photo Credit

စပါးအသင်းအနေနဲ့ ၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တာထွက်နှေးခဲ့ပေမယ့် အောင်မြင်မှုရယူနိုင်စွမ်းရှိသေးကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

နည်းပြပိုချက်တီနိုဦးဆောင်တဲ့စပါးအသင်းဟာ ယမန်နှစ်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၁အပြီးမှာ ၃ပွဲပဲအနိုင်ရရှိထားပါတယ်။

Photo Credit

စပါးဟာ ချန်ပီယံလိဂ်အုပ်စု B မှာ ဒုတိယနေရာရောက်နေပြီး ယနေ့ညမှာ ဇဗက်ဒါနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ကာ အုပ်စုထိပ်ဆုံးရောက် ဘိုင်ယန်မြူးနစ်က မြူးနစ်မှာ အိုလံပီယာကို့စ်ကို အနိုင်ရဖို့များနေလို့ ဆားဘီးယားမြေမှာသာအမှတ်ပြည့်ရခဲ့ရင် အိမ်ရှင်အသင်းကို ၄ မှတ်ဖြတ်နိုင်မှာဖြစ်ပါတယ်။

Photo Credit

ဟယ်ရီကိန်းဟာ အဖျားရောဂါကြောင့် တနင်္ဂနွေနေ့က အဲဗာတန်အသင်းနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရပြီးနောက် ယနေ့ညပွဲစဉ်အတွက် ကြံ့ခိုင်မှုအပြည့်ပြန်ရနေပြီဖြစ်ပါတယ်။

Photo Credit ; Getty Images

”ကျွန်တော်တို့အသင်းဟာ ဦးဆောင်ဂိုးတွေထိန်းနိုင်ဖို့ ရုန်းကန်နေရပြီး အဲဗာတန်နဲ့ပွဲမှာဆိုရင်လည်း ၁-၀ ဂိုးနဲ့ဦးဆောင်နေရာကနေ ပွဲပြီးခါနီးမှာ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက ကျွန်တော်တု့ိအတွက် တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်”

Photo Credit

”လူအများကြီးတွေးထားတာထက်ပိုပြီး မြင့်မားတဲ့အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း မနှစ်ကထက်အောင်မြင်မှုပိုရဖို့ ရည်မှန်းထားပါတယ်။ ယမန်နှစ်အစောပိုင်းအခြေအနေက ဒီနှစ်ထက်တောင် ပိုဆိုးပါတယ်”လို့ ဟယ်ရီကိန်းက ပြောပါတယ်။

Photo Credit

စပါးဟာ အုပ်စုပွဲစဉ် ၃အဖြစ် ဇဗက်ဒါကို အိမ်ကွင်းမှာ ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တုန်းက ဟယ်ရီကိန်းလည်း ၂ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်ဟယ်ရီကိန်းက ယမန်နှစ်ရာသီချန်ပီယံလိဂ်မှာ ချန်ပီယံလောင်းလီဗာပူးကိုအနိုင်ရခဲ့တဲ့ဇဗက်ဒါရဲ့အိမ်ကွင်းကစားအားကို စိုးရိမ်နေပါတယ်။

Photo Credit

ဒီရာသီမှာ စပါးအသင်း ရလဒ်တွေဆိုးရွားနေပေမယ့် ဟယ်ရီကိန်းကတော့ ဂိုးမြူးနေပြီး ချန်ပီယံလိဂ်မှာ ၃ဂိုးသွင်းယူထားသလို ပရီးမီးယားလိဂ် ၁၀ပွဲမှာလည်း ၆ဂိုးအထိသွင်းယူထားပါတယ်။

Photo Credit

Zawgyi

တာထြက္ေႏွးခ့ဲေပမယ့္ ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ႏုိင္စြမ္းရွိေသးေၾကာင္း ဟယ္ရီကိန္း ႀကံဳး၀ါး

စပါးအသင္းအေနနဲ႔ ၂၀၁၉-၂၀ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ တာထြက္ေႏွးခဲ့ေပမယ့္ ေအာင္ျမင္မႈရယူႏုိင္စြမ္းရွိေသးေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္
နည္းျပပိုခ်က္တီႏိုဦးေဆာင္တ့ဲစပါးအသင္းဟာ ယမန္ႏွစ္ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ ၁၁အၿပီးမွာ ၃ပြဲပဲအႏိုင္ရရွိထားပါတယ္။
စပါးဟာ ခ်န္ပီယံလိဂ္အုပ္စု B မွာ ဒုတိယေနရာေရာက္ေနၿပီး ယေန႔ညမွာ ဇဗက္ဒါနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ကာ အုပ္စုထိပ္ဆုံးေရာက္ ဘုိင္ယန္ျမဴးနစ္က ျမဴးနစ္မွာ အိုလံပီယာကို႔စ္ကို အႏုိင္ရဖို႔မ်ားေနလုိ႔ ဆားဘီးယားေျမမွာသာအမွတ္ျပည့္ရခဲ့ရင္ အိမ္ရွင္အသင္းကို ၄ မွတ္ျဖတ္ႏိုင္မွာျဖစ္ပါတယ္။
ဟယ္ရီကိန္းဟာ အဖ်ားေရာဂါေၾကာင့္ တနဂၤေႏြေန႔က အဲဗာတန္အသင္းနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ယေန႔ညပြဲစဥ္အတြက္ ႀကံ့ခုိင္မႈအျပည့္ျပန္ရေနၿပီျဖစ္ပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္းဟာ ဦးေဆာင္ဂိုးေတြထိန္းႏိုင္ဖို႔ ႐ုန္းကန္ေနရၿပီး အဲဗာတန္နဲ႔ပြဲမွာဆုိရင္လည္း ၁-၀ ဂိုးနဲ႔ဦးေဆာင္ေနရာကေန ပြဲၿပီးခါနီးမွာ ေခ်ပဂိုးျပန္ေပးလုိက္ရပါတယ္။ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ကၽြန္ေတာ္တု႔ိအတြက္ တကယ့္ကိုေကာင္းမြန္ခဲ့ပါတယ္”
”လူအမ်ားႀကီးေတြးထားတာထက္ပုိၿပီး ျမင့္မားတဲ့အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ ဒီႏွစ္မွာလည္း မႏွစ္ကထက္ေအာင္ျမင္မႈပိုရဖို႔ ရည္မွန္းထားပါတယ္။ ယမန္ႏွစ္အေစာပိုင္းအေျခအေနက ဒီႏွစ္ထက္ေတာင္ ပိုဆုိးပါတယ္”လုိ႔ ဟယ္ရီကိန္းက ေျပာပါတယ္။
စပါးဟာ အုပ္စုပြဲစဥ္ ၃အျဖစ္ ဇဗက္ဒါကို အိမ္ကြင္းမွာ ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တုန္းက ဟယ္ရီကိန္းလည္း ၂ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ အဂၤလန္လက္ေရြးစင္ဟယ္ရီကိန္းက ယမန္ႏွစ္ရာသီခ်န္ပီယံလိဂ္မွာ ခ်န္ပီယံေလာင္းလီဗာပူးကိုအႏိုင္ရခဲ့တဲ့ဇဗက္ဒါရဲ႕အိမ္ကြင္းကစားအားကုိ စုိးရိမ္ေနပါတယ္။
ဒီရာသီမွာ စပါးအသင္း ရလဒ္ေတြဆုိးရြားေနေပမယ့္ ဟယ္ရီကိန္းကေတာ့ ဂိုးျမဴးေနၿပီး ခ်န္ပီယံလိဂ္မွာ ၃ဂိုးသြင္းယူထားသလုိ ပရီးမီးယားလိဂ္ ၁၀ပြဲမွာလည္း ၆ဂိုးအထိသြင္းယူထားပါတယ္။