ဇာခါနေရာမှာ အူဘာမီယန် ကိုအသင်းခေါင်းဆောင်အဖြစ် အာဆင်နယ်ခန့်အပ်

Photo- Internet
Photo- Internet

အာဆင်နယ်အသင်းနည်းပြ အမ်မရီက ဇာခါကိုအသင်းခေါင်းဆောင်ရာထူးက ရုပ်သိမ်းလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။ သူ့နေရာမှာ တိုက်စစ်မှူ း အူဘာမီယန်ကို အသင်းခေါင်းဆောင်အဖြစ် အစားထိုးခန့်အပ်ထားတယ်လို့ လည်းသိရပါတယ်။

ဇာခါဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လူစားလဲခံရချိန်သူ့ကိုလှောင်ပြောင်အော်ဟစ်ခဲ့တဲ့ ပရိသတ်တွေကို ပြန်လည်ဆဲဆိုခဲ့ပြီး နောက်ပိုင်း အသင်းမှာနေရာမရတော့တာပါ။ သူူဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝုဗ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ မပါခဲ့တဲ့အပြင် ဗစ်တိုးရီးယားနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲလူစာရင်းမှာလည်း ချန်လှပ်ခံထားရပါတယ်။

Photo- Internet

အခုလိုမျိုး အသင်းခေါင်းဆောင်အဖြစ်ကနေ ရုပ်သိမ်းလိုက်တဲ့အကြောင်းကို ဇာခါထံ အမ်မရီက အသိပေးထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇာခါကို အာဆင်နယ်အသင်းသားတွေ ကိုယ်တိုင်က အသင်းခေါင်းဆောင်အဖြစ်ရွေးခဲ့ပေမယ့် ပရိသတ်တွေအပေါ် သူ့ရဲ့တုံ့ပြန်မှုကြောင့် သူ့အပေါ်မကျေနပ်သူတွေရှိနေပါတယ်။

Photo- Internet

အူဘာမီယန်ဟာ ဝုဗ်နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အခုဆိုရင်အမြဲတမ်းအဖြစ် တာဝန်ယူသွားရတော့မှာဖြစ်ပါတယ်။ အမ်မရီက”ဇာခါကို အသင်းခေါင်းဆောင်အဖြစ်ကနေရုပ်သိမ်းလိုက်ပြီလို့ ပြောထားပြီးပါပြီ။ သူကလည်းကျွန်တော့်ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။ ဒီကိစ္စကပြီးသွားပြီဖြစ်သလို လောလောဆယ်မှာသူပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် အသင်းနဲ့တော့နေ့တိုင်း လေ့ကျင့်ခန်းဆင်းနေပါတယ်။

Photo- Internet

သူ့အတွက် အချိန်လိုအပ်သေးလို့ ကျွန်တော်တို့တွေ တည်ငြိမ်မှုရှိရမှာပါ” လို့ပြောသွားပါတယ်။ အူဘာမီယန် ကအသင်းခေါင်းဆောင်ဖြစ်လာမှုနဲ့အတူ လက်ထောက်အသင်းခေါင်းဆောင်တွေအဖြစ် ဘယ်လာရင်၊ လာကာဇက်တီနဲ့ အိုဇေးလ်တို့ကို တာဝန်ပေးထားတယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

ဇာခါေနရာမွာ အူဘာမီယန္ ကိုအသင္းေခါင္းေဆာင္အျဖစ္ အာဆင္နယ္ခန္႔အပ္

အာဆင္္နယ္အသင္းနည္းျပ အမ္မရီက ဇာခါကိုအသင္းေခါင္းေဆာင္ရာထူးက ရုပ္သိမ္းလိုက္ၿပီလို႔ အတည္ျပဳလိုက္ပါတယ္။ သူ႔ေနရာမွာ တိုက္စစ္မွဴ း အူဘာမီယန္ကို အသင္းေခါင္းေဆာင္အျဖစ္ အစားထိုးခန္႔အပ္ထားတယ္လို႔ လည္းသိရပါတယ္။

ဇာခါဟာ ခရစၥတယ္ပဲေလ႔စ္နဲ႔ပြဲမွာ လူစားလဲခံရခ်ိန္သူ႔ကိုေလွာင္ေျပာင္ေအာ္ဟစ္ခဲ့တဲ႔ ပရိသတ္ေတြကို ျပန္လည္ဆဲဆိုခဲ့ၿပီး ေနာက္ပုိင္း အသင္းမွာေနရာမရေတာ႔တာပါ။ သူူဟာ ၿပီးခဲ့တဲ႔တစ္ပတ္က ၀ုဗ္နဲ႔ ၁-၁ သေရက်ခဲ့တဲ႔ပြဲမွာ မပါခဲ့တဲ႔အျပင္ ဗစ္တိုးရီးယားနဲ႔ကစားမယ္႔ ယူရိုပါလိဂ္ပြဲလူစာရင္းမွာလည္း ခ်န္လွပ္ခံထားရပါတယ္။

အခုလိုမ်ဳိး အသင္းေခါင္းေဆာင္အျဖစ္ကေန ရုပ္သိမ္းလိုက္တဲ႔အေၾကာင္းကို ဇာခါထံ အမ္မရီက အသိေပးထားၿပီးျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဇာခါကို အာဆင္နယ္အသင္းသားေတြ ကိုယ္တိုင္က အသင္းေခါင္းေဆာင္အျဖစ္ေရြးခဲ့ေပမယ္႔ ပရိသတ္ေတြအေပၚ သူ႔ရဲ႕တုံ႔ျပန္မႈေၾကာင့္ သူ႔အေပၚမေက်နပ္သူေတြရွိေနပါတယ္။

အူဘာမီယန္ဟာ ၀ုဗ္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ့သူျဖစ္ၿပီး အခုဆိုရင္အၿမဲတမ္းအျဖစ္ တာ၀န္ယူသြားရေတာ႔မွာျဖစ္ပါတယ္။ အမ္မရီက”ဇာခါကို အသင္းေခါင္းေဆာင္အျဖစ္ကေနရုပ္သိမ္းလိုက္ၿပီလို႔ ေျပာထားၿပီးပါၿပီ။ သူကလည္းက်ြန္ေတာ္႔ဆုံးျဖတ္ခ်က္ကို လက္ခံခဲ့ပါတယ္။ ဒီကိစၥကၿပီးသြားၿပီျဖစ္သလို ေလာေလာဆယ္မွာသူပါ၀င္ႏိုင္ဦးမွာ မဟုတ္ေပမယ္႔ အသင္းနဲ႔ေတာ႔ေန႔တိုင္း ေလ႔က်င့္ခန္းဆင္းေနပါတယ္။

သူ႔အတြက္ အခ်ိန္လိုအပ္ေသးလို႔ က်ြန္ေတာ္တို႔ေတြ တည္ၿငိမ္မႈရွိရမွာပါ” လို႔ေျပာသြားပါတယ္။ အူဘာမီယန္ ကအသင္းေခါင္းေဆာင္ျဖစ္လာမႈနဲ႔အတူ လက္ေထာက္အသင္းေခါင္းေဆာင္ေတြအျဖစ္ ဘယ္လာရင္၊ လာကာဇက္တီနဲ႔ အိုေဇးလ္တို႔ကို တာ၀န္ေပးထားတယ္လို႔လည္း သိရပါတယ္။