ဆောင်းဈေးကွက်မှာ ရိုဂျိုကို ထွက်ခွင့်ပေးဖို့ ဆိုးလ်ရှား အစီအစဉ်မရှိ

PC ; Internet

မန်ယူနည်းပြဆိုးလ်ရှားအနေနဲ့ လာမယ့်ဇန်နဝါရီဈေးကွက်မှာ အသင်းရဲ့နောက်ခံလူရိုဂျိုကိုထွက်ခွာခွင့်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ဗြိတိန်သတင်းစာ Daily Mail က ရေးသားလိုက်ပါတယ်။အာဂျင်တီးနားနောက်ခံလူဟာ ပြီးခဲ့တဲ့နွေဈေးကွက်နောက်ဆုံးအချိန်မှာ အဲဗာတန်ကို ပေါင် ၂၅သန်းနဲ့ပြောင်းရွှေ့ဖို့အတော်လေးနီးစပ်ခဲ့ပေမယ့် ပျက်ပြယ်ခဲ့ရသူပါ။ဒါပေမဲ့ လာမယ့်ဆောင်းဈေးကွက်မှာ ရိုဂျိုရဲ့အပြောင်းအရွှေ့ ထပ်မံပေါ်ပေါက်လာဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

PC ; Internet

နည်းပြဆိုးလ်ရှားကတော့ လက်ရှိအသင်းရဲ့ခံစစ်ပိုင်းအားနည်းနေမှုကြောင့် ရိုဂျိုရဲ့အပြောင်းအရွှေ့ကိုတားဆီးသွားလိမ့်မယ်လို့ ရေးသားလိုက်တာပါ။မန်ယူအသင်းမှာ မက်ဂွိုင်းယား၊လင်ဒီလော့ဖ်၊တူအန်ဇီဘီ၊ဖီးလ်ဂျုံးစ်၊ဘိုင်လီ၊ စမောလင်းနဲ့ရိုဂျိုဆိုတဲ့ ဗဟိုခံစစ်ကစားသမား ၇ ဦးအထိရှိနေပါတယ်။ဒါပေမဲ့ စမောလင်းကို ရိုးမားထံအပြီးသတ်ပြောင်းရွှေ့ခွင့်ပေးဖို့ရှိနေသလို ဘိုင်လေက ဒဏ်ရာကြောင့်ကာလရှည်နားနေခဲ့ရပြီး ဖီးလ်ဂျုံးစ်က ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရတာကြောင့် ရိုဂျိုကိုဆက်ဖိန်းဖို့ ဆိုးလ်ရှားဆန္ဒရှိနေတာလို့ ရေးသားခဲ့ပါတယ်။

PC ; Internet

အာဂျင်တီးနားနောက်ခံလူဟာ မန်ယူမှာတစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ရနေသူဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်ပါသေးတယ်။ဒီရာသီမှာတော့ မန်ယူအတွက် ပရီးမီးယားလိဂ် ၂ပွဲအပါအဝင် ပြိုင်ပွဲစုံ ၇ပွဲအထိ ပါဝင်ကစားပေးထားသူဖြစ်ပြီး မန်ယူရဲ့ခံစစ် ၃ယောက်တန်းကစားကွက်မှာ မက်ဂွိုင်းယား၊လင်ဒီလော့ဖ်တို့နဲ့အတူ ခြေစွမ်းပြနိုင်တဲ့ပွဲတွေရှိခဲ့ပါတယ်။

(zawgyi)

မန္ယူနည္းျပဆိုးလ္ရွားအေနနဲ႔ လာမယ့္ဇန္န၀ါရီေစ်းကြက္မွာ အသင္းရဲ႕ေနာက္ခံလူရိုဂ်ိဳကိုထြက္ခြာခြင့္ေပးဖို႔ အစီအစဥ္မရွိဘူးလို႔ ၿဗိတိန္သတင္းစာ Daily Mail က ေရးသားလိုက္ပါတယ္။အာဂ်င္တီးနားေနာက္ခံလူဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္ေနာက္ဆံုးအခ်ိန္မွာ အဲဗာတန္ကို ေပါင္ ၂၅သန္းနဲ႔ေျပာင္းေရႊ႔ဖို႔အေတာ္ေလးနီးစပ္ခဲ့ေပမယ့္ ပ်က္ျပယ္ခဲ့ရသူပါ။ဒါေပမဲ့ လာမယ့္ေဆာင္းေစ်းကြက္မွာ ရိုဂ်ိဳရဲ႕အေျပာင္းအေရႊ႔ ထပ္မံေပၚေပါက္လာဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။နည္းျပဆိုးလ္ရွားကေတာ့ လက္ရွိအသင္းရဲ႕ခံစစ္ပိုင္းအားနည္းေနမႈေၾကာင့္ ရိုဂ်ိဳရဲ႕အေျပာင္းအေရႊ႕ကိုတားဆီးသြားလိမ့္မယ္လို႔ ေရးသားလိုက္တာပါ။မန္ယူအသင္းမွာ မက္ဂိြဳင္းယား၊လင္ဒီေလာ့ဖ္၊တူအန္ဇီဘီ၊ဖီးလ္ဂ်ံဳးစ္၊ဘိုင္လီ၊ စေမာလင္းနဲ႔ရိုဂ်ိဳဆိုတဲ့ ဗဟိုခံစစ္ကစားသမား ၇ ဦးအထိရွိေနပါတယ္။ဒါေပမဲ့ စေမာလင္းကို ရိုးမားထံအၿပီးသတ္ေျပာင္းေရႊ႕ခြင့္ေပးဖို႔ရွိေနသလို ဘိုင္ေလက ဒဏ္ရာေၾကာင့္ကာလရွည္နားေနခဲ့ရၿပီး ဖီးလ္ဂ်ံဳးစ္က ပံုမွန္ေျခစြမ္းရဖို႔ရုန္းကန္ေနရတာေၾကာင့္ ရိုဂ်ိဳကိုဆက္ဖိန္းဖို႔ ဆိုးလ္ရွားဆႏၵရွိေနတာလို႔ ေရးသားခဲ့ပါတယ္။အာဂ်င္တီးနားေနာက္ခံလူဟာ မန္ယူမွာတစ္ပတ္လုပ္ခ ေပါင္ ၁၄၀၀၀၀ ရေနသူျဖစ္ၿပီး အသင္းနဲ႔စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ပါေသးတယ္။ဒီရာသီမွာေတာ့ မန္ယူအတြက္ ပရီးမီးယားလိဂ္ ၂ပြဲအပါအ၀င္ ၿပိဳင္ပြဲစံု ၇ပြဲအထိ ပါ၀င္ကစားေပးထားသူျဖစ္ၿပီး မန္ယူရဲ႕ခံစစ္ ၃ေယာက္တန္းကစားကြက္မွာ မက္ဂိြဳင္းယား၊လင္ဒီေလာ့ဖ္တို႔နဲ႔အတူ ေျခစြမ္းျပႏိုင္တဲ့ပြဲေတြရွိခဲ့ပါတယ္။