ဆိုးရွားဒဏ်ရာရသွားတဲ့လက်ရွေးစင်အသင်းဖော်ဂိုမက်စ်အတွက် စီရော်နယ်ဒိုရဲ့အားပေးမက်ဆေ့ချ်

photo-sportbible

photo-gettyimages

ပြီးခဲ့တဲ့တနင်္ဂနွေက အဲဗာတန်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆိုးဆိုးရွားရွားဒဏ်ရာရသွားတဲ့ လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ကွင်းလယ်လူအန်ဒရီဂိုမက်စ်အတွက် စီရော်နယ်ဟာ ဆိုရှယ်မီဒီယာပေါ်ကနေ အားပေးမက်ဆေ့ချ်ပို့ပေးခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဖြစ်တဲ့ဂိုမက်စ်ဟာ စပါးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ အော်ရီယာနဲ့မတိုက်မိခင် ဆွန်ဟောင်မင်ရဲ့နောက်ကဖျက်ထုတ်မှုကနေ ပြင်းထန်တဲ့ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ကွင်းထဲမှာတင် အတော်လေးကိုခံစားခဲ့ရပုံပေါက်ပါတယ်။ အဲဒီလောက်ထိမရည်ရွယ်ပေမယ့်လည်း သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး ဆွန်ဟောင်မင်တောင် ငိုကြွေးခဲ့ရတာပါ။

photo-gettyimages

ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ဂိုမက်စ်ရဲ့အဲဒီပြင်းထန်ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာမှာ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ကြောင်း အဲဗာတန်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဒဏ်ရာကြောင့် တစ်နှစ်လောက်ထိ ကာလရှည်နားရနိုင်ပါတယ်။ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ဂိုမက်စ်ကို ဘောလုံးလောကတစ်ခုလုံးက ဆိုရှယ်မီဒီယာထက်ကနေ ဆုတောင်းအားပေးမက်ဆေ့ချ်တွေပို့ပေးခဲ့ကြပြီး အဲဒီထဲမှာ စီရော်နယ်ဒိုလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့တာပါ။

photo-social media

စီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ လက်ရွေးစင်အသင်းအတွက်ကစားပေးစဉ်က သူတို့နှစ်ယောက်ရဲ့ပုံကိုတင်ခဲ့ပြီး အမြန်ဆုံးသက်သာပါစေကြောင်း ဆုတောင်းပေးခဲ့သလို ပိုပြီးကြံ့ခိုင်စွာနဲ့ ဂိုမက်စ်ပြန်လာနိုင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ဂိုမက်စ်တို့ဟာ ယူရို ၂၀၁၆ အောင်ပွဲရပေါ်တူဂီအသင်းမှာ အတူပါဝင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

[Zawgyi]

ဆိုးရြားဒဏ္ရာရသြားတဲ့လက္ေရြးစင္အသင္းေဖာ္ဂိုမက္စ္အတြက္ စီေရာ္နယ္ဒိုရဲ႕အားေပးမက္ေဆ့ခ်္

ၿပီးခဲ့တဲ့တနဂၤေႏြက အဲဗာတန္ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဆုိးဆိုးရြားရြားဒဏ္ရာရသြားတဲ့ လက္ေရြးစင္အသငး္ေဖာ္ျဖစ္တဲ့ ကြင္းလယ္လူအန္ဒရီဂိုမက္စ္အတြက္ စီေရာ္နယ္ဟာ ဆိုရွယ္မီဒီယာေပၚကေန အားေပးမက္ေဆ့ခ်္ပို႔ေပးခဲ့ပါတယ္။ ေပၚတူဂီလက္ေရြးစင္ျဖစ္တဲ့ဂိုမက္စ္ဟာ စပါးနဲ႔ ၁-၁ သေရက်ခ့ဲတဲ့ပြဲမွာ ေအာ္ရီယာနဲ႔မတိုက္မိခင္ ဆြန္ေဟာင္မင္ရဲ႕ေနာက္ကဖ်က္ထုတ္မႈကေန ျပင္းထန္တဲ့ဒဏ္ရာရသြားခဲ့တာျဖစ္ၿပီး ကြင္းထဲမွာတင္ အေတာ္ေလးကိုခံစားခဲ့ရပုံေပါက္ပါတယ္။ အဲဒီေလာက္ထိမရည္ရြယ္ေပမယ့္လည္း သူ႔ေၾကာင့္ျဖစ္ရတယ္ဆိုၿပီး ဆြန္ေဟာင္မင္ေတာင္ ငိုေၾကြးခဲ့ရတာပါ။

ၿပီးခဲ့တဲ့တနလၤာေန႔မွာေတာ့ ဂိုမက္စ္ရဲ႕အဲဒီျပင္းထန္ဒဏ္ရာကို ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရာမွာ ေအာင္ျမင္စြာခြဲစိတ္ႏိုင္ခဲ့ေၾကာင္း အဲဗာတန္အသင္းက ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီဒဏ္ရာေၾကာင့္ တစ္ႏွစ္ေလာက္ထိ ကာလရွည္နားရႏိုင္ပါတယ္။ ဒဏ္ရာအျပင္းအထန္ရခဲ့တဲ့ဂိုမက္စ္ကို ေဘာလုံးေလာကတစ္ခုလုံးက ဆိုရွယ္မီဒီယာထက္ကေန ဆုေတာင္းအားေပးမက္ေဆ့ခ်္ေတြပုိ႔ေပးခဲ့ၾကၿပီး အဲဒီထဲမွာ စီေရာ္နယ္ဒိုလည္း တစ္ေယာက္အပါအ၀င္ျဖစ္ခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ လက္ေရြးစင္အသင္းအတြက္ကစားေပးစဥ္က သူတို႔ႏွစ္ေယာက္ရဲ႕ပုံကိုတင္ခဲ့ၿပီး အျမန္ဆုံးသက္သာပါေစေၾကာင္း ဆုေတာင္းေပးခဲ့သလို ပိုၿပီးႀကံ႕ခိုင္စြာနဲ႔ ဂိုမက္စ္ျပန္လာႏိုင္လိမ့္မယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။ စီေရာ္နယ္ဒိုနဲ႔ဂိုမက္စ္တို႔ဟာ ယူရို ၂၀၁၆ ေအာင္ပြဲရေပၚတူဂီအသင္းမွာ အတူပါ၀င္ခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။