ဆာလာ၊ ဖာမီနိုတို့နဲ့ တွဲကစားနေရတာကြောင့် ကံကောင်းတယ်လိ့ု ခံစားနေရတဲ့ မာနေး

Photo Credit ; Sky Sports

Photo Credit

လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးက အသင်းမှာ မိုဟာမက်ဆာလာ၊ ရောဘတ်တိုဖာမီနိုတို့နဲ့ တွဲဖက်ကစားရတာကြောင့် ကံကောင်းတယ်လိ့ု ခံစားနေရတယ်လိ့ု ဆိုပါတယ်။

Photo Credit

အဆိုပါ လီဗာပူးအသင်းရဲ့ တိုက်စစ် ၃ ယောက်တွဲဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်စစ်အတွဲလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ များစွာသော အပြောင်းအရွှေ့ကာလတွေမှာ အဆိုပါတိုက်စစ်အတွဲရရှိအောင် ကြီးမားတဲ့ ငွေကြေးရင်းနှီးမှုတွေ ပြုလုပ်ခဲ့ရတာပါ။

Photo Credit

အန်ဖီးလ်ကို ဖာမီနိုက အရင်ဆုံး ရောက်ရှိလာခဲ့တာဖြစ်ပြီး မာနေး၊ ဆာလာတို့လည်း အသီးသီးရောက်ရှိလာခဲ့ကာ မာဆေးဆိုဒ်အသင်းရဲ့ တိုက်စစ်ကကြောက်မက်ဖွယ် ဖြစ်လာခဲ့တာပါ။

Photo Credit

အဆိုပါတိုက်စစ် ၃ ယောက်တွဲက လီဗာပူးအသင်းရဲ့သွင်းဂိုးတွေကို ယူဆောင်ပေးနေပြီး ယမန်နှစ်က လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့အပြင် ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

Photo Credit

မာနေးဟာ လက်ရှိရာသီမှာလည်း ကြယ်ပွင့်ကစားသမားတစ်ဦးရဲ့ ပုံစံကောင်းကို ပြသထားနိုင်ပြီး အသင်းအတွက် သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ဒါပေမဲ့ သူနဲ့တွဲဖက်ကစားနေတဲ့ ကစားသမားတွေက ဘယ်လောက်အရေးကြီးပြီး အဆိုပါသွင်းဂိုးတွေ ရရှိတာဟာ ဘာကြောင့်ဆိုတာကို မာနေးက ပြောပြသွားခဲ့ပါတယ်။

Photo Credit

မာနေးက ” ကျွန်တော်အမြဲပြောခဲ့သလိုပဲ အတူတွဲဖက်ကစားရတာက အရမ်းကို လွယ်ကူပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောမယ်ဆိုရင် သူတို့လို အကောင်းဆုံးကစားသမားတွေနဲ့ တွဲဖက်ကစားရတာ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းကံကောင်းတယ်လိ့ု ထင်ပါတယ်”

Photo Credit

”ကစားသမားတိုင်း သူတိ့ုနဲ့ တွဲကစားရရင် ပျော်ရွှင်ကျေနပ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းကောင်းတဲ့ ကစားသမားတွေဖြစ်ပြီးတော့ အရာရာတိုင်းကို လွယ်ကူအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ကစားရတာ ကျွန်တော်ပျော်ရွှင်တာပါ”

Photo Credit

”ကျွန်တော်တို့ဟာ မတူညီတဲ့နိုင်ငံတွေကလာပြီး မတူညီတဲ့ ဘာသာစကားတွေ ပြောဆိုကြတာပါ။ ဒါပေမဲ့ ဘောလုံးမှာတော့ ဘာသာစကား တစ်မျိုးတည်းပါပဲ။ ဒါက လူတိုင်းပြောနိုင်တဲ့ ကမ္ဘာသုံး ဘာသာစကားမျိုးပေါ့။ ကျွန်တော်၊ ဖာမီနိုနဲ့ ဆာလာတို့ သုံးနှုန်းတဲ့ဘာသာစကားက ဒါပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ဆာလာ၊ ဖာမီႏိုတို႔နဲ႔ တြဲကစားေနရတာေၾကာင့္ ကံေကာင္းတယ္လိ႔ု ခံစားေနရတဲ့ မာေနး

လီဗာပူးတိုက္စစ္မွဴး ဆာဒီယိုမာေနးက အသင္းမွာ မိုဟာမက္ဆာလာ၊ ေရာဘတ္တိုဖာမီႏိုတို႔နဲ႔ တြဲဖက္ကစားရတာ ေၾကာင့္ ကံေကာင္းတယ္လိ႔ု ခံစားေနရတယ္လိ႔ု ဆိုပါတယ္။ အဆိုပါ လီဗာပူးအသင္းရဲ႕ တိုက္စစ္ ၃ ေယာက္တြဲဟာ ကမၻာ့ေဘာလံုးေလာကရဲ႕ ေၾကာက္မက္ဖြယ္အေကာင္းဆံုး တိုက္စစ္အတြဲလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ မ်ားစြာေသာ အေျပာင္းအေရႊ႕ကာလေတြမွာ အဆိုပါတိုက္စစ္အတြဲရရွိေအာင္ ႀကီးမားတဲ့ ေငြေၾကး ရင္းႏွီးမႈေတြ ျပဳလုပ္ခဲ့ရတာပါ။ အန္ဖီးလ္ကို ဖာမီႏိုက အရင္ဆံုး ေရာက္ရွိလာခဲ့တာျဖစ္ၿပီး မာေနး၊ ဆာလာတို႔လည္း အသီးသီးေရာက္ရွိလာခဲ့ကာ မာေဆးဆိုဒ္အသင္းရဲ႕ တိုက္စစ္ကေၾကာက္မက္ဖြယ္ ျဖစ္လာခဲ့တာပါ။ အဆိုပါ တိုက္စစ္ ၃ ေယာက္တြဲက လီဗာပူးအသင္းရဲ႕သြင္းဂိုးေတြကို ယူေဆာင္ေပးေနၿပီး ယမန္ႏွစ္က လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ဖလား ရရွိခဲ့တဲ့အျပင္ ဒီရာသီပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔လည္း အမွတ္ေပးဇယားထိပ္ဆံုးမွာ ဦးေဆာင္ ေနပါတယ္။ မာေနးဟာ လက္ရွိရာသီမွာလည္း ၾကယ္ပြင့္ကစားသမားတစ္ဦးရဲ႕ ပုံစံေကာင္းကို ျပသထားႏိုင္ၿပီး အသင္းအတြက္ သြင္းဂိုး ၁၁ ဂိုးအထိ သြင္းယူေပးထားပါတယ္။

ဒါေပမဲ့ သူနဲ႔တြဲဖက္ကစားေနတဲ့ ကစားသမားေတြက ဘယ္ေလာက္အေရးႀကီးၿပီး အဆိုပါသြင္းဂိုးေတြ ရရွိတာဟာ ဘာေၾကာင့္ဆိုတာကို မာေနးက ေျပာျပသြားခဲ့ပါတယ္။ မာေနးက ” ကၽြန္ေတာ္အျမဲေျပာခ့ဲသလိုပဲ အတူတြဲဖက္ကစား ရတာက အရမ္းကို လြယ္ကူပါတယ္။ ပုဂၢိဳလ္ေရးအရ ေျပာမယ္ဆိုရင္ သူတို႔လို အေကာင္းဆံုးကစားသမားေတြနဲ႔ တြဲဖက္ ကစားရတာ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ အရမ္းကံေကာင္းတယ္လိ႔ု ထင္ပါတယ္”

”ကစားသမားတိုင္း သူတိ႔ုနဲ႔ တြဲကစားရရင္ ေပ်ာ္ရႊင္ေက်နပ္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က အရမ္းေကာင္းတဲ့ ကစားသမားေတြျဖစ္ၿပီးေတာ့ အရာရာတိုင္းကို လြယ္ကူေအာင္ ဖန္တီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ ကစားရတာ ကၽြန္ေတာ္ေပ်ာ္ရႊင္တာပါ”

”ကၽြန္ေတာ္တို႔ဟာ မတူညီတဲ့ႏိုင္ငံေတြကလာၿပီး မတူညီတဲ့ ဘာသာစကားေတြ ေျပာဆိုၾကတာပါ။ ဒါေပမဲ့ ေဘာလံုးမွာ ေတာ့ ဘာသာစကား တစ္မ်ိဳးတည္းပါပဲ။ ဒါက လူတိုင္းေျပာႏိုင္တဲ့ ကမၻာသံုး ဘာသာစကားမ်ိဳးေပါ့။ ကၽြန္ေတာ္၊ ဖာမီႏိုနဲ႔ ဆာလာတို႔ သံုးႏႈန္းတဲ့ဘာသာစကားက ဒါပါပဲ”လို႔ ေျပာသြားခဲ့ပါတယ္။