ဆာနေးနဲ့ပတ်သက်လို့ ခံစစ်ကနေ တိုက်စစ်ပြောင်းလိုက်တဲ့ စီးတီး

Photo Credit

Photo Credit

မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီမှာ တောင်ပံကစားသမားလီရွိုင်းဆာနေးတစ်ယောက် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဘိုင်ယန်ကြယ်ပွင့် ကင်စလေကိုးလ်မန်းပြန်လည်ခေါ်ယူဖိ့ု ပြင်ဆင်လျက်ရှိကြောင်း သတင်းတွေက ရေးသားဖော်ပြပါတယ်။

Photo Credit

အသက် ၂၃ နှစ်အရွယ် ဂျာမန်တောင်ပံကစားသမား ဆာနေးဟာ သြဂုတ်လအစောပိုင်းက လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး နွေရာသီတုန်းက အမိမြေကို မပြန်ဖြစ်ခဲ့ပါဘူး။

Photo Credit

ဘိုင်ယန်အသင်းကတော့ အဆိုပါရှော်လ်ကေးကစားသမားဟောင်း ဆာနေးကို ဒဏ်ရာကပြန်လာသက်သာလာချိန်မှာ နောက်ထပ်ကမ်းလှမ်းမှု ပြုလုပ်ဖိ့ု မျှော်လင့်နေပြီး အပြောင်းအရွှေ့အတွက် ကစားသမားရဲ့အေးဂျင့်ကလည်း အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

Photo Credit

စကိုင်းစပေါ့သတင်းကတော့ နွေရာသီမှာ ဆာနေးထွက်ခွာသွားခဲ့ရင် သူ့နေရာမှာ တိုက်ရိုက်အစားထိုးဖိ့ု ကိုးမန်းကို ပက်ဂွါဒီယိုလာက စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ စပိန်သားနည်းပြကြီးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ပြင်သစ်သားကိုးမန်းနဲ့ တစ်ရာသီလက်တွဲခဲ့ဖူးတာ ဖြစ်ပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်က နောက်ထပ်တောင်ပံကစားသမားတစ်ဦးကို စာချုပ်ချုပ်ဆိုခဲ့ရင် ကိုးမန်းဟာ အသင်းမှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ ဒီနွေရာသီမှာ ကော်တင်ညိုနဲ့ ပါရီဆစ်တို့ကို ခေါ်ယူထားခဲ့တဲ့အပြင် လက်ရှိမှာ ဆာဂျီဂနာဘရီကလည်း ပွဲထွက်ခွင့်ကို ခြေစွမ်းကောင်းတွေနဲ့ သက်သေပြထားတာ ဖြစ်ပါတယ်။

Photo Credit

စီးတီးအသင်းရဲ့ နောက်ထပ်ပစ်မှတ်တစ်ဦးကတော့ ရီးရဲလ်ဆိုစီဒက် ကြယ်ပွင့်ကစားသမား မီခေးလ်အိုရာဇာဘယ်ပဲဖြစ်ပါတယ်။ အသက် ၂၂နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် အိုယာဇာဘယ်ဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈သန်းရှိပြီး ဒီရာသီမှာ အသင်းအတွက် ၁၃ပွဲကစား၊ ၄ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ်ပြုလုပ်ပေးထားပါတယ်။

Photo Credit

Zawgyi

ဆာေနးနဲ႔ပတ္သက္လုိ႔ ခံစစ္ကေန တုိက္စစ္ေျပာင္းလုိက္တဲ့ စီးတီး

မန္စီးတီးအသင္းဟာ လာမယ့္ေႏြရာသီမွာ ေတာင္ပံကစားသမားလီ႐ြိဳင္းဆာေနးတစ္ေယာက္ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့မယ္ဆိုရင္ ဘိုင္ယန္ၾကယ္ပြင့္ ကင္စေလကိုးလ္မန္းျပန္လည္ေခၚယူဖိ႔ု ျပင္ဆင္လ်က္ရွိေၾကာင္း သတင္းေတြက ေရးသားေဖာ္ျပပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ ဂ်ာမန္ေတာင္ပံကစားသမား ဆာေနးဟာ ၾသဂုတ္လအေစာပိုင္းက လီဗာပူးအသင္းနဲ႔ပြဲစဥ္မွာ ဒူးအရြတ္ေၾကာဒဏ္ရာရရိွခဲ့ၿပီး ေႏြရာသီတုန္းက အမိေျမကို မျပန္ျဖစ္ခဲ့ပါဘူး။
ဘိုင္ယန္အသင္းကေတာ့ အဆိုပါေရွာ္လ္ေကးကစားသမားေဟာင္း ဆာေနးကို ဒဏ္ရာကျပန္လာသက္သာလာခ်ိန္မွာ ေနာက္ထပ္ကမ္းလွမ္းမႈ ျပဳလုပ္ဖိ႔ု ေမွ်ာ္လင့္ေနၿပီး အေျပာင္းအေရႊ႕အတြက္ ကစားသမားရဲ႕ေအးဂ်င့္ကလည္း အသင္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆံုခဲ့ၿပီးျဖစ္ပါတယ္။
စကိုင္းစေပါ့သတင္းကေတာ့ ေႏြရာသီမွာ ဆာေနးထြက္ခြာသြားခဲ့ရင္ သူ႕ေနရာမွာ တိုက္ရိုက္အစားထိုးဖိ႔ု ကိုးမန္းကို ပက္ဂြါဒီယိုလာက ေစာင့္ၾကည့္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ စပိန္သားနည္းျပၾကီးဟာ ဘုိင္ယန္ျမဴးနစ္အသင္းကို ကိုင္တြယ္ခဲ့စဥ္က ျပင္သစ္သားကိုးမန္းနဲ႔ တစ္ရာသီလက္တြဲခဲ့ဖူးတာ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္က ေနာက္ထပ္ေတာင္ပံကစားသမားတစ္ဦးကို စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ရင္ ကိုးမန္းဟာ အသင္းမွာ ပြဲထြက္ခြင့္အတြက္ ရုန္းကန္ရေတာ့မွာ ျဖစ္ပါတယ္။ ဘိုင္ယန္အသင္းဟာ ဒီေႏြရာသီမွာ ေကာ္တင္ညိဳနဲ႔ ပါရီဆစ္တို႔ကို ေခၚယူထားခဲ့တဲ့အျပင္ လက္ရွိမွာ ဆာဂ်ီဂနာဘရီကလည္း ပြဲထြက္ခြင့္ကို ေျခစြမ္းေကာင္းေတြနဲ႔ သက္ေသျပထားတာ ျဖစ္ပါတယ္။
စီးတီးအသင္းရဲ႕ ေနာက္ထပ္ပစ္မွတ္တစ္ဦးကေတာ့ ရီးရဲလ္ဆိုစီဒက္ ၾကယ္ပြင့္ကစားသမား မီေခးလ္အိုရာဇာဘယ္ပဲျဖစ္ပါတယ္။ အသက္ ၂၂ႏွစ္အရြယ္ရွိ စပိန္လက္ေရြးစင္ အုိယာဇာဘယ္ဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၈သန္းရွိၿပီး ဒီရာသီမွာ အသင္းအတြက္ ၁၃ပြဲကစား၊ ၄ဂိုးသြင္းယူကာ ဂုိးဖန္တီးမႈ ၄ႀကိမ္ျပဳလုပ္ေပးထားပါတယ္။