ဆလားဗီးယားနဲ့သရေပွဲအပြီးမှာ ဘာစီလိုနာရဲ့ကစားပုံကို ရစရာမရှိအောင် ပြောလိုက်တဲ့ဝင်းဂါး
photo-sportbible
photo-bein sport
နူးကမ့်က ချက်ကလပ်ဆလားဗီးယားနဲ့ ဂိုးမရှိသရေပွဲအပြီးမှာ အာဆင်နယ်နည်းပြဟောင်းဝင်းဂါးက ဘာစီလိုနာဟာ အကျပ်အတည်းကာလထဲရောက်နေတဲ့အသင်းတစ်သင်းလို ကစားနေတာလို့ ပြင်းထန်စွားဝေဖန်သုံးသပ်လိုက်ပါတယ်။ ဘာစီလိုနာဟာ ပြည်တွင်းလာလီဂါမှာလည်း အမှတ်ပေးဇယားကိုဦးဆောင်နေပေမယ့် ဒီရာသီမှာ အခုကတည်းက ၃ ပွဲရှုံးထားပြီး ပွဲစဉ်အများစုမှာ ပုံမှန်အောက်ကို ရောက်နေခဲ့ပါတယ်။ ဒါအပြင် ဝင်းဂါးက ဘာစီလိုနာဟာ မက်ဆီအပေါ်မှာ မှီခိုလွန်းတဲ့အသင်းဖြစ်လာတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။
photo-gettyimages
”သူတို့ဟာ လာလီဂါမှာ ထိပ်ဆုံးဖြစ်သလို ချန်ပီယံလိဂ်အုပ်စုမှာလည်း ထိပ်ဆုံးဖြစ်ပေမယ့် ကစားသွားတဲ့ပုံကတော့ အကျပ်အတည်းထဲရောက်နေတဲ့ အသင်းတစ်သင်းလိုပါပဲ။ သူတို့ရဲ့ကစားပုံက နှေးကွေးလွန်းခဲ့တယ်။ နောက်ဆုံးမီတာ ၃၀ မှာ အင်တိုက်အားတိုက်ကိုမရှိခဲ့တာပါ။ တစ်ဦးချင်းထိုးဖောက်မှုတွေ များလွန်းတယ်။ ဒါ့အပြင် သူတို့ဘောလုံးဆုံးရှုံးတဲ့အချိန်တိုင်း တန်ပြန်တိုက်စစ်ကနေ ဂိုးတစ်ဂိုးပေးရတော့မယ့်အတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်ရဲ့လျှင်မြန်မှုကို သူတို့မတားဆီးနိုင်ပါဘူး။ ဒီအသင်းဟာ အင်တိုက်အားတိုက်မရှိ၊စွမ်းအင်မရှိ၊ ယုံကြည်မှုမရှိနဲ့ပါ”လို့ beIN Sports ရုပ်သံမှာ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်စဉ် ဝင်းဂါးက ပြောခဲ့တာပါ။
photo-EPA
အဲဒီပွဲမှာ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးဘားတန်းထိတစ်ကြိမ်ရှိခဲ့ပေမယ့် ၂၀၁၂ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုအဆင့်အိမ်ကွင်းပွဲမှာ သွင်းဂိုးရော၊ဂိုးဖန်တီးမှုပါ မရှိခဲ့ပါဘူး။ ကွင်းအတွင်းစွမ်းဆောင်ရည်နိမ့်ကျနေမှုကြောင့် လောလောဆယ်မှာ ဘာစီလိုနာနည်းပြဗယ်ဗာဒီအပေါ် ဖိအားတွေပိုမိုကျရောက်လာပါတယ်။ ဝင်းဂါးဟာ ဘာစီလိုနည်းပြဗယ်ဗာဒီကိုလည်း ဝေဖန်ခဲ့သေးပေမယ့် သူ့အပေါ်မှာ လုံးလုံးလျားလျားအပြစ်ဖို့ခြင်းတော့ မလုပ်ခဲ့ပါဘူး။
[Zawgyi]