စီးရီးအေအသင်းကြီးတွေ ဂိုးပြတ်နိုင်ပွဲမရခဲ့ကြတဲ့ စနေည

PC ; Internet

စီးရီးအေပွဲစဉ်-၁၁ ဟာ အသင်းကြီးတွေရဲ့ပွဲစဉ်တွေစတင် ကစားရခြင်းနဲ့အတူ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ကြားရက်မှာ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပွဲစဉ်တွေရှိနေတာကြောင့် စနေနေ့မှာ ကစားခွင့်ရခဲ့တဲ့ ထိပ်သီးအသင်းတွေအားလုံး နိုင်ပွဲကိုယ်စီရခဲ့ကြတာကလည်း ထူးခြးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ရိုးမားနဲ့နာပိုလီတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အိမ်ရှင်အသင်းက ၂-၁ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှာဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။နောက်ပွဲကတော့ ဒီရာသီစကူဒက်တိုဆုအတွက် လက်ရှိချန်ပီယံဂျူဗင်တပ်နဲ့အပြိုင်ဖြစ်နေတဲ့ အင်တာမီလန်ရဲ့ပွဲစဉ်ပါပဲ။

PC ; Internet

ဘိုလော့နာကွင်းမှာကစားတဲ့ အဲဒီပွဲစဉ်မှာလည်း လူကာကူရဲ့သွင်းဂိုး ၂ဂိုးနဲ့ အင်တာ အနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ ကွန်တီရဲ့အသင်းဟာ အိမ်ရှင်ကိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး နောက်ကလိုက်ကစားခဲ့ရတာပါ။ဘိုလော့နာအတွက် ဆိုရီယာနိုက ၅၉မိနစ်မှာ ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး နောက်ဆုံး ၁၅မိနစ်အတွင်းမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးသွင်းယူခဲ့တဲ့ ဂိုး ၂ဂိုးကြောင့်သာ အင်တာအမှတ်ပြည့်ရခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် နာကျင်အချိန်ပိုဒုတိယမိနစ်မှာ မာတီနက်ဇ်ကြောင့်ရတဲ့ ပင်နယ်တီကို လူကာကူက အမှားအယွင်းမရှိသွင်းယူနိုင်ခဲ့လို့သာ အနိုင်ရခဲ့တာပါ။တိုက်စစ်မှူးလူကာကူအတွက်တော့ အင်တာအတွက် စီးရီးအေ ၉ဂိုးမြောက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ခဲ့ပါတယ်။

PC ; Internet

အင်တာမီလန်အတွက် စီးရီးအေအဝေးကွင်း ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တာဖြစ်ပေမယ့် အဲဒီမတိုင်ခင် ဘိုလော့နာရသင့်တဲ့ပင်နယ်တီကို ဒိုင်ကခွင့်မပြုခဲ့တာကြောင့် အိမ်ရှင်ပရိသတ်တွေရဲ့ ဒေါသတကြီးလှောင်ပြောင်သံတွေနဲ့အတူ ပွဲဆူခဲ့ပါသေးတယ်။ဘာပဲဖြစ်ဖြစ် ကွန်တီရဲ့အသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီရယူနိုင်ခဲ့ပါတယ်။စနေညရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တူရင်ဒါဘီပွဲမှာလည်း တိုရီနိုကို ဒီလစ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ ဂျူဗင်တပ်အနိုင်ရခဲ့ပါတယ်။

PC ; Internet

အေဂျက်ဇ်ကရောက်လာတဲ့ နယ်သာလန်နောက်ခံလူရဲ့ ဂျူဗင်တပ်အတွက် ပထမဆုံးဂိုးပါ။ဒီနိုင်ပွဲကြောင့် ဆာရီရဲ့အသင်းဟာ ရှုံးပွဲမရှိမှတ်တမ်းနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ချန်ပီယံဘွဲ့ကာကွယ်ရေးအတွက် မျှော်လင့်ချက်တွေဆက်လက်ရှင်သန်နေဆဲပါပဲ။ဒါပေမဲ့ အသင်းငယ်လေးတွေနဲ့တွေ့ရင် ပြတ်ပြတ်သားသားအနိုင်ယူနိုင်စွမ်းနည်းပါးနေတဲ့ သူတို့အသင်းအတွက် အိုးလ်လေဒီပရိသတ်တွေကတော့ အားမလိုအားမရဖြစ်ခဲ့ကြရပါတယ်။

PC ; Internet

ဂျူဗင်တပ်ဟာ ပြိုင်ပွဲစုံ ၁၁ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပေမယ့် စီးရီးအေမှာ ပါးမား၊ဖီအိုရင်တီးနား၊ဗီရိုနာ၊ဘရက်စီယာ၊ဘိုလော့နာ၊လက်ချီ၊ဂျီနိုအာတို့နဲ့ ကစားခဲ့ရာမှာတော့ ၂ပွဲသရေကျပြီး အနိုင်ရတဲ့ပွဲတွေကလည်း ၁ဂိုးအသာနဲ့သာဖြစ်ခဲ့ပါတယ်။စနေညမှာလည်း ဆာရီရဲ့အသင်းဟာ သူတို့ရဲ့အစဉ်အလာကိုဆက်ထိန်းပြီး ရှေ့ပွဲစဉ်က အင်တာလိုပဲ ကပ်နိုင်ခဲ့တာကြောင့် အသင်းကြီးတွေဂိုးမပြတ်တဲ့ည ဖြစ်ခဲ့ရပါတော့တယ်။

(zawgyi)

စီးရီးေအပြဲစဥ္-၁၁ ဟာ အသင္းႀကီးေတြရဲ႕ပြဲစဥ္ေတြစတင္ ကစားရျခင္းနဲ႔အတူ စိတ္၀င္စားစရာေကာင္းခဲ့ပါတယ္။ၾကားရက္မွာ ခ်န္ပီယံလိဂ္နဲ႔ယူရိုပါလိဂ္ပြဲစဥ္ေတြရွိေနတာေၾကာင့္ စေနေန႔မွာ ကစားခြင့္ရခဲ့တဲ့ ထိပ္သီးအသင္းေတြအားလံုး ႏိုင္ပြဲကိုယ္စီရခဲ့ၾကတာကလည္း ထူးျခးမႈတစ္ခုျဖစ္ခဲ့ပါတယ္။ရိုးမားနဲ႔နာပိုလီတို႔ ထိပ္တိုက္ေတြ႔ဆံုမႈမွာ အိမ္ရွင္အသင္းက ၂-၁ဂိုးနဲ႔အႏိုင္ရၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ေနရာမွာဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ေနာက္ပြဲကေတာ့ ဒီရာသီစကူဒက္တိုဆုအတြက္ လက္ရွိခ်န္ပီယံဂ်ဴဗင္တပ္နဲ႔အၿပိဳင္ျဖစ္ေနတဲ့ အင္တာမီလန္ရဲ႕ပြဲစဥ္ပါပဲ။ဘိုေလာ့နာကြင္းမွာကစားတဲ့ အဲဒီပြဲစဥ္မွာလည္း လူကာကူရဲ႕သြင္းဂိုး ၂ဂိုးနဲ႔ အင္တာ အႏိုင္ရခဲ့ပါတယ္။ဒါေပမဲ့ ကြန္တီရဲ႕အသင္းဟာ အိမ္ရွင္ကိုခက္ခက္ခဲခဲရင္ဆိုင္ခဲ့ရၿပီး ေနာက္ကလိုက္ကစားခဲ့ရတာပါ။ဘိုေလာ့နာအတြက္ ဆိုရီယာႏိုက ၅၉မိနစ္မွာ ဦးေဆာင္ဂိုးသြင္းေပးခဲ့ၿပီး ေနာက္ဆံုး ၁၅မိနစ္အတြင္းမွာ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴးသြင္းယူခဲ့တဲ့ ဂိုး ၂ဂိုးေၾကာင့္သာ အင္တာအမွတ္ျပည့္ရခဲ့တာျဖစ္ပါတယ္။အထူးသျဖင့္ နာက်င္အခ်ိန္ပိုဒုတိယမိနစ္မွာ မာတီနက္ဇ္ေၾကာင့္ရတဲ့ ပင္နယ္တီကို လူကာကူက အမွားအယြင္းမရွိသြင္းယူႏိုင္ခဲ့လို႔သာ အႏိုင္ရခဲ့တာပါ။တိုက္စစ္မွဴးလူကာကူအတြက္ေတာ့ အင္တာအတြက္ စီးရီးေအ ၉ဂိုးေျမာက္သြင္းယူႏိုင္ခဲ့ျခင္းျဖစ္ခဲ့ပါတယ္။အင္တာမီလန္အတြက္ စီးရီးေအအေ၀းကြင္း ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ခဲ့တာျဖစ္ေပမယ့္ အဲဒီမတိုင္ခင္ ဘိုေလာ့နာရသင့္တဲ့ပင္နယ္တီကို ဒိုင္ကခြင့္မျပဳခဲ့တာေၾကာင့္ အိမ္ရွင္ပရိသတ္ေတြရဲ႕ ေဒါသတႀကီးေလွာင္ေျပာင္သံေတြနဲ႔အတူ ပြဲဆူခဲ့ပါေသးတယ္။ဘာပဲျဖစ္ျဖစ္ ကြန္တီရဲ႕အသင္းဟာ ဒီႏိုင္ပြဲေၾကာင့္ စီးရီးေအအမွတ္ေပးဇယားထိပ္ဆံုးေနရာကို ယာယီရယူႏိုင္ခဲ့ပါတယ္။စေနညရဲ႕ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ တူရင္ဒါဘီပြဲမွာလည္း တိုရီႏိုကို ဒီလစ္ရဲ႕တစ္လံုးတည္းေသာဂိုးနဲ႔ ဂ်ဴဗင္တပ္အႏိုင္ရခဲ့ပါတယ္။ေအဂ်က္ဇ္ကေရာက္လာတဲ့ နယ္သာလန္ေနာက္ခံလူရဲ႕ ဂ်ဴဗင္တပ္အတြက္ ပထမဆံုးဂိုးပါ။ဒီႏိုင္ပြဲေၾကာင့္ ဆာရီရဲ႕အသင္းဟာ ရံႈးပြဲမရွိမွတ္တမ္းနဲ႔အတူ အမွတ္ေပးဇယားထိပ္ဆံုးေနရာကို ျပန္လည္ရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံဘြဲ႔ကာကြယ္ေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြဆက္လက္ရွင္သန္ေနဆဲပါပဲ။ဒါေပမဲ့ အသင္းငယ္ေလးေတြနဲ႔ေတြ႔ရင္ ျပတ္ျပတ္သားသားအႏိုင္ယူႏိုင္စြမ္းနည္းပါးေနတဲ့ သူတို႔အသင္းအတြက္ အိုးလ္ေလဒီပရိသတ္ေတြကေတာ့ အားမလိုအားမရျဖစ္ခဲ့ၾကရပါတယ္။ဂ်ဴဗင္တပ္ဟာ ၿပိဳင္ပြဲစံု ၁၁ပြဲဆက္ ရံႈးပြဲမရွိကစားႏိုင္ခဲ့ေပမယ့္ စီးရီးေအမွာ ပါးမား၊ဖီအိုရင္တီးနား၊ဗီရိုနာ၊ဘရက္စီယာ၊ဘိုေလာ့နာ၊လက္ခ်ီ၊ဂ်ီႏိုအာတို႔နဲ႔ ကစားခဲ့ရာမွာေတာ့ ၂ပြဲသေရက်ၿပီး အႏိုင္ရတဲ့ပြဲေတြကလည္း ၁ဂိုးအသာနဲ႔သာျဖစ္ခဲ့ပါတယ္။စေနညမွာလည္း ဆာရီရဲ႕အသင္းဟာ သူတို႔ရဲ႕အစဥ္အလာကိုဆက္ထိန္းၿပီး ေရွ႔ပြဲစဥ္က အင္တာလိုပဲ ကပ္ႏိုင္ခဲ့တာေၾကာင့္ အသင္းႀကီးေတြဂိုးမျပတ္တဲ့ည ျဖစ္ခဲ့ရပါေတာ့တယ္။