စီရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူက ကစားသမားဘ၀ ဟက်ထရစ်ပိုများလဲ

photo-express

photo-gettyimages

ကြာသပတေးညက ကစားသွားခဲ့တဲ့ လစ်သူရေးနီးယားနဲ့ယူရိုခြေစစ်ပွဲမှာ စီရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ဟက်ထရစ်သွင်းပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် စနေနေ့ကတင် သူ့ရဲ့အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့မက်ဆီကလည်း ဘာစီလိုနာအတွက် ဟက်ထရစ်ယူပေးထားတာပါ။ ဒါကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့အဓိကပြိုင်ဘက်နှစ်ယောက်ဟာ ရှေ့ဆင့်နောက်ဆင့် ဟက်ထရစ်သွင်းခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။

photo-reuters

ဒီထဲမှာ စီရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် သူ့ရဲ့ ၉ ကြိမ်မြောက်ဟက်ထရစ်ကို ရရှိခဲ့တာပါ။ မက်ဆီကတော့ ဘာစီလိုနာအတွက် သူ့ရဲ့၄၆ ကြိမ်မြောက်ဟက်ထရစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီဟာ ဆယ်တာဗီဂိုနဲ့ပွဲကျမှ စီရော်နယ်ဒိုရဲ့ကလပ်အတွက် ၄၆ ကြိမ်မြောက်ဟက်ထရစ်စံချိန်ကို လိုက်မီခဲ့တာပါ။ တစ်နည်အားဖြင့် လက်ရှိမှာတော့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ကလပ်အတွက် ဟက်ထရစ်အကြိမ်အရေမှာ စံချိန်တူနေကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံအတွက်ကျတော့ မက်ဆီက စီရော်နယ်ဒိုထက် ၃ ကြိမ်နည်းနေကာ အာဂျင်တီးနားအတွက် ဟက်ထရစ် ၆ ကြိမ်သာ ယူပေးနိုင်သေးပါတယ်။

photo-foxsportasia

ဒါကြောင့် ကစားသမားဘဝစုစုပေါင်းဆိုရင် စီရော်နယ်ဒိုက ၅၅ ကြိမ်ရှိပြီး မက်ဆီက ၅၂ ကြိမ်ရှိကာ အဲဒီနေရာမှာ စီရော်နယ်ဒိုက ဦးဆောင်သူဖြစ်နေပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုက မက်ဆီထက် ကစားသမားဘ၀ ပိုစောပါတယ်။ အသက်အရွယ်အရလည်း ၃၄ နှစ်ရှိတဲ့စီရော်နယ်ဒိုက ၃၂ ရှိတဲ့မက်ဆီထက် ၂ နှစ်ပိုကြီးပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုရဲ့ဟက်ထရစ်အကြိမ်ရေ လက်ရှိဦးဆောင်မှုကို လိုက်မီဖို့ မက်ဆီမှာ အခွင့်အရေးရှိပါသေးတယ်။ ဒါ့အပြင် ၃ ကြိမ်တည်း ကွာတာပါ။ လောလောဆယ်တော့ ကစားသမားဘဝမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ နှစ်ယောက်ပေါင်း ဟက်ထရစ် ၁၀၇ ကြိမ်ရရှိထားကြပါတယ်။ သူတို့ကြားက ကြီးကျယ်လှတဲ့တစ်ဦးချင်းအားပြိုင်မှုဟာ ဆက်လက်အရှိန်အဟုန်ကောင်းနေဦးမှာပါ။

[Zawgyi]

စီေရာ္နယ္ဒုိနဲ႔မက္ဆီ ဘယ္သူက ကစားသမားဘ၀ ဟက္ထရစ္ပိုမ်ားလဲ

ၾကာသပေတးညက ကစားသြားခဲ့တဲ့ လစ္သူေရးနီးယားနဲ႔ယူရိုေျခစစ္ပြဲမွာ စီေရာ္နယ္ဒိုဟာ ေပၚတူဂီအတြက္ ဟက္ထရစ္သြင္းေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္ စေနေန႔ကတင္ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ႀကီးျဖစ္တဲ့မက္ဆီကလည္း ဘာစီလိုနာအတြက္ ဟက္ထရစ္ယူေပးထားတာပါ။ ဒါေၾကာင့္ ကမာၻ႔ေဘာလုံးေလာကရဲ႕အဓိကၿပိဳင္ဘက္ႏွစ္ေယာက္ဟာ ေရွ႕ဆင့္ေနာက္ဆင့္ ဟက္ထရစ္သြင္းခဲ့ၾကတာလုိ႔ ဆုိႏိုင္ပါတယ္။

ဒီထဲမွာ စီေရာ္နယ္ဒုိဟာ ေပၚတူဂီအတြက္ သူ႔ရဲ႕ ၉ ႀကိမ္ေျမာက္ဟက္ထရစ္ကို ရရွိခဲ့တာပါ။ မက္ဆီကေတာ့ ဘာစီလုိနာအတြက္ သူ႔ရဲ႕၄၆ ႀကိမ္ေျမာက္ဟက္ထရစ္ကုိ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ မက္ဆီဟာ ဆယ္တာဗီဂိုနဲ႔ပြဲက်မွ စီေရာ္နယ္ဒိုရဲ႕ကလပ္အတြက္ ၄၆ ႀကိမ္ေျမာက္ဟက္ထရစ္စံခ်ိန္ကို လိုက္မီခဲ့တာပါ။ တစ္နည္အားျဖင့္ လက္ရွိမွာေတာ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ဟာ ကလပ္အတြက္ ဟက္ထရစ္အႀကိမ္အေရမွာ စံခ်ိန္တူေနၾကပါတယ္။ ဒါေပမဲ့လည္း ႏိုင္ငံအတြက္က်ေတာ့ မက္ဆီက စီေရာ္နယ္ဒိုထက္ ၃ ႀကိမ္နည္းေနကာ အာဂ်င္တီးနားအတြက္ ဟက္ထရစ္ ၆ ႀကိမ္သာ ယူေပးႏိုင္ေသးပါတယ္။

ဒါေၾကာင့္ ကစားသမားဘ၀စုစုေပါင္းဆုိရင္ စီေရာ္နယ္ဒိုက ၅၅ ႀကိမ္ရွိၿပီး မက္ဆီက ၅၂ ႀကိမ္ရွိကာ အဲဒီေနရာမွာ စီေရာ္နယ္ဒိုက ဦးေဆာင္သူျဖစ္ေနပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒိုက မက္ဆီထက္ ကစားသမားဘ၀ ပိုေစာပါတယ္။ အသက္အရြယ္အရလည္း ၃၄ ႏွစ္ရွိတဲ့စီေရာ္နယ္ဒိုက ၃၂ ရွိတဲ့မက္ဆီထက္ ၂ ႏွစ္ပိုႀကီးပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုရဲ႕ဟက္ထရစ္အႀကိမ္ေရ လက္ရွိဦးေဆာင္မႈကို လိုက္မီဖို႔ မက္ဆီမွာ အခြင့္အေရးရွိပါေသးတယ္။ ဒါ့အျပင္ ၃ ႀကိမ္တည္း ကြာတာပါ။ ေလာေလာဆယ္ေတာ့ ကစားသမားဘ၀မွာ စီေရာ္နယ္ဒုိနဲ႔မက္ဆီတုိ႔ ႏွစ္ေယာက္ေပါင္း ဟက္ထရစ္ ၁၀၇ ႀကိမ္ရရွိထားၾကပါတယ္။ သူတုိ႔ၾကားက ႀကီးက်ယ္လွတဲ့တစ္ဦးခ်ငး္အားၿပိဳင္မႈဟာ ဆက္လက္အရွိန္အဟုန္ေကာင္းေနဦးမွာပါ။