စီရော်နယ်ဒိုနဲ့ဗန်ဒစ်ဂျ်တို့ကိုကျော်ပြီး Ballond ‘Or ဆုကို မက်ဆီရလိမ့်မယ်လို့ စပိန်မှာ သတင်းထွက်နေ

photo-sportbible

photo-daily mail

ဘာစီလိုနာတိုက်စစ်မှုးမက်ဆီဟာ စံချိန်တင် ၆ ကြိမ်မြောက်အဖြစ် Ballon d’Or ဆုကို ရရှိတော့မှာဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုအတွက် အသိပေးခံထားရပြီးဖြစ်ကြောင်းလည်း စပိန်မှာ သတင်းတွေထွက်ပေါ်နေပါတယ်။ ဆုပေးပွဲက ဒီဇင်ဘာ ၂ ရက်မှဖြစ်ပေမယ့် ၃၂ နှစ်အရွယ် အဲဒီအာဂျင်တီးနားသားကို အသိပေးဖို့အတွက် ဆုပေးတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အဖွဲ့တစ်ဖွဲ့ဟာ ဘာစီလိုနာကိုလာရောက်ခဲ့တယ်လို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ မွန်ဒိုဒီပေါ်တီဗိုက ဖော်ပြခဲ့တာပါ။

photo-gettyimages

ဒီနှစ် Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ မက်ဆီဟာ သူ့ရဲ့မဟာပြိုင်ဘက်စီရော်နယ်ဒို၊ သူ့လိုပဲရေပန်းစားတဲ့ဗန်ဒစ်ဂျ်တို့နဲ့အတူ ပါဝင်နေတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက သူ့ကစားသမားဘဝရဲ့ ၁၀ ကြိမ်မြောက် လာလီဂါချန်ပီယံဆုဖလားကိုရရှိခဲ့ပြီး လာလီဂါ ၃၆ ပွဲမှာ ၃၆ ဂိုးသွင်း၊ ၁၃ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ထက်စာရင် လီဗာပူးရဲ့ဗန်ဒစ်ဂျ်က ပိုစွမ်းဆောင်နိုင်ခဲ့ပြီး လီဗာပူးကို ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်စေခဲ့ကာ ချန်ပီယံလိဂ်အောင်မြင်မှုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုကတော့ ဒီထဲမှာ ကလပ်၊နိုင်ငံတို့နဲ့အောင်မြင်ခဲ့ပေမယ့် မက်ဆီနဲ့ဗန်ဒစ်ဂျ်တို့လောက်တော့ ရေပန်းမစားပါဘူး။

photo-gettyimages

တကယ်လို့ အဲဒီသတင်းသာ အမှန်ဆိုရင် မက်ဆီဟာ Ballon d’Or အောင်မြင်မှုမှာ ကာလရှည်ကြာအဓိကပြိုင်ဘက်ဖြစ်တဲ့စီရော်နယ်ဒိုကို ကျော်တက်သွားမှာပါ။ သူတို့နှစ်ယောက်ဟာ လက်ရှိမှာ Ballon d’Or အောင်မြင်မှု ၅ ကြိမ်စီနဲ့ စံချိန်တူညီနေကြပါတယ်။

[Zawgyi]

စီေရာ္နယ္ဒိုနဲ႔ဗန္ဒစ္ဂ်္တုိ႔ကိုေက်ာ္ၿပီး Ballond ‘Or ဆုကို မက္ဆီရလိမ့္မယ္လုိ႔ စပိန္မွာ သတင္းထြက္ေန

ဘာစီလိုနာတုိက္စစ္မႈးမက္ဆီဟာ စံခ်ိန္တင္ ၆ ႀကိမ္ေျမာက္အျဖစ္ Ballon d’Or ဆုကို ရရွိေတာ့မွာျဖစ္ၿပီး သူ႔ရဲ႕ေအာင္ျမင္မႈအတြက္ အသိေပးခံထားရၿပီးျဖစ္ေၾကာင္းလည္း စပိန္မွာ သတင္းေတြထြက္ေပၚေနပါတယ္။ ဆုေပးပြဲက ဒီဇင္ဘာ ၂ ရက္မွျဖစ္ေပမယ့္ ၃၂ ႏွစ္အရြယ္ အဲဒီအာဂ်င္တီးနားသားကို အသိေပးဖို႔အတြက္ ဆုေပးတဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းက အဖြဲ႕တစ္ဖြဲ႕ဟာ ဘာစီလိုနာကိုလာေရာက္ခဲ့တယ္လုိ႔ စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ မြန္ဒိုဒီေပၚတီဗိုက ေဖာ္ျပခဲ့တာပါ။

ဒီႏွစ္ Ballon d’Or ဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ မက္ဆီဟာ သူ႔ရဲ႕မဟာၿပိဳင္ဘက္စီေရာ္နယ္ဒို၊ သူ႔လိုပဲေရပန္းစားတဲ့ဗန္ဒစ္ဂ်္တို႔နဲ႔အတူ ပါ၀င္ေနတာပါ။ မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီက သူ႔ကစားသမားဘ၀ရဲ႕ ၁၀ ႀကိမ္ေျမာက္ လာလီဂါခ်န္ပီယံဆုဖလားကုိရရွိခဲ့ၿပီး လာလီဂါ ၃၆ ပြဲမွာ ၃၆ ဂိုးသြင္း၊ ၁၃ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ထက္စာရင္ လီဗာပူးရဲ႕ဗန္ဒစ္ဂ်္က ပိုစြမ္းေဆာင္ႏိုင္ခဲ့ၿပီး လီဗာပူးကို ဥေရာပရဲ႕အေကာင္းဆုံးအသင္းျဖစ္ေစခဲ့ကာ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈလည္း ရယူေပးႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုကေတာ့ ဒီထဲမွာ ကလပ္၊ႏိုင္ငံတို႔နဲ႔ေအာင္ျမင္ခဲ့ေပမယ့္ မက္ဆီနဲ႔ဗန္ဒစ္ဂ်္တို႔ေလာက္ေတာ့ ေရပန္းမစားပါဘူး။

တကယ္လုိ႔ အဲဒီသတင္းသာ အမွန္ဆုိရင္ မက္ဆီဟာ Ballon d’Or ေအာင္ျမင္မႈမွာ ကာလရွည္ၾကာအဓိကၿပိဳင္ဘက္ျဖစ္တဲ့စီေရာ္နယ္ဒိုကို ေက်ာ္တက္သြားမွာပါ။ သူတို႔ႏွစ္ေယာက္ဟာ လက္ရွိမွာ Ballon d’Or ေအာင္ျမင္မႈ ၅ ႀကိမ္စီနဲ႔ စံခ်ိန္တူညီေနၾကပါတယ္။