စမောလင်းကို အပြီးသတ်ခေါ်နိုင်ဖို့ ပေါင် ၁၃ သန်းနဲ့ တိုးမြှင့်ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ရိုးမား

photo-EPA

photo-EPA

ရိုးမားအသင်းဟာ နောက်ခံလူစမောလင်းကို အပြီးသတ်ခေါ်နိုင်ရေးအတွက် ပေါင် ၁၃ သန်းနဲ့ ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အီတလီကလာတဲ့ သတင်းတွေအရ သိရပါတယ်။ စမောလင်းဟာ ကမ္ဘာ့စံချိန်တင်ကြေးပေါင်သန်း ၈၀ နဲ့ မက်ဂွိုင်းယားရောက်လာပြီးတဲ့နောက် မန်ယူမှာ လူပိုလိုဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ တစ်ရာသီအငှားစာချုပ်နဲ့ ရိုးမားကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အသက် ၃၀ အရွယ် အဲဒီအင်္ဂလန်သားဟာ ရောမမြို့မှာ ချက်ချင်းပဲ အထိုင်ချခဲ့ပြီး အခုချိန်မှာ ရိုးမားအတွက် အဓိကကျသူတစ်ယောက် ဖြစ်လာပါတယ်။

photo-AP

ဒါကြောင့်လည်း ရိုးမားက သူ့ကိုအပြီးသတ်ခေါ်နိုင်ဖို့ စိတ်အားထက်သန်နေတာပါ။ ထွက်ပေါ်နေတဲ့အသင်းအရ ရိုးမားဟာ စမောလင်းကို အငှားသက်တမ်းကုန်လွန်ပြီးနောက်ပိုင်း အပြီးခေါ်နိုင်ရေးအတွက် မန်ယူနဲ့ပြန်လည်ဆွေးနွေးမှုကို မြန်နိုင်သမျှအမြန်ဆုံးလုပ်ချင်နေတယ်လို့ သိရပြီး ပေါင် ၈.၅ သန်းဝန်းကျင်နဲ့ သူတို့ရဲ့ပထမတစ်ကြိမ်ကမ်းလှမ်းမှုဟာ ပယ်ချခံခဲ့ရတယ်လု့ိ ဆိုပါတယ်။ စမောလင်းဟာ ၂၀၁၀ မှာ ဖူလ်ဟမ်ကနေရောက်လာပြီးတဲ့နောက် မန်ယူအတွက် ၃၂၃ ပွဲတောင်ကစားပေးခဲ့ပြီး မန်ယူနဲ့လည်း ၂၀၂၂ နွေရာသီအထိ စာချုပ်သက်တမ်းရှိထားပါတယ်။ ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်ဟာ သူ့အနာဂါတ် ကာလရှည်ကြာဆက်ရှိဖို့ကတော့ မသေချာပါဘူး။

photo-romanista

ပြီးခဲ့တဲ့တနင်္ဂနွေက ဘရက်စီယာကို အနိုင်ရခဲ့တဲ့ပွဲမှာ စမောလင်းဟာ ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ပြီး နာမည်ကြီးအီတလီအားကစားသတင်းစာ ဂဇက်တာဒယ်လိုစပေါ့ကရွေးတဲ့ Man of the Match ကိုရရှိခဲ့ပါတယ်။ သူနဲ့သူ့မိသားစုဟ ရောမမှာ အခြေကျနေတယ်လို့လည်း စမောလင်းက ပြောထားပြီး အီတလီဘာသာစကားသင်ခန်းစာတွေကိုလည်း နေ့စဉ်နီးပါး သင်ယူနေတာကြောင့် သူ့ဘက်ကတော့ မန်ချက်စတာမှာထက် ရောမမှာ ရေရှည်ဆက်နေချင်ပုံရပါတယ်။ စမောလင်းဟာ ဒီရာသီမှာ ရိုးမားအတွက် ၁၁ ပွဲကစားပြီး ၂ ဂိုးသွင်းယူပေးထားကာ ၂၀၀၈-၀၉ ရာသီက ဒေးဗစ်ဘက်ခမ်းနောက်ပိုင်း စီးရီးအေတစ်ရာသီတည်းမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးအင်္ဂလန်သားဖြစ်လာခဲ့ပါတယ်။

[Zawgyi]

စေမာလင္းကို အၿပီးသတ္ေခၚႏိုင္ဖုိ႔ ေပါင္ ၁၃ သန္းနဲ႔ တိုးျမွင့္ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ရိုးမား

ရိုးမားအသင္းဟာ ေနာက္ခံလူစေမာလင္းကို အၿပီးသတ္ေခၚႏိုင္ေရးအတြက္ ေပါင္ ၁၃ သန္းနဲ႔ ေၾကးတိုးျမွင့္ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ အီတလီကလာတဲ့ သတင္းေတြအရ သိရပါတယ္။ စေမာလင္းဟာ ကမာၻ႔စံခ်ိန္တင္ေၾကးေပါင္သန္း ၈၀ န႔ဲ မက္ဂြိဳင္းယားေရာက္လာၿပီးတဲ့ေနာက္ မန္ယူမွာ လူပိုလိုျဖစ္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ရိုးမားကို ေျပာင္းေရႊ႕ခဲ့ရပါတယ္။ ဒါေပမဲ့ အသက္ ၃၀ အရြယ္ အဲဒီအဂၤလန္သားဟာ ေရာမၿမိဳ႕မွာ ခ်က္ခ်င္းပဲ အထိုင္ခ်ခဲ့ၿပီး အခုခ်ိန္မွာ ရိုးမားအတြက္ အဓိကက်သူတစ္ေယာက္ ျဖစ္လာပါတယ္။

ဒါေၾကာင့္လည္း ရိုးမားက သူ႔ကိုအၿပီးသတ္ေခၚႏိုင္ဖို႔ စိတ္အားထက္သန္ေနတာပါ။ ထြက္ေပၚေနတဲ့အသင္းအရ ရိုးမားဟာ စေမာလင္းကို အငွားသက္တမ္းကုန္လြန္ၿပီးေနာက္ပိုင္း အၿပီးေခၚႏုိင္ေရးအတြက္ မန္ယူနဲ႔ျပန္လည္ေဆြးေႏြးမႈကို ျမန္ႏိုင္သမွ်အျမန္ဆုံးလုပ္ခ်င္ေနတယ္လို႔ သိရၿပီး ေပါင္ ၈.၅ သန္း၀န္းက်င္နဲ႔ သူတို႔ရဲ႕ပထမတစ္ႀကိမ္ကမ္းလွမ္းမႈဟာ ပယ္ခ်ခံခဲ့ရတယ္လု႔ိ ဆိုပါတယ္။ စေမာလင္းဟာ ၂၀၁၀ မွာ ဖူလ္ဟမ္ကေနေရာက္လာၿပီးတဲ့ေနာက္ မန္ယူအတြက္ ၃၂၃ ပြဲေတာင္ကစားေပးခဲ့ၿပီး မန္ယူနဲ႔လည္း ၂၀၂၂ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းရွိထားပါတယ္။ ဒါေပမဲ့ အိုးလ္ထရက္ဖုိ႔ဒ္ဟာ သူ႔အနာဂါတ္ ကာလရွည္ၾကာဆက္ရွိဖို႔ကေတာ့ မေသခ်ာပါဘူး။

ၿပီးခဲ့တဲ့တနဂၤေႏြက ဘရက္စီယာကို အႏိုင္ရခဲ့တဲ့ပြဲမွာ စေမာလင္းဟာ ၁ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့ၿပီး နာမည္ႀကီးအီတလီအားကစားသတင္းစာ ဂဇက္တာဒယ္လိုစေပါ့ကေရြးတဲ့ Man of the Match ကိုရရွိိခဲ့ပါတယ္။ သူနဲ႔သူ႔မိသားစုဟ ေရာမမွာ အေျခက်ေနတယ္လို႔လည္း စေမာလင္းက ေျပာထားၿပီး အီတလီဘာသာစကားသင္ခန္းစာေတြကိုလည္း ေန႔စဥ္နီးပါး သင္ယူေနတာေၾကာင့္ သူ႔ဘက္ကေတာ့ မန္ခ်က္စတာမွာထက္ ေရာမမွာ ေရရွည္ဆက္ေနခ်င္ပုံရပါတယ္။ စေမာလင္းဟာ ဒီရာသီမွာ ရိုးမားအတြက္ ၁၁ ပြဲကစားၿပီး ၂ ဂိုးသြင္းယူေပးထားကာ ၂၀၀၈-၀၉ ရာသီက ေဒးဗစ္ဘက္ခမ္းေနာက္ပိုင္း စီးရီးေအတစ္ရာသီတည္းမွာ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ ပထမဆုံးအဂၤလန္သားျဖစ္လာခဲ့ပါတယ္။