စတာလင်းအတွက် ပေါင်သန်း ၇၀ အပြင် ဂါရတ်ဘေးလ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ ရီးရဲလ်ပြင်ဆင်

Photo Credit

Photo Credit

ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ဟာ စီးတီးတောင်ပံကစားသမား စတာလင်းကို ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အပြင် တစ်ချိန်က ကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့ရှင်ဖြစ်ခဲ့ဖူးတဲ့ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit

စီးတီးဟာ လက်ရှိအချိန်မှာ အသက် ၂၄နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် စတာလင်းရဲ့တန်ဖိုးကို ပေါင်သန်း ၁၅၀ ဝန်းကျင်သတ်မှတ်ထားပြီး ၂၀၁၅ နွေရာသီက ပြည်တွင်းပြိုင်ဘက်လီဗာပူးကနေ ပေါင် ၄၉သန်းနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စီးတီးကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြဂွါဒီယိုလာက စတာလင်းကို အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပေမယ့် ရီးရဲလ်ကတော့ စတာလင်းကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ယခုလအတွင်း ကျင်းပမယ့်နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း သူ့ရဲ့ကစားပုံကို စောင့်ကြည့်မယ်လို့ သိရပါတယ်။

Photo Credit

စတာလင်းဟာ ၂၀၂၃ ဇွန်လအထိရှိမယ့်ကာလရှည်စာချုပ်သစ်ချုပ်ဆိုထားပြီး ရီးရဲလ်တာဝန်ရှိသူတွေက ၂၀၂၀ နွေရာသီမှာမှမခေါ်ယူနိုင်ရင် နောင်အခါ ပြောင်းရွှေ့ကြေးဒီထက်ပိုမိုများပြားလာနိုင်တာကို စိုးရိမ်နေပါတယ်။

Photo Credit

တကယ်လို့ စတာလင်းအနေနဲ့ မွန်တီနီဂရိုး၊ ကိုဆိုဗိုတို့နဲ့ကစားရမယ့် အင်္ဂလန်အသင်းရဲ့ယူရိုခြေစစ်ပွဲတွေမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ရင် ရီးရဲလ်အသင်းတာဝန်ရှိသူတွေလည်း စတာလင်းကို ခေါ်ယူရေးစီမံကိန်းကို အသေးစိတ်ရေးဆွဲဖွယ်ရှိနေကြောင်း စကိုင်းစပို့တ်သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

ရီးရဲလ်အသင်း မန်နေဂျင်းဒါရိုက်တာ ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း စတာလင်းရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ခေါ်ယူဖို့ကြိုးစားမှု အချည်းနှီးဖြစ်ခဲ့ရပြီး စီးတီးနည်းပြဂွါဒီယိုလာကလည်း ပြီးခဲ့တဲ့နွေရာသီအတွင်း တရုတ်ရောက်ဖု့ိ အတော်လေးနီးစပ်ခဲ့တဲ့ ဘေးလ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။

Photo Credit

စတာလင်းဟာ ယခုရာသီမှာ စီးတီးအသင်းအတွက် ၁၅ပွဲကစားရာမှာ ၁၃ဂိုးအထိသွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ်အထိပြုလုပ်ပေးထားနိုင်ပြီး ယခုရာသီ ချန်ပီယံလိဂ်ဖလားရရှိရေးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်နိုင်ရေးကြိုးစားမှုမှာ အသင်းရဲ့အဓိကကစားသမားအဖြစ် ပါဝင်နေပါတယ်။

Photo Credit

Zawgyi

စတာလင္းအတြက္ ေပါင္သန္း ၇၀ အျပင္ ဂါရတ္ေဘးလ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖုိ႔ ရီးရဲလ္ျပင္ဆင္

ရီးရဲလ္အသင္းဥကၠ႒ ဖေလာ္ရင္တီႏိုပီရက္ဇ္ဟာ စီးတီးေတာင္ပံကစားသမား စတာလင္းကို ေခၚယူႏိုင္ေရးအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၇၀ အျပင္ တစ္ခ်ိန္က ကမၻာ့စံခ်ိန္တင္အေျပာင္းအေရႊ႕ရွင္ျဖစ္ခဲ့ဖူးတဲ့ ေတာင္ပံတုိက္စစ္မွဴး ဂါရတ္ေဘးလ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
စီးတီးဟာ လက္ရွိအခ်ိန္မွာ အသက္ ၂၄ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ စတာလင္းရဲ႕တန္ဖုိးကို ေပါင္သန္း ၁၅၀ ၀န္းက်င္သတ္မွတ္ထားၿပီး ၂၀၁၅ ေႏြရာသီက ျပည္တြင္းၿပိဳင္ဘက္လီဗာပူးကေန ေပါင္ ၄၉သန္းနဲ႔ ေခၚယူထားတာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ စီးတီးကို စတင္ကုိင္တြယ္ခဲ့တ့ဲ နည္းျပဂြါဒီယိုလာက စတာလင္းကို အေကာင္းဆံုးတုိက္စစ္မွဴးတစ္ဦးအျဖစ္ ေျပာင္းလဲေပးႏုိင္ခဲ့တာျဖစ္ေပမယ့္ ရီးရဲလ္ကေတာ့ စတာလင္းကို ေခၚယူဖုိ႔ ျပင္ဆင္ေနတာျဖစ္ၿပီး ယခုလအတြင္း က်င္းပမယ့္ႏိုင္ငံတကာရက္သတၱပတ္ကာလအတြင္း သူ႕ရဲ႕ကစားပုံကုိ ေစာင့္ၾကည့္မယ္လုိ႔ သိရပါတယ္။
စတာလင္းဟာ ၂၀၂၃ ဇြန္လအထိရွိမယ့္ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိထားၿပီး ရီးရဲလ္တာ၀န္ရွိသူေတြက ၂၀၂၀ ေႏြရာသီမွာမွမေခၚယူႏိုင္ရင္ ေနာင္အခါ ေျပာင္းေရႊ႕ေၾကးဒီထက္ပိုမိုမ်ားျပားလာႏုိင္တာကို စုိးရိမ္ေနပါတယ္။
တကယ္လုိ႔ စတာလင္းအေနနဲ႔ မြန္တီနီဂ႐ိုး၊ ကိုဆိုဗိုတို႔နဲ႔ကစားရမယ့္ အဂၤလန္အသင္းရဲ႕ယူ႐ိုေျခစစ္ပဲြေတြမွာ ပုံမွန္ေျခစြမ္းျပသႏုိင္ခဲ့ရင္ ရီးရဲလ္အသင္းတာ၀န္ရွိသူေတြလည္း စတာလင္းကို ေခၚယူေရးစီမံကိန္းကို အေသးစိတ္ေရးဆြဲဖြယ္ရွိေနေၾကာင္း စကိုင္းစပို႔တ္သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
ရီးရဲလ္အသင္း မန္ေနဂ်င္းဒါ႐ိုက္တာ ဟိုေဆးအိန္ဂ်ယ္ဆန္းခ်က္ဇ္ဟာ ၿပီးခဲ့တ့ဲေႏြရာသီအတြင္း စတာလင္းရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေပမယ့္ ေခၚယူဖို႔ႀကိဳးစားမႈ အခ်ည္းႏွီးျဖစ္ခဲ့ရၿပီး စီးတီးနည္းျပဂြါဒီယိုလာကလည္း ၿပီးခဲ့တဲ့ေႏြရာသီအတြင္း တ႐ုတ္ေရာက္ဖု႔ိ အေတာ္ေလးနီးစပ္ခဲ့တ့ဲ ေဘးလ္ကို ေခၚယူဖုိ႔ စိတ္မ၀င္စားေၾကာင္း သိရပါတယ္။
စတာလင္းဟာ ယခုရာသီမွာ စီးတီးအသင္းအတြက္ ၁၅ပြဲကစားရာမွာ ၁၃ဂိုးအထိသြင္းယူထားႏုိင္သလို ဂိုးဖန္တီးမႈ ၅ႀကိမ္အထိျပဳလုပ္ေပးထားႏိုင္ၿပီး ယခုရာသီ ခ်န္ပီယံလိဂ္ဖလားရရွိေရးနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကာကြယ္ႏိုင္ေရးႀကိဳးစားမႈမွာ အသင္းရဲ႕အဓိကကစားသမားအျဖစ္ ပါ၀င္ေနပါတယ္။