ဂွါကြီးအကြောင်း ဗျူးခံရစဉ် သူ့နောက်ကို ဂွါကြီးရောက်လာတော့ ကလော့ပ်ရဲ့အူနှိပ်ရမတက်တုံ့ပြန်ပုံ

photo-sportbible

photo-gettyimages

ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့က ယူအီးအက်ဖ်အေဌာနချုပ်မှာကျင်းပခဲ့တဲ့ ထိပ်တန်းနည်းပြတွေရဲ့တွေ့ဆုံဆွေးနွေးပွဲကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနည်းပြတွေဖြစ်ကြတဲ့ ဂျာဂင်ကလော့ပ်နဲ့ ဂွါဒီယိုလာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမတိုင်ခင် မီဒီယာတွေနဲ့ အင်တာဗျူးမှာ သူ့နောက်ကို ဂွါဒီယိုလာရောက်လာတာမြင်သွားပြီးတဲ့နောက် ကလော့ပ်ရဲ့တုံ့ပြန်ပုံကတော့ ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေအတွက် အူနှိပ်ရမတက်ရယ်စရာကောင်းနေပါတယ်။

photo-gettyimages

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ လီဗာပူူးဟာ အန်ဖီးလ်မှာ မန်စီးတီးကို ၃-၁ နဲ့အနိုင်ရပြီး ဇယားထိပ်မှာ ၈ မှတ်ဖြတ်ဦးဆောင်နေကာ ဂွါဒီယိုလာရဲ့အသင်းကိုလည်း ပူပူနွေးနွေး ၉ မှတ်ဖြတ်ထားတာပါ။ အဲဒီပွဲမှာ လက်ထိဘောတွေ ပင်နယ်တီမပေးတာနဲ့ပတ်သက်လို့ ဂွါဒီယိုလာတစ်ယောက် ဘယ်လောက်ပေါက်ကွဲခဲ့တယ်ဆိုတာကိုလည်း ကလော့မြင်ထားပြီးသားပါ။ နည်းပြတွေစုံညီခြင်းမရှိခင် သတင်းထောက်တစ်ယောက်က ”ဒီယူအီးအက်ဖ်အေဆွေးနွေးပွဲမှာ ဂွါဒီယိုလာနဲ့စကားပြောသေးလား”လို့ မေးမြန်းတော့ ကလော့ပ်က ”ဒါပေါ့ ကျွန်တော်တို့ စကားပြောကြတာပေါ့ဗျာ။ ဘာကြောင့် စကားမပြောရမှာလဲ။ ကျွန်တော်တို့အမြဲစကားပြောဖြစ်ပါတယ်”လု့ိ ပြန်ဖြေခဲ့ပါတယ်။

photo-social media

အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် သူ့နောက်မှာ ဂွါဒီယိုလာရှိတာကို မြင်လိုက်ပြီးတဲ့နောက် ကလော့ပ်ဟာ ချက်ချင်းပဲ အသံတိုးလိုက်ပြီး ”ဂွါဒီယိုလာ လာနေပြီဗျ”လို့ ပြောကာ ရှောင်ထွက်ပြေးသွားပါတယ်။ နောက်နောက်ပြောင်ပြောင်ပုံစံနဲ့ ကလော့ပ်ဟာ အင်တာဗျူးကနေ ထွက်ပြေးသွားတာပါ။ တကယ်ကို မျက်နှာပြောင်တဲ့နည်းပြတစ်ယောက်ပါပဲ။

[Zawgyi]

ဂြါႀကီးအေၾကာင္း ဗ်ဴးခံရစဥ္ သူ႔ေနာက္ကို ဂြါႀကီးေရာက္လာေတာ့ ကေလာ့ပ္ရဲ႕အူႏိွပ္ရမတက္တုံ႔ျပန္ပုံ

ဆြစ္ဇာလန္ႏုိင္ငံ၊ နီယြန္ၿမိဳ႕က ယူအီးအက္ဖ္ေအဌာနခ်ဳပ္မွာက်ငး္ပခဲ့တဲ့ ထိပ္တန္းနည္းျပေတြရဲ႕ေတြ႕ဆုံေဆြးေႏြးပြဲကို ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးနည္းျပေတြျဖစ္ၾကတဲ့ ဂ်ာဂင္ကေလာ့ပ္နဲ႔ ဂြါဒီယိုလာတို႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။ အဲဒီေဆြးေႏြးပြဲမတိုင္ခင္ မီဒီယာေတြန႔ဲ အင္တာဗ်ဴးမွာ သူ႔ေနာက္ကို ဂြါဒီယိုလာေရာက္လာတာျမင္သြားၿပီးတဲ့ေနာက္ ကေလာ့ပ္ရဲ႕တုံ႔ျပန္ပုံကေတာ့ ဆုိရွယ္မီဒီယာထက္မွာ ပရိသတ္ေတြအတြက္ အူႏွိပ္ရမတက္ရယ္စရာေကာင္းေနပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔ကမွ လီဗာပူူးဟာ အန္ဖီးလ္မွာ မန္စီးတီးကို ၃-၁ နဲ႔အႏိုင္ရၿပီး ဇယားထိပ္မွာ ၈ မွတ္ျဖတ္ဦးေဆာင္ေနကာ ဂြါဒီယိုလာရဲ႕အသင္းကိုလည္း ပူပူေႏြးေႏြး ၉ မွတ္ျဖတ္ထားတာပါ။ အဲဒီပြဲမွာ လက္ထိေဘာေတြ ပင္နယ္တီမေပးတာနဲ႔ပတ္သက္လုိ႔ ဂြါဒီယိုလာတစ္ေယာက္ ဘယ္ေလာက္ေပါက္ကြဲခဲ့တယ္ဆိုတာကိုလည္း ကေလာ့ျမင္ထားၿပီးသားပါ။ နည္းျပေတြစုံညီျခင္းမရွိခင္ သတင္းေထာက္တစ္ေယာက္က ”ဒီယူအီးအက္ဖ္ေအေဆြးေႏြးပြဲမွာ ဂြါဒီယိုလာနဲ႔စကားေျပာေသးလား”လို႔ ေမးျမန္းေတာ့ ကေလာ့ပ္က ”ဒါေပါ့ ကၽြန္ေတာ္တို႔ စကားေျပာၾကတာေပါ့ဗ်ာ။ ဘာေၾကာင့္ စကားမေျပာရမွာလဲ။ ကၽြန္ေတာ္တို႔အၿမဲစကားေျပာျဖစ္ပါတယ္”လု႔ိ ျပန္ေျဖခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ တိုက္တုိက္ဆိုင္ဆိုင္ သူ႔ေနာက္မွာ ဂြါဒီယိုလာရွိတာကို ျမင္လိုက္ၿပီးတဲ့ေနာက္ ကေလာ့ပ္ဟာ ခ်က္ခ်င္းပဲ အသံတိုးလိုက္ၿပီး ”ဂြါဒီယိုလာ လာေနၿပီဗ်”လို႔ ေျပာကာ ေရွာင္ထြက္ေျပးသြားပါတယ္။ ေနာက္ေနာက္ေျပာင္ေျပာင္ပုံစံနဲ႔ ကေလာ့ပ္ဟာ အင္တာဗ်ဴးကေန ထြက္ေျပးသြားတာပါ။ တကယ္ကို မ်က္ႏွာေျပာင္တဲ့နည္းျပတစ္ေယာက္ပါပဲ။