ဂျော်ဂျီနာနဲ့ လျှို့ဝှက်လက်ထပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကို ရော်နယ်ဒို ငြင်းဆန်

Photo Credit

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက မော်ရိုကိုနိုင်ငံမှာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ လျှို့ဝှက်ခဲ့တယ်ဆိုတဲ့သတင်းတွေက မဟုတ်မှန်ကြောင်း ဖြေရှင်းချက်ထုတ်သွားပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ မကြာသေးခင်က မော်ရိုကိုနိုင်ငံကို ခရီးထွက်ခဲ့ရာမှာ ဂျော်ဂျီနာနဲ့ လျှို့ဝှက်မင်္ဂလာဆောင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit

အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဂျော်ဂျီနာနဲ့ဒိတ်လုပ်လာတာ ၄နှစ်ရှိနေပြီဖြစ်ပြီး အနာဂတ်မှာ ဂျော်ဂျီနာကို လက်ထပ်ယူဖို့ အစီအစဉ်လည်းရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မေလအတွင်း မော်ရိုကိုနိုင်ငံမှာ လျှို့ဝှက်လက်ထပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုတော့ ငြင်းဆန်သွားပါတယ်။

Photo Credit

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Novela 2000 က ”သြဂုတ်လ ၂၉ရက်နေ့မှာ လက်ထပ်ပွဲကျင်းပခဲ့တာပါ။ အဲဒီနေ့မှာ ခရစ္စတီယာနိုဟာ သူ့ရှေ့နေတွေနဲ့အတူ မိုင်ဒါရာကို သွားရောက်ခဲ့ပြီး ဂျော်ဂျီနာကို ကာကွယ်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ သူ့အမေ ဒိုလိုရက်စ်ကိုလည်း သွားရောက်ခွင့်တောင်းခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Photo Credit

စက်တင်ဘာလအတွင်း ပီးယားမော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ရော်နယ်ဒိုက ”ဂျော်ဂျီနာက ကျွန်တော့်ကို အများကြီးကူညီပါတယ်။ ပြီးတော့ သူ့ကိုလည်း ချစ်ပါတယ်။ တစ်နေ့မှာတော့ ကျွန်တော်တို့နှစ်ယောက် လက်ထပ်ဖြစ်မှာသေချာပါတယ်။ ဒါက ကျွန်တော့်အမေရဲ့အိပ်မက်လည်းဖြစ်ပါတယ်”

Photo Credit

”သူက ကျွန်တော့်ရဲ့သူငယ်ချင်းကောင်းတစ်ဦးလည်းဖြစ်ပြီး အိမ်မှာဆိုရင် စကားတွေပြောဖြစ်ပါတယ်။ ကျွန်တော်က သူ့အတွက် နှလုံးသားတံခါးဖွင့်ပေးထားသလို သူကလည်း အဲဒီအတိုင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ဂျော်ဂျီနာက သူလည်း ရော်နယ်ဒိုနဲ့ လက်ထပ်လိုတယ်လို့ အရင်က ဖွင့်ဟခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ကွဲပြားခြားနားတဲ့တာဝန်ယူမှုတွေရှိနေပြီလို့ ဆိုပါတယ်။

Photo Credit

Zawgyi

ေဂ်ာ္ဂ်ီနာနဲ႔ လွ်ိဳ႕၀ွက္လက္ထပ္ခဲ့တယ္ဆိုတဲ့သတင္းေတြကို ေရာ္နယ္ဒို ျငင္းဆန္

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုက ေမာ္႐ိုကိုႏိုင္ငံမွာ အတူေနခ်စ္သူ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္နဲ႔ လွ်ိဳ႕၀ွက္ခဲ့တယ္ဆုိတဲ့သတင္းေတြက မဟုတ္မွန္ေၾကာင္း ေျဖရွင္းခ်က္ထုတ္သြားပါတယ္။ ဗုဒၶဟူးေန႔အေစာပိုင္းက ထြက္ေပၚခဲ့တဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုဟာ မၾကာေသးခင္က ေမာ္႐ိုကိုႏိုင္ငံကို ခရီးထြက္ခဲ့ရာမွာ ေဂ်ာ္ဂ်ီနာနဲ႔ လွ်ိဳ႕၀ွက္မဂၤလာေဆာင္ခဲ့တယ္လုိ႔ သိရပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ ေဂ်ာ္ဂ်ီနာနဲ႔ဒိတ္လုပ္လာတာ ၄ႏွစ္ရွိေနၿပီျဖစ္ၿပီး အနာဂတ္မွာ ေဂ်ာ္ဂ်ီနာကို လက္ထပ္ယူဖို႔ အစီအစဥ္လည္းရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ ေမလအတြင္း ေမာ္႐ိုကိုႏိုင္ငံမွာ လွ်ိဳ႕၀ွက္လက္ထပ္ခဲ့တယ္ဆုိတဲ့သတင္းေတြကိုေတာ့ ျငင္းဆန္သြားပါတယ္။
အီတလီသတင္းဌာနတစ္ခုျဖစ္တဲ့ Novela 2000 က ”ၾသဂုတ္လ ၂၉ရက္ေန႔မွာ လက္ထပ္ပဲြက်င္းပခဲ့တာပါ။ အဲဒီေန႔မွာ ခရစၥတီယာႏိုဟာ သူ႕ေရွ႕ေနေတြနဲ႔အတူ မုိင္ဒါရာကို သြားေရာက္ခဲ့ၿပီး ေဂ်ာ္ဂ်ီနာကို ကာကြယ္ေပးမယ္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ၿပီးေတာ့ သူ႕အေမ ဒိုလုိရက္စ္ကိုလည္း သြားေရာက္ခြင့္ေတာင္းခဲ့ပါတယ္”လုိ႔ ေရးသားခဲ့ပါတယ္။
စက္တင္ဘာလအတြင္း ပီးယားေမာ္ဂန္နဲ႔ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက ”ေဂ်ာ္ဂ်ီနာက ကၽြန္ေတာ့္ကို အမ်ားႀကီးကူညီပါတယ္။ ၿပီးေတာ့ သူ႕ကိုလည္း ခ်စ္ပါတယ္။ တစ္ေန႔မွာေတာ့ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ လက္ထပ္ျဖစ္မွာေသခ်ာပါတယ္။ ဒါက ကၽြန္ေတာ့္အေမရဲ႕အိပ္မက္လည္းျဖစ္ပါတယ္”
”သူက ကၽြန္ေတာ့္ရဲ႕သူငယ္ခ်င္းေကာင္းတစ္ဦးလည္းျဖစ္ၿပီး အိမ္မွာဆိုရင္ စကားေတြေျပာျဖစ္ပါတယ္။ ကၽြန္ေတာ္က သူ႕အတြက္ ႏွလုံးသားတံခါးဖြင့္ေပးထားသလုိ သူကလည္း အဲဒီအတုိင္းပါပဲ”လုိ႔ ေျပာၾကားခ့ဲပါတယ္။ ေဂ်ာ္ဂ်ီနာက သူလည္း ေရာ္နယ္ဒိုနဲ႔ လက္ထပ္လုိတယ္လုိ႔ အရင္က ဖြင့္ဟခဲ့ဖူးေပမယ့္ အခုခ်ိန္မွာေတာ့ ကြဲျပားျခားနားတဲ့တာ၀န္ယူမႈေတြရွိေနၿပီလုိ႔ ဆုိပါတယ္။